Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all articles
Browse latest Browse all 18345

လားဟူတိုင်းရင်းသားရေးရာဝန်ကြီးနှင့် အဖွဲ့မှ မိုင်းယောင်းမြို့နယ်သို့ သွားရောက်

$
0
0

မိုင်းယောင်းမြို့နယ် မုန်းလိုက်ကျေးရွာအုပ်စု၊ ရှေခင်ရွာသို့ ဧပြီလ(၂၃)ရက်နေ့ လားဟူတိုင်းရင်းသားရေးရာဝန်ကြီး ဦးရှာမွေလှရှဲန်နှင့် ပြည်ခိုင်ဖြိုးပါတီမှ လွှတ်တော်ကိုယ်စားလှယ်များနှင့် ပါတီဝင်များသွားရောက်ပြီး အဆိုပါ ကျေးရွာ၌ လိုအပ်နေသည်ဖြစ်သော ရေပိုက်များ၊ သွပ်များ၊ ဘိလပ်မြေများကို အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဝီလ်ဆင်မိုး နှင့် မိသားစုတို့မှ လှူဒါန်းမှုများ ပြုလုပ်ကြကြောင်း သတင်းရရှိသည်။


အဆိုပါမြို့နယ်ရှိ ကျေးရွာများသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် လားဟူတိုင်းရင်းသားရေးရာဝန်ကြီး ဦးရှာမွေလှရှဲန် နှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစတီဗင် အပါအ၀င် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဝီလ်ဆင်မိုး၊ ပြည်နယ်ပြည်ခိုင်ဖြိုးပါတီ ကော်မတီဝင် ဦးထွန်းရွှေ၊ မိုင်းဖြတ်ခရိုင် အတွင်းရေးမှူး ဦးအားကို နှင့်ခရိုင်/မြို့နယ်ကော်မတီဝင်များ၊   တာချီလိတ်မြို့နယ်အတွင်းရေးမှူး    ဦးစိုင်းရွှေထွန်း၊            မိုင်းယောင်းမြို့နယ်အတွင်းရေးမှူး ဦးစိုင်းအောင်ခမ်း  နှင့် မြို့နယ်ကော်မတီအဖွဲ့များ လိုက်ပါပြီး မိုင်းယောင်းမြို့နယ်နှင့် မိုင်းယုမြို့နယ်ခွဲအတွင်းရှိ    ကျေးရွာများသို့ သွားရောက်ပြီး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်းသိရှိရသည်။

   တွေ့ဆုံပွဲတွင် မိုင်းယောင်းမြို့နယ်၊ မုန်းလိုက်ကျေးရွာအုပ်စု၊ ရှေခင်ရွာတွင် ကျေးရွာသူကြီး၊ ရွာသူရွာသား များဖြင့်တွေ့ဆုံရာတွင် ကျေးရွာမှ ရေရရှိရေးအတွက် လိုအပ်နေသည့် (၁)လက်မရေပိုက်    (၅၀၀)ချောင်း၊ (၂) လက်မရေပိုက်(၅၀)ချောင်း၊ (၃)လက်မရေပိုက်(၂၀)ချောင်း၊ (၄)လက်မရေပိုက်(၂၀)ချောင်းတို့နှင့် ဘုရားကျောင်း တည်ဆောက်ရန်အတွက် လိုအပ်နေသည့်  ဘိလပ်မြေ(၂၀၀)အိတ်၊         သွပ်(၁၀၀)ချပ်တို့အား အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝီလ်ဆင်မိုး နှင့် မိသားစုမှလှူဒါန်းခြင်းများဆောင်ရွက်ခဲ့ပြီး ကျေးရွာမှတင်ပြခဲ့သော   စာသင်ကျောင်းတည်ဆောက်ရေး၊နမ့်ယွန်းတံတား တည်ဆောက်ရေးလုပ်ငန်းများအား ပြည်နယ်အစိုးရထံ တင်ပြပြီး လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ပေးသွားမှာ ဖြစ်ကြောင်းသိရသည်။

      ဆက်လက်ပြီး လားဟူတိုင်းရင်းသားရေးရာဝန်ကြီး ဦးရှာမွေလှရှဲန် ဦးဆောင်သည့် ကွင်းဆင်းအဖွဲ့သည် မိုင်းယုမြို့နယ်ခွဲသို့သွားရောက်ကာ မြို့နယ်ခွဲပါတီကော်မတီဝင်များနှင့်အတူ ၀မ်စလီရွာသို့သွားရောက်ပြီး ကျေးရွာသူကြီးနှင့်အတူ ရွာသူရွာသားများဖြင့်တွေ့ဆုံခဲ့ပါသည်၊ ၀မ်စလီကျေးရွာကိုယ်ထူကိုယ်ထ စာသင်ကျောင်းအတွက် လိုအပ်နေသော သွပ်(၁၆၀)ချပ်အတွက် တန်ဘိုးငွေ  (၄၇၀၀၀၀)ကျပ်အား အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝီလ်ဆင်မိုး နှင့် မိသားစုမှ လှူဒါန်းပေးခြင်းများဆောင်ရွက်ခဲ့ကြောင်းသိရှိရသည်။

   ထို့နောက် ကွင်းဆင်းအဖွဲ့သည်    မိုင်းယောင်းမြို့မှ       တာချီလိတ်သို့ညနေ(၁၈း၀၀)အချိန် ပြန်လည်  ရောက်ရှိခဲ့ကြောင်းသတင်းရရှိသည်။





Viewing all articles
Browse latest Browse all 18345

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>