Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all articles
Browse latest Browse all 18345

သုံးနိုင်ငံပူးပေါင်း၍ သံဃာတော် အပါး တစ်သောင်းအား စုပေါင်းဆွမ်းလောင်းပွဲ မယ်ဆိုင်မြို့၌ ကျင်းပမည်

$
0
0
သာသနာတော်ပြန့်ပွားရေးနှင့် ဗုဒ္ဓမြတ်စွာဘုရားအား ပူဇော်ခြင်းအဖြစ် ရွှေတြိဂံနယ်မြေဖြစ်သည့် ထိုင်းနိုင်ငံ၊ မြန်မာနိုင်ငံ နှင့် လာအိုနိုင်ငံတို့မှ သံဃာတော် အရှင်သူမြတ် အပါး (၁၀,၀၀၀)အား တာချီလိတ်မြို့၏ တစ်ဖက်ဖြစ်သော ထိုင်းနိုင်ငံ မယ်ဆိုင်မြို့မှာ စုပေါင်းဆွမ်းလောင်းပွဲအား ၂၀၁၄ခုနှစ် မတ်လ(၂၂)ရက်၊ နံနက်(၆)နာရီအချိန်မှာ ကျင်းပပြုလုပ်၍ လောင်းလှူကြမှာ ဖြစ်ကြောင်း သိရသည်။


အဆိုပါ စုပေါင်းဆွမ်းလောင်းလှူမည့် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့သို့ တာချီလိတ်ဘက်မှ သံဃာတော်အရှင်သူမြတ်များလည်း ကြွရောက်မည်ဖြစ်ကြောင်း သိရသည်။

{ ဆွမ်းလောင်းမည့် မြေပုံလမ်းညွှန် }

အဆိုပါနေ့တွင် ဆွမ်းလောင်းလှူရာသို့ ကြွရောက်မည့် သံဃာတော်အရှင်သူမြတ်များ နှင့် ဆွမ်းလောင်းလှူမည့် အလှူရှင်များအနေဖြင့် သွားလာရ အဆင်ပြေစေရန်အတွက် နံနက်စောစောမှာ တံတားအား ဖွင့်လှစ်ပေးထားမည်ဖြစ်ကြောင်းလည်း သိရှိရသည်။

သုံးနိုင်ငံ ဆွမ်းလောင်းမှုနှင့်ပတ်သက်၍ ဦးဆောင်သည့်အဖွဲ့အား ဆက်သွယ်မေးမြန်းလိုပါက အောက်ပါ ဆက်သွယ်ရန် ဖုန်းနံပါတ်မှ တဆင့် ဆက်သွယ်မေးမြန်းနိုင်မည်ဖြစ်ပါသည်။

ထိုင်းဖုန်း။     ။ 087-7895269
မြန်မာဖုန်း။         ။ 09-49035036
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~





Viewing all articles
Browse latest Browse all 18345

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>