Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all articles
Browse latest Browse all 18345

တာချီလိတ်မြို့နယ် တစ်ခုလုံးအား ရပ်ကွက် (၁၈)ရပ်ကွက်ဖြင့် တိုးချဲ့ ဖွဲ့စည်းတော့မည်

$
0
0
ရှမ်းပြည်နယ် အရှေ့ပိုင်းဒေသရှိ တာချီလိတ်ခရိုင် တာချီလိတ်မြို့နယ်တစ်ခုလုံးအား ရပ်ကွက် (၁၃)ရပ်ကွက်ဖြင့် ဖွဲ့စည်းထားရာမှ ယခုအခါမှာ ရပ်ကွက်(၁၈)ရပ်ကွက်အဖြစ် တိုးချဲ့ပြင်ဆင် ဖွဲ့စည်းတော့မည်ဖြစ်ကြောင်း ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်ထဲရေးဝန်ကြီးဌာန၏ အမိန့်ကြော်ငြာစာ အမှတ်(၁၁၁၂/၂၀၁၃)အရ သိရသည်။

တာချီလိတ်ခရိုင်အတွင်း တာချီလိတ်မြို့၌ (၆)ရပ်ကွက်၊ ကျိုင်းလပ်မြို့နယ်ခွဲ၌ (၃)ရပ်ကွက် နှင့် တာလေမြို့နယ်ခွဲတွင်(၄)ရပ်ကွက် စုစုပေါင်း (၁၃)ရပ်ကွက်ရှိပြီး ကျေးရွာအုပ်စုပေါင်းမှာ (၇)စုရှိရာ ယခုအခါမှာ ကျေးရွာအုပ်စု(၇)စုအနက် တာချီလိတ်မြို့နယ်အတွင်း သတ်မှတ်နယ်နိမိတ်ကျယ်ပြန့်သည့် ဟောင်လိတ်ကျေးရွာအုပ်စုအား ပြောင်းလဲပြင်ဆင်၍ ရပ်ကွက်(၄)ရပ်ကွက် တိုးချဲ့မည်ဖြစ်သည့်အတွက် တာချီလိတ်မြို့၌ (၆)ရပ်ကွက်ရှိရာမှ ဆန်ဆိုင်း(ခ)ရပ်ကွက် အပါအ၀င် ယခုအခါမှာ (၁၁)ရပ်ကွက် ရှိလာတော့မည်ဖြစ်သည်။

ဟောင်လိတ်ကျေးရွာအုပ်စုတွင် ကျေးရွာပေါင်း (၁၄)ရွာရှိခဲ့ပြီး ယင်း(၁၄)ရွာထဲမှ ရပ်ကွက်(၄)ခုနှင့် ကျေးရွာအုပ်စု(၁)ခုအဖြစ် ပြောင်းလဲပြင်ဆင်ဖွဲ့စည်းလိုက်ရာ ဆေခမ်းရပ်ကွက်၊ ရန်အောင်မြေရပ်ကွက်၊ ပါဆတ်ရပ်ကွက်နှင့် ၀ိန်းကျောက်ရပ်ကွက် စုစုပေါင်း (၄)ရပ်ကွက် ထွက်ပေါ်လာမည်ဖြစ်ပြီး ကျေးရွာအနေဖြင့် ၀မ်လုံးကျေးရွာအုပ်စု

အဖြစ် သတ်မှတ်ကာ ၀မ်လုံးကျေးရွာထဲတွင် ၀မ်လုံရွာ၊ ဟွေခိုက်ရွာ၊ ၀ိန်းဝရွာ၊ ဖာတမာကုန်းရွာ၊ လွယ်စတုံ(အထက်) နှင့် လွယ်စတုံ(အောက်)ရွာစသည့် ရွာများ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

ယင်းအပြင် တာချီလိတ်မြို့ပေါ်ရှိ တိုင်းရင်းသား ပြည်သူများအနေဖြင့် သိထားသည်မှာ ဆန်ဆိုင်းရပ်ကွက်သည် ဆန်ဆိုင်း(အထက်) နှင့် ဆန်ဆိုင်း(အောက်)ဟူ၍ တရားဝင် သတ်မှတ်ပေးထားသည်ဟု သိထားကြသော်လည်း အမှန်စင်စစ်မှာ ပြည်ထဲရေးဝန်ကြီးဌာနက ဆန်ဆိုင်း(အထက်) နှင့် ဆန်ဆိုင်း(အောက်)ဟူ၍ သတ်မှတ်ပေးထားခြင်းမရှိပဲ ဆန်ဆိုင်းရပ်ကွက် ဟူ၍သာ ရှိထားသည်ဖြစ်ရာ ယခုမှသာ အဆိုပါ အမိန့်ကြော်ငြာစာအရ ဆန်ဆိုင်းရပ်ကွက်အား ဆန်ဆိုင်း(က) နှင့် ဆန်ဆိုင်း(ခ)ဟူ၍ တရားဝင် အသိမှတ်ပြုကာ ဖွဲ့စည်းခွင့်ပြုလိုက်ပြီ ဖြစ်ကြောင်းလည်း သိရသည်။

တာချီလိတ်မြို့ပေါ်တွင် ရပ်ကွက်အရေအတွက်အရ ပုန်းထွန်၊ တာလော့၊ ၀မ်ကောင်း၊ မကာဟိုခမ်း၊ မယ်ခေါင်၊ ဆန်ဆိုင်း(က)၊ ဆန်ဆိုင်း(ခ)၊ ရန်အောင်မြေ၊ ပါဆတ်၊ ၀ိန်းကျောက် နှင့် ဆေခမ်း စသည့် ရပ်ကွက်ပေါင်း (၁၁)ရပ်ကွက် ရှိလာတော့မည်ဖြစ်ကြောင်း သိရှိရသည်။

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~

Viewing all articles
Browse latest Browse all 18345

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>