Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all articles
Browse latest Browse all 18345

မိုင်းယောင်းရှိ ဓမ္မဂမ္ဘီရသာသနာ့ လိုဏ်ဂူတော် ဘက်စုံဖွံ့ဖြိုး တိုးတက်ရေးအတွက် ထိုင်းဧည့်သည်တော်များမှ သွားရောက်လေ့လာ

$
0
0
ရှမ်းပြည်နယ် အရှေ့ပိုင်းဒေသ တာချီလိတ်မြို့မှ မိုင်းဖြတ် ထိုမှတဆင့် မိုင်းယောင်းမြို့သို့ မိုင် (၂၀)ကျော် သွားရောက်ပြီးမှ ရောက်ရှိသည့် မိုင်းယောင်းမြို့ စွမ်ဟိန်းဂူ(ခေါ်) ဓမ္မဂမ္ဘီရသာသနာ့ လိုဏ်ဂူတော်ကြီး၏ အတွင်း၌  ဆင်းတုတော်၊ ရုပ်ပွားတော်ပေါင်း ရှစ်သိန်းလေးသောင်း တည်ထား ကိုးကွယ်ရန်နှင့် လိုဏ်ဂူအတွင်း ပြုပြင်မွမ်းမံမှုများကို မိုင်းလင်းဆရာတော်ဘုရားကြီး သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တ၀ိမလမှ ကြီးမှူး၍ လိုဏ်ဂူတော် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကော်မတီ နှင့် အလှူရှင်များမှ ပူးပေါင်းကာ ဆောင်ရွက်နေလျှက်ရှိသည်။



ထိုသို့ ဆောင်ရွက်ရာတွင် အဆိုပါဂူ၌ ဘုရား၊ သိမ်၊ ကျောင်း၊ ရေကန်များ တည်ဆောက်ခြင်း အပြင် (၄)မိုင် ရှည်လျားသည့် ပေ(၃၀)အကျယ်ရှိ မြေသားလမ်းအား ဖောက်လုပ်ခြင်းတို့ကို ပြုလုပ်နေကြပြီး လိုဏ်ဂူတော် အတွင်း၌ ရဟန္တာဓာတ်တော် ရရှိထားသော နေရာများအား ကြွေပြားခင်းခြင်း စေတီပုထိုး တည်ထားကိုးကွယ်ခြင်း နှင့် မိုင်းဖုန်းဆရာတော်ဘုရားကြီး အတွက် ဂူကျောင်း နှင့် တရားဟောရင်ပြင် တည်ဆောက်ခြင်းတို့ကို ဆောင်ရွက်နေလျှက်ရှိရာ အလှူရှင်များ အနေဖြင့် ပါဝင် ကုသိုလ်ယူ လှူဒါန်းနိုင်ကြောင်း သိရသည်။


( ထိုင်းဧည့်သည်တော်များနှင့် အုပ်ချုပ်ရေး )

လိုဏ်ဂူတော် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးနှင့် ပတ်သက်၍ ယနေ့ မတ်လ(၁၃)ရက် နံနက်ပိုင်းက တာချီလိတ်မြို့မှ မိုင်းယောင်းမြို့ရှိ အဆိုပါဂူသို့ တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးသောင်းတင်ထွေး ပါဝင်သည့် ခရိုင်/မြို့နယ်အဆင့်ရှိ ဌာနဆိုင်ရာ အကြီးအကဲများနှင့် ထိုင်းနိုင်ငံဘက်မှ ဧည့်သည်တော် (၁၅)ဦး အပါအ၀င် သတင်းမီဒီယာများမှ သွားရောက်ကာ လိုဏ်ဂူတော် ဘက်စုံဖွံ့ဖြိုး တိုးတက်ရေးအတွက်  မိုင်းလင်းဆရာတော်ဘုရားကြီး သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တ၀ိမလထံ ဆက်ကပ်လှူဒါန်းခဲ့ကြပြီး  လိုဏ်ဂူအတွင်း သဘာဝဖြစ်ပေါ်နေသော ကျောက်ဆစ် ကျောက်ဆောင် နှင့် ရုပ်လုံးသဏ္ဍာန်များကို လေ့လာကြည့်ရှုခဲ့ကြကာ လိုဏ်ဂူအတွင်း လက်ရှိ တည်ထားပြီးသော စေတီတော်များအား ဖူးမျှော်ကြည်ညိုခဲ့ကြသည်။



