Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all articles
Browse latest Browse all 18345

ဓမ္မဂမ္ဘီရ သာသနာ့ လိုဏ်ဂူတော်ကြီး၌ စုပေါင်းရဟန်းခံ၊ ရှင်ပြုပွဲ အခမ်းအနား စည်ကား သိုက်မြိုက်စွာကျင်းပ

$
0
0

ရှမ်းပြည်နယ် အရှေ့ပိုင်း မိုင်းဖြတ် - မိုင်းယောင်းလမ်း (၁၆)မိုင်အကွာ ပြည်ငြိမ်းအေးကျေးရွာမှ တဆင့်
(၄)မိုင်ခန့် တွင် ထူးခြားတင့်တယ် နက်နဲဆန်းကြယ် သဘာဝအလှတရားများနှင့် သာယာလှပစွာ တည်ရှိနေသည့် စွမ်ဟိန်းဂူ(ခေါ်) ဓမ္မဂမ္ဘီရသာသနာ့လိုဏ်ဂူတော်ကြီး ဘက်စုံဖွံ့ဖြိုးတိုးတက်ပြီး၊ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရန်၊ သာသနာတော်ကြီး  ထွန်းလင်းတောက်ပလာစေရန်နှင့်      တိုင်းရင်းသားပြည်သူများ  အလုပ်အကိုင်အခွင့်အလန်း တိုးပွားရရှိကာ  ဒေသဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်လျက် မိုင်းလင်းဆရာတော်  သဒ္မမ္မဇောတိကဓဇ ဘဒ္ဒန္တ၀ိမလဦးဆောင်၍  လုပ်ငန်း ကော်မတီများနှင့် စေတနာရှင်အလှူရှင်များက ဘက်စုံဖွံ့ဖြိုးရေးလုပ်ငန်းများ စီစဉ်ဆောင်ရွက် လျက်ရှိသည်။


ထိုသို့ဆောင်ရွက်လျက်ရှိရာမှာ အဆိုပါ လိုဏ်ဂူတော်၌ မတ်လ(၁၃)ရက်မှ (၁၄)ရက်အထိ  ရဟန်း၊သာမဏေ၊ သီလရှင် စုစုပေါင်း(၁၀၈)ပါးကို  စုပေါင်း၍ သာသနာ့ဘောင်သို့ သွတ်သွင်းပေးပြီး၊   ဥပ္မသမဒကံ ရဟန်းခံယူခြင်း၊ ဆက်လက်၍  စေတနာရှင် အလှူရှင်များစုပေါင်း ပြုပြင်ဖောက်လုပ်ခဲ့သော  မြေသားလမ်းအား ဖွင့်ပွဲအခမ်းအနားကို  မတ် (၁၅)  ရက်၊ နံနက် (၉)နာရီက လိုဏ်ဂူပရ၀ုဏ် လမ်းအ၀င်၌ စည်ကားသိုက်မြိုက်စွာ ကျင်းပရာ မိုင်းဖြတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်အုန်း နှင့် မြို့နယ်အုပ်ချုပ်ရေးမှူး  ဦးအောင်မြင့်ကျော်တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးသည်။


ဆက်လက်၍   သိမ်တော်ဆင်း ဆွမ်းလောင်းလှူပြီး၊ ဆရာတော် သံဃာတော်အရှင်မြတ်တို့အား    နေ့ဆွမ်းဆက်ကပ်သည်။ ထို့နောက် မွန်းတည့်ချိန် (၁၂)နာရီတွင် ဘုရား၊ ကျောင်း၊ရေကန် ဆောက်လုပ်လှူဒါန်းခြင်း၊ ရဟန်းခံ၊ရှင်ပြု၊ သီလရှင်များ သာသနာ့ဘောင်သို့ သွတ်သွင်းပေးခြင်း လိုဏ်ဂူတော် အတွင်း အပြင် မီးရရှိရေးလုပ်ငန်း လှူဒါန်းခြင်း မြေသားလမ်းပြုပြင် ဖောက်လုပ် လှူဒါန်းခြင်းနှင့် လှူဖွယ်ဝတ္ထုအစုစု တို့အတွက် ရေစက်သွန်းချအမျှပေးဝေခြင်း အခမ်းအနားကို ကျင်းပရာ တက်ရောက်လာသည့် ဧည့်ပရိတ်သတ်များက မိုင်းလင်းဆရာတော်ထံမှ ငါးပါးသီလ ခံယူဆောက်တည်ပြီး   လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြသည်။


ပထမအကြိမ်အဖြစ် တရားပွဲကိုလည်း  မတ် လ (၁၃) ရက် မှ (၂၄) ရက်အထိ (၁၂)ရက်တိုင်တိုင် နေ့စဉ် နံနက် (၉)နာရီတွင် တစ်ကြိမ်၊   မွန်းလွဲ (၁) နာရီတွင် တစ်ကြိမ်  တရားနာခြင်း၊ တရားထိုင်ခြင်းနှင့် အမျှပေးဝေခြင်းတို့ ကျင်းပသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

ဓါတ်ပုံ/သတင်းပေးပို့သူ။          ။ ဝေယံလင်း(မိုင်းဖြတ်)

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~


Viewing all articles
Browse latest Browse all 18345

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>