Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all articles
Browse latest Browse all 18345

နိုင်ငံ(၁၂)နိုင်ငံမှ သံတမန်များ တာချီလိတ်မြို့သို့ အလည်အပတ် လာရောက်

$
0
0
သင်္ကြန်အတက်နေ့ ဧပြီလ(၁၆)ရက်နေ့ ညနေ(၄)နာရီက တာချီလိတ်မြို့သို့ နိုင်ငံခြားရေးဝန်ကြီး၊ ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင် ဦးဆောင်သည့် နိုင်ငံ(၁၂)နိုင်ငံမှ သံတမန်အဖွဲ့ဝင်များနှင့် မိသားစုများ အပါအ၀င်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးအောင်သူ နှင့် အဖွဲ့  ICRC, UNHCR, UNRCမှ တာဝန်ရှိ ပုဂ္ဂိုလ်များ စုစုပေါင်း(၃၉)ဦးတို့သည် ကျိုင်းတုံမြို့မှ ရောက်ရှိလာခဲ့ကြသည်။


သင်္ကြန်ကာလအတွင်းမှာ ရောက်ရှိလာကြသော နိုင်ငံခြားရေးဝန်ကြီး၊ ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင် ဦးဆောင်သည့်  နိုင်ငံ(၁၂)နိုင်ငံမှ သံတမန်အဖွဲ့ဝင်များနှင့် မိသားစုများ အပါအ၀င်၊ ICRC, UNHCR, UNRCမှ တာဝန်ရှိ ပုဂ္ဂိုလ်များ၊  ရှမ်းပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေး နှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးအောင်သူ နှင့် အဖွဲ့  စုစုပေါင်း(၃၉)ဦးအား တာချီလိတ်လေဆိပ်၌  တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးသောင်းတင်ထွေး ဦးဆောင်သော ခရိုင်/မြို့နယ် ဌာနဆိုင်ရာများ၊ ဒေသခံ တိုင်းရင်းသားများ၊ ရှမ်း/အာခါ စာပေနှင့်ယဉ်ကျေးမှုအဖွဲ့ဝင်များ၊ ဒေသခံများက လှိုက်လှဲပျူငှာစွာ ခရီးဦး ကြိုဆိုခဲ့ကြသည်။

လေဆိပ်မှ ထွက်ခွာလာသော အဆိုပါအဖွဲ့တို့သည် မြန်မာ-ထိုင်း ချစ်ကြည်ရေး အမှတ်(၁) တံတား နှင့် တာလော့ဈေးသို့ ၀င်ရောက် လှည့်လည် ကြည့်ရှု့လေ့လာခဲ့ကြပြီး ၎င်းတို့ တည်းခိုမည့် အလူရာဟိုတယ်သို့ ဦးတည်ခဲ့ကြသည်။


ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင် ဦးဆောင်သည့် အဖွဲ့တို့သည် ဧပြီလ(၁၇)ရက်နေ့ နံနက်(၇)နာရီခန့်က ၎င်းတို့ တည်းခိုရာ ဟိုတယ်မှ ထွက်ခွာလာပြီး တာချီလိတ်မြို့၏ အထင်ကရနေရာတစ်ခုဖြစ်သော ရွှေတြိဂံဒေသ( မြန်မာ-ထိုင်း-လာအို )သို့ သွားရောက်ကာ သဘာဝရှုခင်းများ၊  မြန်မာ-ထိုင်း-လာအိုစသည့် သုံးနိုင်ငံကို ညွှန်းဆိုလျှက်ရှိသည့် မဲခေါင်မြစ်၏  မြစ်ရေစီးကြောင်းအလှ စသည့် သဘာဝရှုခင်းများကို ကြည့်ရှု မှတ်တမ်းတင်ကြပြီး ပါရာဒိုက် ဟိုတယ်၌ ခေတ္တနားကာ တာချီလိတ်မြို့ဘက်သို့ ထွက်ခွာခဲ့ကြသည်။


အဆိုပါအဖွဲ့သည် တာချီလိတ်မြို့သို့ ပြန်လည်ရောက်ရှိလာပြီး တာလော့ဈေးသို့ဝင်ကာ ဈေးဝယ်ခြင်း လှည့်လည်ခြင်းများ ပြုလုပ်ခဲ့ကြပြီးနောက် နံနက်(၁၀း၃၀)နာရီခန့်တွင် တာချီလိတ်လေဆိပ်သို့ ရောက်ရှိလာကြပြီး ဟဲဟိုသို့ ပြန်လည်ထွက်ခွာသွားကြောင်း သိရသည်။

ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်နှင့်အဖွဲ့တို့သည် ဧပြီလ(၁၅)ရက်နေ့က ကျိုင်းတုံမြို့သို့ ရောက်ရှိပြီး ကျိုင်းတုံမြို့မဈေး၊ သစ်တစ်ပင်တောင်၊ မြို့ရိုး၊ နောင်တုံကန်၊ အာခါ/လားဟူတိုင်းရင်းသားများ၏ ရိုးရာယက်ကန်းလုပ်ငန်းအား သွားရောက်ကြည့်ရှုလေ့လာခဲ့ကြပြီး ဧပြီလ(၁၆)ရက် နံနက်ပိုင်း၌ မိုင်းလားမြို့သို့ သွားရောက်ကာ လေ့လာမှုများပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

ပုံများကိုကြည့်ရန်


Viewing all articles
Browse latest Browse all 18345

Trending Articles


၂၀၁၆ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ အောင်စာရင်းထုတ်ပြန်


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


အရက်ဖိုးတောင်းသည့် ခင်ပွန်းအား ဇနီးမှ ဓားဖြင့်ထိုး၍ တောင်ကြီး၌ လူသတ်မှုဖြစ်ပွား


မြန်မာတွေ ကြည့်ရှု အဆင်ပြေမယ့် ဇာတ်ကား ရိုက်ကူးတယ် ဆိုသူ စံရတီမိုးမြင့်


ဆားပုလင်းနှင်းမောင်၏ နိဂုံး


မောင်စွမ်းရည် ● ဂျပန်စကားသင် ကျောင်းသား မောင်ဘဂျမ်း


မြတ်ကေသီအောင် ပုံအား မှတ်ချက်ပေးကြသူများ


ဂျူးပင် စိုက်ပျိုးနည်း


သာကူ⁠ပြင် ⁠ပြုလုပ်နည်း



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>