Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all articles
Browse latest Browse all 18345

ရွှေည၀ါ ဆရာတော်မှ တာချီလိတ် "ဇီဝက"အခမဲ့ဒါန ကုသိုလ်ဖြစ် ဆေးကုသခန်း အဆောက်အဦအတွက် ပန္နရိုက်

$
0
0

တာချီလိတ်မြို့ရှိ "အမျိုးဘာသာ သာသနာ ကိုယ်သာစောင့်ရှောက်ရာ"အဖွဲ့ကြီးမှ ပေါက်ဖွားလာသော "ဇီဝက"အခမဲ့ဒါန ကုသိုလ်ဖြစ် ဆေးကုသခန်းအတွက် သုံးထပ်ဆောက်အဦဆောက်လုပ်ရန် စတင် ပန္နရိုက်အခမ်းအနားကို ယနေ့ဖေဖော်ဝါရီလ(၁၉)ရက် နံနက် (၉)နာရီအချိန်က ၀မ်ကောင်းရပ်ကွက်၊ ဘိုးဘွားရိပ်သာအနီးမှာ ပြုလုပ်ရာ ရွှေည၀ါဆရာတော်မှ ကြွရောက်ပြီး ပန္နတော်ရိုက်ပေးခဲ့ကြောင်း သိရသည်။

ပန္နရိုက်အခမ်းအနားသို့ ရွှေည၀ါဆရာတော် အရှင်ပညာသီဟ နှင့် မြေကွက်အလှူရှင် မိသားစုအပါအ၀င်၊ "အမျိုးဘာသာ သာသနာ ကိုယ်သာစောင့်ရှောက်ရာ"အဖွဲ့ဝင်များ၊ စေတနာရှင်အလှူရှင်များ တက်ရောက်လာခဲ့ကြပြီး ဆရာတော်မှ တရားတော်များပွားများ၍ ပန္နတော်ရိုက်ပေးခဲ့သည်။

( လုပ်ဆောက်မည့် ပုံကြမ်း )

 "ဇီဝက"အခမဲ့ဒါန ကုသိုလ်ဖြစ် ဆေးကုသခန်းအတွက် လိုအပ်နေသည့် မြေကွက်အား ဦးထွန်းနေဦး + ဒေါ်ခင်ခင်ချို ( ဟိုတယ်တာချီလိတ် ) မိသားစုမှ လှူဒါန်းတာဖြစ်ပြီး အကျယ်အ၀န်းမှာ အလျား ပေ(၇၀) နှင့် အနံ (၂၅)ပေ ရှိကြောင်း နှင့် ယနေ့ ပန္နရိုက်အခမ်းအနားတွင် သုံးထပ်ဆေးခန်း တည်ဆောက်ရန်အတွက် မတည်အလှူငွေများအဖြစ် စေတနာရှင် အလှူရှင်များမှ လှူဒါန်းလာကြရာ စုစုပေါင်းအလှူငွေ (၃၀၇၅၀၀)ဘတ် အပြင် ပြည်ခိုင်ဖြိုးပါတီမှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်  ဦးဝီလ်ဆင်မိုးမှ ဘိလပ်မြေအိတ် ( ၅၀၀) နှင့် ဦးစိုင်းလုံးတစ်တို့မှ အုတ်အလုံး(၃၀၀၀)ကို လှူဒါန်းသွားကြောင်း သိရသည်။


"ဇီဝက"အခမဲ့ဒါန ကုသိုလ်ဖြစ် ဆေးကုသခန်းအနေဖြင့် မရှိနွမ်းပါးနှင့် အခက်အခဲဖြစ်နေသူများအား အခမဲ့ဆေးကုသပေးခြင်းကို ၂၀၁၃ခုနှစ် မတ်လ (၃၀)ရက်နေ့က စတင်ခဲ့တာဖြစ်ပြီး ယနေ့ထိတွင် ကုသပေးခဲ့သည့် လူနာများမှာ (၂၈၀၀)ကျော်ရှိပြီ ဖြစ်ကြောင်း သိရသည်။


လက်ရှိတွင် ဆေးခန်းအား ဘိုးဘွားရိပ်သာအနီးရှိ တိုက်ခန်းမှာ ဖွင့်လှစ်၍ ဆေးဝါးကုသပေးနေပြီး အဆိုပါ အခမဲ့ဆေးကုခန်းမှာ ဒေါက်တာ ပြည့်မြင့်မြတ် နှင့် ဒေါက်တာ မျိုးသွယ်သွယ်ဦး အပါအ၀င် ဆေးအကူ(၂)ဦးနှင့် "ဇီဝက"အခမဲ့ဒါန ကုသိုလ်ဖြစ် ဆေးကုသခန်းအဖွဲ့ဝင် ၀န်ထမ်းများဖြင့် လည်ပတ်၍ ဆေးဝါးကုသပေးနေပြီး ရံဖန်ရံခါ၌  သမားတော်ကြီး ဒေါက်တာဖြိုးထက်ဦး မှလည်း လာရောက်၍ အခမဲ့ကုသပေးကြောင်း သိရှိရသည်။

ရွှေည၀ါ ဆရာတော်သည် တာချီလိတ်၌ ဖေဖော်ဝါရီလ(၁၇)ရက်နှင့်(၁၈)ရက် ညများမှာ တရားတော်ဟောကြားရန်အတွက် ကြွရောက်လာခဲ့ရင်း ယခုလို အကျိုးပြုလုပ်ငန်းအနေဖြင့် "ဇီဝက"အခမဲ့ဒါန ကုသိုလ်ဖြစ် ဆေးကုသခန်းအတွက် အဆောက်အဦးဆောက်လုပ်ရန် ပန္နရိုက်၍ ချီးမြှင့်ခြင်းဖြစ်သည်။

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~


Viewing all articles
Browse latest Browse all 18345

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>