Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all articles
Browse latest Browse all 18345

လားဟူတိုင်းရင်းသားရေးရာဝန်ကြီး အပါအ၀င် လွှတ်တော်ကိုယ်စားလှယ်နှင့်အဖွဲ့မှ မိုင်းကိုးကျေးရွာအုပ်စုရှိ လူထုနှင့်တွေ့ဆုံကာ လမ်း ၊မီး၊ ရေ ကိစ္စအတွက် ကူညီပေးမည်ဖြစ်ကြောင်းသိရ

$
0
0
ဧပြီလ(၁၃)ရက်နေ့ နေ့လည်(၁)နာရီက တာချီလိတ်မြို့နယ် မိုင်းကိုးကျေးရွာအုပ်စု၊ မောတွီကျေးရွာသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် လားဟူတိုင်းရင်းသားရေးရာဝန်ကြီး ဦးရှာမွေလှရှဲန် နှင့် တာချီလိတ်မြို့နယ် မဲဆန္ဒနယ် အမှတ်(၇)မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝီလ်ဆင်မိုး အပါအ၀င် ကျိုင်းတုံမြို့နေ ဦးစီလတ် (ပညာရေးငြိမ်း)၊ ဦးဝင်းသိန်း(ပညာရေး)တို့နှင့်အတူ ခရိုင် ပြည်ခိုင်ဖြိုးပါတီမှ ဦးဘိုစံ၊ ဦးလွန်းသူ၊ မြို့နယ်ပါတီကော်မတီမှ ဦးညီနပ်၊ ဦးချမ်းမြ၊ ပတ္တမြားနဂါးကုမ္ပဏီ၊ သံလွင်မိုးကုမ္ပဏီ မန်နေဂျာများ သွားရောက်ပြီး ကျေးရွာသူ/သားများ၏ လိုအပ်ချက်များနှင့် ဖြစ်ပေါ်နေသည့် အခက်အခဲများကို ကူညီဆောင်ရွက်ပေးနိုင်ရန်အတွက် တွေ့ဆုံခဲ့ကြကြောင်း သိရပါတယ်။

{လားဟူတိုင်းရင်းသားရေးရာဝန်ကြီး ဦးရှာမွေလှရှဲန်}

အဆိုပါကိစ္စနဲ့ပတ်သက်၍ တွေ့ဆုံရာမှာ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝီလ်ဆင်မိုးက  ယခုလို လာရောက်တွေ့ဆုံရခြင်းကိစ္စအား လားဟူဘာသာစကားဖြင့် ရှင်းလင်းပြောကြားပြီး၊ လားဟူတိုင်းရင်းသားရေးရာဝန်ကြီးမှ "ယနေ့ နိုင်ငံတော် ပြုပြင်ပြောင်းလဲနေမှုအခြေအနေများအပေါ် မိမိတို့ တိုင်းရင်းသားများ အနေဖြင့် မသိလိုက် မသိဘာသာနေထိုင်ခြင်းမပြုရန်၊ ပွင့်လင်းမြင်သာသည့် ခေတ်တွင် ပွင့်လင်းမြင်သာမှုများကို သိရှိနားလည်ရန်၊ အရာရာ စည်းကမ်းတကျ ကျင့်ကြံနေထိုင်သွားကြရန်၊ မိမိတို့ လာရောက်နေစဉ်မှာ ဒေသအခက်အခဲများရှိက ပွင့်ပွင့်လင်းလင်း တင်ပြပေးကြပါရန်" လားဟူဘာသာ စကားဖြင့် ပြောကြားသွားကြောင်း သိရပါတယ်။

 
 {အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝီလ်ဆင်မိုး}

ယခုတွေ့ဆုံပွဲသို့ မောတွီ၊ ဟိုနား၊ ပါကွေ့၊ ဆီလီမွန်း၊ ဟာကျား၊ မက်မွန်တာ(၁)၊ မက်မွန်တာ(၂) စသည့်ကျေးရွာများမှာ ကျေးရွာသား/သူများ တက်ရောက်လာခဲ့ကြပြီး အဆိုပါ ကျေးရွာ(၇)ရွာမှာ အိမ်ခြေစုစုပေါင်း ( ၂၆၇ )အိမ် ရှိကြောင်း သိရပါတယ်။

