Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all articles
Browse latest Browse all 18345

မဇ္ဈိမလူမှုကူညီရေးအသင်းမှ ကျင်းပသည့် ဦးကျော်သူ ၏ ပရဟိတပညာပေး ဟောပြောပွဲ

$
0
0
မဇ္ဈိမလူမှုကူညီရေးအသင်းမှ ဒုတိယအကြိမ်အဖြစ် ပရဟိတပညာပေး ဟောပြောပွဲကို ဧပြီလ(၂၁)ရက်နေ့ ည(၈)နာရီက နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ဥက္ကဌ ဦးကျော်သူ နှင့် စာရေးဆရာ အလင်းဆက်(IR)တို့ဖြင့် ကျင်းပခဲ့ကြကြောင်း သိရသည်။



အဆိုပါ ပရဟိတပညာပေး ဟောပြောပွဲသို့ ဖိတ်ကြားထားသော လူမှူရေးအသင်းအဖွဲ့များ နှင့် ဧည့်သည်တော် အများအပြားလာရောက်ကြတာကို တွေ့ရပြီး လာရောက်သူများကို မဇ္ဈိမလူမှုကူညီရေးအသင်း၏ ရန်ပုံငွေအဖြစ် နာရေးကူညီမှူအသင်း(ရန်ကုန်)မှ တံဆိပ်ရိုက်နိပ်ထားသော တီချပ်များ၊ ပြက္ခဒိန်များ နှင့် မဇ္ဈိမလူမှုကူညီရေးအသင်းမှ အသင်းဆောင်ပုဒ်ဖြင့် ဦးကျော်သူအား ဂုဏ်ပြုရိုက်နိပ်ထားသော တီချပ်များ ရောင်းချပေးနေသည်များကိုလည်း တွေ့ရသည်။



ဟောပြောပွဲကို ည(၈)နာရီမှာ စတင်ခဲ့ပြီး တာချီလိတ်မြို့ရှိ  လူငယ်(၆)ဦးမှ နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ဥက္ကဌ ဦးကျော်သူ နှင့် စာရေးဆရာ အလင်းဆက်တို့အား ဂုဏ်ပြုသော အားဖြင့် B-Boy အက များဖြင့် ကပြဖျော်ဖြေသွားခဲ့ကြပြီး မဇ္ဈိမလူမှုကူညီရေးအသင်း၏ ဥက္ကဌဖြစ်သူ ဦးတင့်ဆွေမှ အသင်း၏ လုပ်ဆောင်ပြီးခဲ့သမျှ မှတ်တမ်းအကျဉ်းအား ဖတ်ကြားသွားခဲ့ပြီး နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ဥက္ကဌ ဦးကျော်သူ မှ ပထမဟောပြောပြီး စာရေးဆရာ အလင်းဆက်မှ ဆက်လက်ဟောပြောခဲ့ကြသည်။

( ဦးကျော်သူတို့အဖွဲ့အား ဂုဏ်ပြုသော B-Boy အက )

ဦးကျော်သူနှင့်အဖွဲ့တို့သည် မတ်လ(၂၀)ရက်နေ့က ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့၌ ဟောပြောမှုများပြုလုပ်ခဲ့ပြီး ဧပြီလ(၂၁) ရက်နေ့မှာ တာချီလိတ်မြို့သို့ ရောက်ရှိလာခြင်းဖြစ်သည်။

ပုံများကိုကြည့်ရန်




Viewing all articles
Browse latest Browse all 18345

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>