Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all articles
Browse latest Browse all 18345

မိုင်းဖုန်းဆရာတော် မိန့်ကြားချက်အရ လွယ်တော်ခမ်း၌ ကျောက်ဖြူဂူဟာစေတီ တည်

$
0
0
မိုင်းဖုန်းဆရာတော်၏ မိန့်ကြားချက်အရ တာချီလိတ်မြို့ လွယ်တော်ခမ်းကျေးရွာအုပ်စု၊ လွယ်တော်ခမ်းပူးပေါင်းစစ်ဆေးရေးဂိတ်အနီးရှိ ကျောက်ဖြူတောင်မှာ ကျောက်ဖြူဂူဟာစေတီတော်အား တည်ထားကိုးကွယ်ရန်အတွက် ယနေ့ ဖေဖော်ဝါရီလ(၁၂)ရက် နံနက် (၉း၀၉)နာရီအချိန်က နဂါးနှစ်ကောင်ဆရာတော်ဘုရားကြီး အမှူးပြု၍ ခရိုင်/မြို့နယ်အဆင့်ရှိ ဌာနဆိုင်ရာများနှင့် အလှူရှင်များက ဋ္ဌာပနာတော်ပိတ်ပွဲကို ပြုလုပ်ခဲ့ကြသည်။



စေတီတည်ထားကိုးကွယ်မည့်နေရာမှာ နဂါးနှစ်ကောင်ဆရာတော်ဘုရားကြီးနှင့် သံဃာတော်များမှ ပရိတ်တော်များ ရွတ်ဖတ်သရဇ္ဈာယ်ပြီး ဋ္ဌာပနာတော်ပိတ်ပွဲသို့ တက်ရောက်လာသည့် ခရိုင်/မြို့နယ်အဆင့်ရှိ ဌာနဆိုင်ရာများထဲမှ ခရိုင်အုပ်ချုပ်ရေးမှူး ဦးသောင်းတင်ထွေး၊ တာချီလိတ်ခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးဝင်းထွန်း၊ တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲထူးနှင့် အလှူရှင်တို့မှ ဋ္ဌာပနာတော်ထည့်သွင်း ပူဇော်ထားရှိမည့် အဖိုးတန်ပစ္စည်းများနှင့် ရုပ်ပွားဆင်းတုတော်များကို ဋ္ဌာပနထည့်သွင်းမည့်နေရာဌာနသို့ နဂါးနှစ်ကောင်ဆရာတော်ဘုရားကြီး၏ မိန့်ဆို ညွှန်ကြားချက်အတိုင်း လိုက်နာဆောင်ရွက်ခဲ့ကြတာကို တွေ့ရှိရသည်။



အဆိုပါ ပွဲသို့ မိုင်းဖုန်းဆရာတော်သည် မိုင်းလင်းဘက်သို့ သာသနာပြုခရီးတိုအဖြစ် ကြွရောက်နေသည့်အတွက် ကြွရောက်နိုင်ခြင်းမရှိပဲ နဂါးနှစ်ကောင်ဆရာတော်ဘုရားကြီးမှ ကြွရောက်၍ ဦးဆောင်ကာ အဆိုပါ ဋ္ဌာပနာပိတ်ပွဲ ကျင်းပခဲ့ခြင်းဖြစ်သည်။

ပုံများကိုကြည့်ရန်
မိုင်းဖုန်းဆရာတော် မိန့်ကြားချက်အရ လွယ်တော်ခမ်း၌ စေတီ တည်
88 photos
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~

Viewing all articles
Browse latest Browse all 18345

Trending Articles


တာချီလိတ်မြို့မှာ ကျင်းပပြီး နိုင်ငံပေါင်း ၁၉နိုင်ငံက လာရောက်မည့်...


သင့် ကိုယ်လုံးတီး ပုံများ အွန်လိုင်းပေါ် မရောက်ရလေအောင်


Bern , Switzerland, ဆွန်ဇာလန် နိုင်ငံ ၊ ဘန်းမြို့ ရဲ့ သာယာ လှပပြီး ရှု မညီးတဲ့...


ရဟန်းနှင့် ဘွဲ့ဒီဂရီ


ရှမ်းကိုးပြည် တွင်ပါဝင်သော မိုးညှင်းပြည် နှင့် မိုးမိတ်ပြည် ကို ဘုရင့်နောင်...


မြန်မာတွေ ကြည့်ရှု အဆင်ပြေမယ့် ဇာတ်ကား ရိုက်ကူးတယ် ဆိုသူ စံရတီမိုးမြင့်


(၁၅) မိနစ် တရားထိုင်နည်း


ဒွေး တိမ်တွေ ငိုတဲ့ခဏ ၊ ဒွေး ၊ နန္ဒာလှိုင် ၊ တင့်တင့်ထွန်း ၊ အောင်လွင် ၊ ဆင်မ


မတ်ပဲမျိုးများ၏ အရည်အချင်းလက္ခဏာများ


၆နှစ်ပြည့်ရွှေဝါရောင်တော်လှန်ရေးသို့သမိုင်းအား လိမ်ညှာခဲ့သော...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>