Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all articles
Browse latest Browse all 18345

တာချီလိတ်၌ အခြေခံဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး ပြည်သူများပါဝင်သည့် လက်မှတ်ရေးထိုးပွဲကို ရက်ပေါင်း ၅၄ ရက်တိတိ ပြုလုပ်မည်

$
0
0
၂၀၀၈ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ-၄၃၆ ကို ပြင်ဆင်ရေးအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးပွင့်လင်းလူ့အဖွဲ့အစည်းတို့ ပူးပေါင်းပြီး ပြည်နယ် နှင့် တိုင်းဒေသကြီး အသီးသီးတို့တွင် ပြည်သူလူထုတို့ ပူးပေါင်းပါဝင်သည့် လက်မှတ်ရေးထိုးမှုများကို မေလ(၂၇)ရက်နေ့မှ စ၍ ရက်ပေါင်း (၅၄)ရက်တိတိ ပြည့်သည့် ဇူလိုင်လ(၁၉)ရက်နေ့ထိ ပြုလုပ်မှာဖြစ်ရာ ရှမ်းပြည်နယ် အရှေ့ပိုင်း တာချီလိတ်ခရိုင်၊ တာချီလိတ်မြို့နယ်တွင် မေလ(၂၇)ရက်နေ့မှ စ၍ ဇူလိုင်(၁၉)ရက်နေ့ထိ ပြည်သူလူထု၏ လက်မှတ် ရေးထိုးပွဲကို မြို့ပေါ်ရပ်ကွက်များနှင့် ကျေးလက်ဒေသများတွင်လည်း ပြုလုပ်သွားမှာ ဖြစ်ကြောင်း သိရသည်။
( လက်ကမ်းကြော်ငြာ )

ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ-၄၃၆ ကို ပြင်ဆင်ရေးအတွက် ပြည်သူလူထု၏ လက်မှတ်များကို စုဆောင်းရယူရာတွင် တစ်အိမ်တက် တစ်အိမ်ဆင်း လက်မှတ်ရယူခြင်းမျိုး မဟုတ်ပဲ အဆိုပါ ပုဒ်မကို ပြင်ဆင်ရန်လိုလားသူ ပြည်သူများ အနေဖြင့် လက်မှတ်ရေးထိုးနိုင်မည့် သတ်မှတ် နေရာများတွင် လက်မှတ်ရေးထိုးရမှာဖြစ်ရာ လက်မှတ်ရေးထိုးရန်အတွက် စာအုပ်များကို တာချီလိတ်မြို့နယ်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံး အပါအ၀င် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ရပ်/ကျေးရုံးများတွင်လည်း ထားရှိ ထားမည်ဖြစ်ပြီး အဆိုပါ နေရာများသို့ သွားရောက်၍ မိမိတို့ ဆန္ဒအရ လက်မှတ်ရေးထိုးနိုင်မှာဖြစ်ကြောင်း သိရသည်။

( တာချီလိတ်၌ လက်မှတ်ထိုးနိုင်မည့် နေရာများ )

ပြည်သူများ ပူးပေါင်းပါဝင် လက်မှတ်ရေးထိုးနိုင်ရန်အတွက် "လက်မှတ်ရေးထိုးမှုကိုတော့ သတ်မှတ်ထားတဲ့ ရက်အတွင်း ပိတ်ရက်မရှိ နံနက်(၈)နာရီက စတင်ပြီး ညပိုင်းအချိန်ထိ စီစဉ်ထားပါတယ်၊  နေ့ပိုင်း အလုပ်လုပ်တဲ့ အလုပ်သမားတွေလည်း လက်မှတ်ရေးထိုးနိုင်အောင်လို့ အချိန်ကို ညပိုင်းအထိ သတ်မှတ်ထားတာပါ၊ ထိုင်းနိုင်ငံ မယ်ဆိုင်ဘက်က မြန်မာအလုပ်သမားတွေလည်း လက်မှတ်လာထိုးလို့ ရပါတယ်"ဟု တာချီလိတ်မြို့နယ် NLD အတွင်းရေးမှူး ဦးခင်မောင်တင့်က တာချီလိတ်အွန်လိုင်းသို့ ပြောပြသည်။

၂၀၀၈ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ-၄၃၆ ကို ပြင်ဆင်ရေးအတွက် ပူးပေါင်းပါဝင် လက်မှတ်ရေးထိုးမည့် သူများအနေဖြင့် မြန်မာနိုင်ငံသားဖြစ်ရမှာ ဖြစ်ကြောင်း၊ အသက်(၁၈)နှစ် ပြည့်ပြီးသူဖြစ်ရမှာ ဖြစ်ကြောင်း၊ စိတ်ပေါ့သွပ်သူ မဖြစ်ရကြောင်း နှင့် မိမိဆန္ဒနှင့် လွတ်လပ်စွာ လက်မှတ်ရေးထိုးသူဖြစ်ရမှာ ဖြစ်ကြောင်း စသည်ဖြင့် သတ်မှတ်ထားကြောင်း သိရသည်။

တာချီလိတ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် အဆိုပါ လက်မှတ်ရေးထိုးမှုများကို တာချီလိတ်မြို့ပေါ်နှင့် မြို့နယ်ခွဲများ၊ ကျေးလက်များတွင်လည်း ပြည်သူများ လွတ်လပ်စွာ လက်မှတ်ရေးထိုးနိုင်ရန် အတွက် စီစဉ်သွားမှာဖြစ်ကြောင်း သိရှိရသည်။
သတင်း။   ။ ကိုဇောင်း

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

Viewing all articles
Browse latest Browse all 18345

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>