Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all articles
Browse latest Browse all 18345

တာချီလိတ်၌ တောင်ယာ တောမီးရှို့မှုများကြောင့် မီးခိုး မြူခိုးများ ဖုံးလွှမ်းနေ

$
0
0
            နွေရာသီ တောင်ယာ တောမီးရှို့သည့် ကာလကို ရောက်သည့်အခါတိုင်း၌ တာချီလိတ်မြို့တွင် မီးခိုး မြူခိုးများကြောင့် မြို့အတွင်း မီးခိုး မြူခိုး ဖုံးလွှမ်းမှုများကို အကြီးမားဆုံး ဖုံးလွှမ်းမှုအဖြစ် ၂၀၁၃ခုနှစ် ဧပြီလ အစက စတင်၍ ပထမအကြိမ်အဖြစ် ဖြစ်ပွားခဲ့ရာ ယခုအခါ ၂၀၁၄ခုနှစ် မတ်လ (၁၉)ရက် ၀န်းကျင်မှစ၍ အနည်းငယ်သာ မီးခိုးမြူခိုးများ ရှိခဲ့ပြီး ယနေ့ မတ်လ(၂၁)ရက်နေ့ ယခု သတင်းရေးသားနေချိန် ညနေ (၃)နာရီ အချိန်ထိ မီးခိုးမြူခိုးများ ဖုံးလွှမ်းနေတာကို တွေ့ရှိရသည်။

( မြို့အ၀င် )

( မြို့တွင်းမြင်ကွင်း )

"မီးခိုး မြူခိုးတွေ များလာတော့ လေယာဉ်ခရီးစဉ်နဲ့ ခရီးသည်တွေကို စိုးရိမ်မိတယ်၊ အရင်နှစ်ကတော့ ဒီ့ထက်ပိုများတယ်၊ မီးခိုး၊ မြူခိုးတွေ အမြန်ပျောက်သွားပါစေလို့ မျှော်လင့်ပါတယ်၊"ဟု မြို့မိမြို့ဖ တစ်ဦးမှလည်း မီးခိုးများကြောင့် စိုးရိမ်မကင်းဖြင့် တာချီလိတ်အွန်လိုင်းသို့ ပြောလာသည်။

{ ရွှေတိဂုံစေတီ မြင်ကွင်း }

( မြို့တွင်းမြင်ကွင်း )

ယခင် ၂၀၁၃ခုနှစ်က ယခုလိုပင် မီးခိုး၊ မြူခိုးများ ဖုံးလွှမ်းမှုကြောင့် မျက်စိနာသည့် ရောဂါများ နှင့် အသက်ရှုကြပ်မှုများ ဖြစ်ပွားခဲ့ကြောင်းလည်း သိရသည်။

( ထိုင်းနိုင်ငံဘက် မြင်ကွင်း )

( အမှတ်[၁] ချစ်ကြည်ရေးတံတား မြင်ကွင်း )

"ဆိုင်ကယ်မောင်းတာတောင် သိသိသာသာပဲဗျာ မျက်စိတွေ စပ်လာတယ်၊ အသက်ရှုရတာ တစ်မျိုးကြီး ဖြစ်နေတယ်၊ အရင်နှစ်ကဆိုရင် မြူခိုးတွေက တော်တော်ကြာမှ ကင်းစင်သွားတယ်"ဟု အငှားဆိုင်ကယ်ပြေးဆွဲသူ တစ်ဦးကလည်း တာချီလိတ်အွန်လိုင်းသို့ မီးခိုး မြူခိုးများ ဖုံးလွှမ်းမှုနှင့် ပတ်သက်၍ ပြောလာသည်။

( မြို့တွင်းမြင်ကွင်း )

( လေယာဉ်ကွင်း )

( လေယာဉ်ကွင်း )

( မြို့တွင်းမြင်ကွင်း )

ယခုလို တောင်ယာတောမီးရှို့မှုများကြောင့် မီးခိုး မြူခိုးများ ဖုံးလွှမ်းမှုသည် ထိုင်းနိုင်ငံ ချင်းမိုင်ခရိုင် နှင့် ချင်းရိုင်းခရိုင်များတွင်လည်း ဖြစ်ပွားပြီး ထိုင်း - မြန်မာ နယ်စပ် တစ်လျှောက်တွင် မီးခိုးမှိုင်းများနှင့် ဖုန်မှုန့်များကြောင့် လေထုညစ်ညမ်းမှုများ ဖြစ်ပေါ်သည့်အပြင် နှစ်နိုင်ငံ အများပြည်သူတို့၏ ကျန်းမာရေး ထိခိုက်စေရုံသာမက လူသူသွားလာ လှုပ်ရှားမှုများတွင် အမြင်အာရုံကို ထိပါးစေနိုင်သည့်အတွက် တောမီးမရှို့စေရေးနှင့် တောမီးရှို့မှုတားဆီးရေးများကို ထိုင်း နှင့် မြန်မာတို့ ဆောင်ရွက်ကြသော်လည်း ယနေ့အချိန်ထိ ထိရောက်စွာ ဆောင်ရွက်နိုင်ခြင်း မရှိသည့်အတွက် နှစ်စဉ်လိုလိုပင် မီးခိုး မြူခိုးများ ဖုံးလွှမ်းမှုကို ပြည်သူအများ ခံကြရတာကို တွေ့ရှိရသည်။

ပုံများကိုကြည့်ရန်
မီးခိုး မြူခိုးများဖြင့် ဖုံးလွှမ်းနေသည့် တာချီလိတ်မြို့မြင်ကွင်း
27 photos

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~

Viewing all articles
Browse latest Browse all 18345

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>