
အဆိုပါ စခန်းနှစ်ခုအနက် ဦးစွာပထမ ဟောင်လိတ်ရဲကင်းစခန်းကို ဖွင့်လှစ်ရာတွင် တာချီလိတ်(အခြေချ) စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ဇော်နိုင်ဦး၊ ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ၀င်းထွန်း နှင့် ပြည်နယ် ဒုတိယရဲတပ်ဖွဲ့မှူး(ကျိုင်းတုံ) ဒုရဲမှူးကြီး ကျော်ထွန်းတို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြပြီး စခန်း၏ ဆိုင်းဘုတ်အား ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ၀င်းထွန်း မှ စက်ခလုတ်နိပ်၍ ဖွင့်လှစ်ပေးခဲ့ကြသည်။
ဆက်လက်၍ နိုင်ငံတော်အလံလွှင့်တင်ခြင်း နှင့် အလေးပြုခြင်း အခမ်းအနားကို ကျင်းပခဲ့ကြပြီး စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ဇော်နိုင်ဦး၊ ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ၀င်းထွန်း နှင့် ပြည်နယ် ဒုတိယရဲတပ်ဖွဲ့မှူး(ကျိုင်းတုံ) ဒုရဲမှူးကြီး ကျော်ထွန်းတို့မှ စခန်းဖွင့်ပွဲ အမှတ်တရအနေဖြင့် ကံကော်ပင်များကို စိုက်ပျိုးခဲ့ကြသည်။
ဟောင်လိတ်ရဲကင်းစခန်းဖွင့်ပွဲ ပြီးသည့်နောက်တွင် အဆိုပါအဖွဲ့တို့သည် ထိုင်း - လာအိုနိုင်ငံတို့နှင့် အနီးစပ်ဆုံးဖြစ်သည့် တာချီလိတ်မြို့နယ် မိုင်းဖုန်းကျေးရွာအုပ်စုရှိ ၀မ်ပုံနယ်မြေရဲစခန်းသစ်အား ဖွင့်ပွဲအဖြစ် အထက်ပါအတိုင်း ဖဲကြိုးဖြတ်ဖွင့်လှစ်ခြင်း၊ စခန်းဆိုင်းဘုတ်အား ကြိုးဆွဲဖွင့်လှစ်ခြင်း၊ အလံတင်အလေးပြုခြင်း နှင့် အမှတ်တရ သစ်ပင်စိုက်ပျိုးခြင်း စသည်တို့ဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြသည်။
တာချီလိတ်မြို့ပေါ်တွင် မြို့မရဲစခန်း၊ ဟောင်လိတ်ရဲကင်းစခန်း နှင့် ၀မ်ပုံနယ်မြေရဲစခန်းအပြင် တာချီလိတ်ခရိုင်အတွင်းရှိ မြို့နယ်ခွဲတို့တွင်လည်း ဖွင့်လှစ်ထားရှိပြီးဖြစ်သည်။
သတင်း။ ။ ကိုဇောင်း
ပုံများကိုကြည့်ရန်
48 photos
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
web: www.tachileik.net
Facebook: www.fb.com/TachileikNews
Youtube: www.youtube.com/ TachileikNews
Email: tachileik@tachileik.net