 
 { ရွာသူကြီး တစ်ဦးမှ တင်ပြ}

ဆက်လက်ပြီး ပွင့်လင်းစွာတင်ပြဆွေးနွေးကြရာမှာ ဟာကျားကျေးရွာ ရွာသူကြီး ဦးအားဂါမှ မြင့်ဦးအောင် ကုမ္ပဏီလုပ်ကွက်မှာ မိမိတို့ စိုက်ပျိုးထားတဲ့ သစ်ခေါက်(၁၂၀၀)ပင် ဖျက်ဆီးသည့်အထဲ ပါသွားတဲ့အတွက်ကြောင့် နစ်နာမှုအဖြစ် တစ်ပင်ကို  (၁၀၀)ဘတ် ရချင်ပါသဖြင့် စေ့စပ်ပေးပါရန် တင်ပြသွားခဲ့ပါတယ်။  ၎င်းနောက်မှာတော့ ကျန်ကျေးရွာများ နဲ့ ရပ်မိရပ်ဖများက ကျေးရွာအတွင်း လျှပ်စစ်မီးရရှိရေး နဲ့ သောက်သုံးရေရရှိရေးကို ဦးစားပေး တင်ပြသွားခဲ့ပါတယ်။

၎င်းတို့ရဲ့ တင်ပြချက်များကို လားဟူတိုင်းရင်းသားရေးရာဝန်ကြီး ဦးရှာမွေလှရှဲန်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝီလ်ဆင်မိုး၊ ပတ္တမြားနဂါး၊ သံလွင်မိုးကုမ္ပဏီမန်နေဂျာ နှင့် ပြည်ခိုင်ဖြိုးပါတီကော်မတီများက
  • ၁။  လျှပ်စစ်မီးလိုအပ်နေသည့် ကျေးရွာ(၇)ရွာသို့ လျှပ်စစ်ဓါတ်အားလိုင်းကို တိုင်များ၊ မီးကြိုးများအတွက်  ခန့်မှန်း ထိုင်းဘတ်သိန်း(၃၀)ကို အကုန်အကျခံ လှူဒါန်းပေးသွားရန်၊ လုပ်ငန်းကို ယခု  (၄)လပိုင်းကုန်လျှင် စတင်လုပ်ဆောင်ရန်။
  • ၂။   မီးလိုအပ်နေသည့် ကျေးရွာများအနေဖြင့် မိမိအိမ်တွင် အသုံးပြုမည့် မီတာဘောက်များ၊ ကျေးရွာထရန်စဖော်မာ၊ ကျေးရွာသုံး ၈-မစ် မီးတိုင်များကို သူကြီးနှင့်ရွာသားများ အစီအစဉ်ဖြင့် လုပ်ဆောင်သွားရန်။
  •  ၃။  သောက်သုံးရေရရှိရေး ကျေးရွာလမ်း ကောင်းမွန်ရေးများအတွက်ကိုလည်း ပတ္တမြားနဂါး၊ သံလွင်မိုး ကုမ္ပဏီတို့မှ ကူညီဆောင်ရွက်ရန်။
  •  ၄။  ဟာကျားကျေးရွာ သူကြီးတင်ပြသည့် သစ်ခေါက်ပင်တစ်ပင်လျှင်နစ်နာမှု (၁၀၀-ဘတ်)ကိစ္စအား ပါတီ မှ မြင့်ဦးအောင် ကုမ္ပဏီနှင့် ညှိနှိုင်းပေးရန်။
စသည့် အချက်(၄)ချက်ဖြင့် ဆုံးဖြတ်ညှိနှိုင်းခဲ့ကြတယ်လို့ သိရပါတယ်။

အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဝီလ်ဆင်မိုးမှ "မိမိအနေဖြင့် ယခု တတ်နိုင်သမျှ ကူညီပေးသွားမှာဖြစ်သလို၊  နောက်နောင် ဒီလမ်းတွေ  ဒီတောင်ပေါ်တွေမှာ လမ်းကောင်းမွန်ရေး၊ လျှပ်စစ်မီးထိန်လင်းစေရေးများကို   မိမိအထူးဂရုပြုပြီး ဒီဒေသအတွက် လုပ်ဆောင်ပေးသွားပါ့မယ်"လို့ ပြောကြားသွားခဲ့ပါတယ်။


Viewing all articles
Browse latest Browse all 18345

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>