Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all articles
Browse latest Browse all 18345

ပုန်းထွန်ချောင်းမှာ အရက်မူးပြီး ဒိုင်ဗင်ထိုးချမှုကြောင့် နဖူးကွဲကာ လူတစ်ဦး ရေနစ်သေဆုံး

$
0
0
ဧပြီလ(၈)ရက်နေ့ နေ့လည်(၁)နာရီခန့်က တာချီလိတ်မြို့မှာ သင်္ကြန်ကာလအတွင်း ရေကစားနေကြ နေရာဖြစ်တဲ့ ပုန်းထွန်ချောင်းမှာ လူတစ်ဦး ရေနစ်သေဆုံးကြောင်း သိရပါတယ်။


သေဆုံးသူသည် အသက်(၂၈)နှစ်အရွယ် မျိုးကျော်သူ(ခ)ရာဇာ ဖြစ်ကြောင်း သိရပြီး ၎င်းအနေဖြင့် အရက်မူးကာ ကျောက်ဆောင်ပေါ်မှ ရေထဲသို့ ဒိုင်ဗင်ထိုးအချ ရေထဲမှ ကျောက်တုံးနှင့် နဖူးသွားရိုက်မိပြီး နဖူးကွဲသွားကာ ရေထဲမှာပဲ သတိလစ်ပြီး ရေစီးကြောင်းအတိုင်း မျှောပါရင်း ရေမွမ်းသေဆုံးသွားဟန်ရှိကြောင်း ချောင်းအတွင်း
 ရေကစားနေသူများက ဆိုပါတယ်။

ရေထဲမှာ နဖူးကွဲသွားပြီး သတိလစ်သွားကာ ရေစီးကြောင်းအတိုင်း ပါသွားခဲ့တာကြောင့် ဖြစ်ဖြစ်ချင်းမှာ ချောင်းအတွင်းရှိလုံခြုံရေး တာဝန်ရှိသူများက ရေထဲသို့ ဆင်း၍ရှာဖွေသော်လည်း တော်တော်နှင့်မတွေ့ရပဲ (၂၄)နာရီခန့်ကြာပြီးနောက် ယနေ့ နေ့လည်(၁)နာရီဝန်းကျင်မှာ သေဆုံးသူရဲ့ အလောင်းကို အဆိုပါချောင်းအတွင်းမှ ပြန်လည် ရှာဖွေတွေ့ရှိကာ ဆယ်ယူနိုင်ခဲ့ကြတာဖြစ်ကြောင်း သိရပါတယ်။

{13.4.2012က ရေနစ်သွားသူအား ရှာဖွေနေပုံ}

ယခု သေဆုံးသွားတဲ့နေရာဟာ ပြီးခဲ့သော ၂၀၁၂ခုနှစ် ဧပြီ (၁၃)ရက်နေ့က ကလေးလေးတစ်ယောက် ရေနစ်မျှောပါသေဆုံးသွားတဲ့ နေရာရဲ့ အနီးအနားမှာဖြစ်ကြောင်း သိရပါတယ်။ ရေနစ်သေဆုံးသူကို ရှာဖွေတွေ့ရှိပြီးနောက် ဆေးရုံသို့ သယ်ယူသွားကာ ရင်ခွဲစစ်ဆေးခြင်းများပြုလုပ်ပြီး သေဆုံးသူရဲ့ နာရေးကိစ္စကို တာချီလိတ်မြို့ရှိ မဇ္ဈိမလူမှုကူညီရေးအသင်းမှ ကူညီဆောင်ရွက်ပေးမှာဖြစ်ပြီး နက်ဖြန်မှာ သင်္ဂြိုဟ်မှာ ဖြစ်ကြောင်းသိရပါတယ်။

လွန်ခဲ့သောတစ်နှစ်က ရေထဲမျှောပါသေဆုံးသွားတဲ့ ကလေးလေးအကြောင်းအား သရုပ်ဖော်ရေးသားထားတဲ့ ဆောင်းပါးအား ဖတ်ရှုလိုလျှင် --->ရေထဲကျသွားတဲ့ မျက်ရည်

ပုံများကိုကြည့်ရန်


Viewing all articles
Browse latest Browse all 18345

Trending Articles


တစ်မောင်း တစ်မောင်း တို့ တစ်မောင်းသည်


ဦးမျိုးရန်နောင်သိမ်း လွတ်မြောက်


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


အရက်ဖိုးတောင်းသည့် ခင်ပွန်းအား ဇနီးမှ ဓားဖြင့်ထိုး၍ တောင်ကြီး၌ လူသတ်မှုဖြစ်ပွား


မြန်မာတွေ ကြည့်ရှု အဆင်ပြေမယ့် ဇာတ်ကား ရိုက်ကူးတယ် ဆိုသူ စံရတီမိုးမြင့်


ခင်လွန်း - “ကျီးဖြူ ကျီးမည်း တစ်ကောင်တည်း”


လုလုအောင် HD အသစ်


ဒွေး တိမ်တွေ ငိုတဲ့ခဏ ၊ ဒွေး ၊ နန္ဒာလှိုင် ၊ တင့်တင့်ထွန်း ၊ အောင်လွင် ၊ ဆင်မ


လူ့ဘဝ၏ အနှစ်သာရ တန်ဖိုး



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>