ထိုင်းနိုင်ငံဘက်မှ ဧည့်သည်တော်များ အနေဖြင့် လိုဏ်ဂူတော် ဘက်စုံဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းများတွင် ပါဝင်ကုသိုလ်ယူ လှူဒါန်းနိုင်ရန်အတွက် ပထမအကြိမ်အဖြစ် ယနေ့ မတ်လ(၁၃)ရက်နေ့မှာ အဆိုပါ ဂူသို့ လာရောက်လေ့လာကြတာဖြစ်ကြောင်း သိရသည်။



 ဓမ္မဂမ္ဘီရသာသနာ့ လိုဏ်ဂူတော်ကြီးအား ဘက်စုံဖွံ့ဖြိုးတိုးတက်ရန်အတွက် ပြုပြင်ဆောက်လုပ်မှုများ ပြုလုပ်ရာတွင် ထိုင်တော်မူ ရုပ်ပွားတော်တစ်ဆူလျှင် (၃၃၀၀၀)ကျပ်၊ (၃)ပေ ကျောက်ဆင်းတု တစ်ဆူ (၂၅၀၀၀၀)ကျပ်၊ အုတ်ရေကုန်တစ်ကျင်း (၅၀၀၀၀)ကျပ်၊ သစ်တစ်တန် (၂၀၀၀၀၀)ကျပ်၊ သစ်လုံးအခြောက်တစ်တန် (၇၀၀၀၀)ကျပ်၊ သန့်စင်ခန်းတစ်ခန်းအတွက် (၃၀၀၀၀၀)ကျပ်၊ ကျောက်ရောမြေတစ်ကျင်း (၁၅၀၀၀)ကျပ်၊ သဲတစ်ကျင်း(၃၀၀၀၀)ကျပ်၊ ဘိလပ်မြေ တစ်အိတ်(၆၀၀၀)ကျပ်၊ မြေအုတ် အနီ တစ်လုံး(၁၀၀)ကျပ်၊ ဘလောက်အုတ်တစ်လုံး (၂၅၀)ကျပ် နှင့် ကြွေပြားတစ်ချပ်လျှင် (၆၀၀)ကျပ် စသည်တို့ဖြင့် စေတနာရှင် အလှူရှင်များ အနေဖြင့် မိမိတို့ လှူဒါန်းလိုသည်များကို မိုင်းယောင်းမြို့ စွမ်ဟိန်းဂူ၌သော်လည်းကောင်း၊ အောက်ဖော်ပြပါ ဆက်သွယ်ရန် လိပ်စာများမှသော်လည်းကောင်း ပါဝင်ကုသိုလ်ယူ လှူဒါန်းနိုင်မှာ ဖြစ်ကြောင်း သိရသည်။




တာချီလိတ်မြို့တွင်
ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ 084-51505
မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ 084-51749
မိုင်းဖြတ်မြို့တွင်
မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ 084-63008
ဦးစိုင်းညွှန့်ဝင်း (ရန်ပုံငွေရှာဖွေရေးကော်မတီ) ဥက္ကဌ၊ 094-28310022
ဦးစိုင်းရွက် (ရန်ပုံငွေရှာဖွေရေးကော်မတီ) အတွင်းရေးမှူး၊ 094-58031943
မိုင်းယောင်းမြို့တွင်
မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ 084-65055

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~

Viewing all articles
Browse latest Browse all 18345

Trending Articles


တာချီလိတ်မြို့မှာ ကျင်းပပြီး နိုင်ငံပေါင်း ၁၉နိုင်ငံက လာရောက်မည့်...


လုလုအောင် HD အသစ်


Bern , Switzerland, ဆွန်ဇာလန် နိုင်ငံ ၊ ဘန်းမြို့ ရဲ့ သာယာ လှပပြီး ရှု မညီးတဲ့...


ရဟန်းနှင့် ဘွဲ့ဒီဂရီ


ရှမ်းကိုးပြည် တွင်ပါဝင်သော မိုးညှင်းပြည် နှင့် မိုးမိတ်ပြည် ကို ဘုရင့်နောင်...


မြန်မာတွေ ကြည့်ရှု အဆင်ပြေမယ့် ဇာတ်ကား ရိုက်ကူးတယ် ဆိုသူ စံရတီမိုးမြင့်


(၁၅) မိနစ် တရားထိုင်နည်း


ငတုံး ပုံပြင်ကိုအဆုံးသတ်ပေးပါ


မြလေး အပိုင်း(၄)


ဒေါ်နယ်ထရန့် အိမ်တော် (သို့မဟုတ်) အိမ်ဖြူတော်ရဲ့ ထူးခြားချက်များ



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>