Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all articles
Browse latest Browse all 18345

ဘိန်းစိမ်းများ မိုင်းဖြတ်မြို့၌ ဖမ်းဆီးရမိ

$
0
0
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဖြတ်မြို့နယ်၊ ဟိုနားကျေးရွာအနီးတွင် ဖေဖော်ဝါရီလ(၁၇)ရက်၊ မွန်းလွဲ(၂)နာရီခွဲက (၆)ကီလိုဂရမ်ရှိ ဘိန်းစိမ်းများကို တရားခံနှစ်ဦးနှင့်အတူ ဖမ်းဆီးရရှိကြာင်း သိရသည်။

ဖြစ်စဉ်မှာ ခရိုင်/မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မူးယစ်တပ်ဖွဲ့စု(၂၈)ကျိုင်းတုံမှ ဒုတိယရဲအုပ် အောင်မင်းသန့်တို့ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ကျိုင်းတုံ - တာချီလိတ် ပြည်ထောင်စုကားလမ်းမကြီးပေါ်ရှိ   မိုင်းဖြတ်မြို့နယ်၊ ဟိုနားကျေးရွာအနီးတွင် ရှောင်တခင် ပိတ်ဆို့စစ်ဆေးရှာဖွေနေစဉ် ကျိုင်းတုံ မှ တာချီလိတ်ဘက်သို့ ယာဉ်မောင်း ရှဲဖူးxx (၂၃)နှစ် မောင်းနှင်လာသော  ထိုင်းနိုင်ငံလုပ် Honda Wave 110 အမျိုးအစား မော်တော်ဆိုင်ကယ်ကို ရပ်တန့်ရှာဖွေ စစ်ဆေးရာ ထိုင်ခုံရှေ့ခွကြားတွင်  ပီနံအိတ်အဖြူနှင့် ထုပ်ထားသော ဘိန်းစိမ်း အထုပ်(၄)ထုပ် အလေးချိန်(၆)ကီလိုဂရမ်၊ ကာလတန်ဖိုးငွေ ကျပ်သိန်း(၆၀)ခန့်နှင့် ယာဉ်နောက်အတူ လိုက်ပါလာသော မောင်ရှဲxxx(၂၉)နှစ်ထံမှ   HUAWEI အမျိုးအစား ဟန်းဆက်လက်ကိုင်ဖုန်းနံပါတ်  ၀၉၂၅၄၁xxx တစ်လုံးတို့အား သိမ်းဆည်းရမိသဖြင့် မူးယစ်ဆေးဝါး သယ်ဆောင်လာသော  မောင်ရှဲဖူးxx နှင့်  မောင်ရှဲxx  တို့အား   မိုင်းဖြတ်မြို့မရဲစခန်း မှ  မယ(ပ)၁/၂၀၁၄၊ မူး/စိတ်ပုဒ်မ ၁၅/၁၉(က)ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်ထားကြောင်း  သိရသည်။
သတင်းပေးပို့သူ ။           ။ ဝေယံလင်း(မိုင်းဖြတ်)

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~


Viewing all articles
Browse latest Browse all 18345

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>