Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all articles
Browse latest Browse all 18345

စာရေးဆရာ ဆုလဏီးမှ တာချီလိတ်အား အထူးဖော်ညွှန်းထားသည့် ဆောင်းပါးပေါင်းချုပ် စာအုပ်ထွက်ရှိ

$
0
0
ရှမ်းပြည်နယ် အရှေ့ပိုင်းဒေသသည် ပြည်တွင်းပြည်ပရှိ ခရီးသွား ဧည့်သည်များ နှင့် စီးပွားလုပ်ငန်း လုပ်လိုသူများအတွက် မျက်စိကျသော ဒေသတစ်ခုဖြစ်ပြီး အဆိုပါဒေသထဲမှ တာချီလိတ်မြို့သည် အဓိက ပစ်မှတ်ဖြစ်လေသည်။ ရှမ်းရှေ့ သို့မဟုတ် တာချီလိတ်သို့ အလည်လာလိုသူများ၊ အခြေချလိုသူများ၊ စီးပွားလုပ်ငန်းများ တိုးချဲ့လုပ်ကိုင်လိုသူများအနေဖြင့် တာချီလိတ်၏ တစ်စိတ်တစ်ဒေသ အကြောင်းအရာကိုတော့ သိရန် လိုအပ်ပါသည်။

{ တာချီလိတ်မြို့တွင် အထက်ပါ ကြော်ငြာထဲရှိ လိပ်စာများမှ ၀ယ်ယူရရှိနိုင်ပါပြီ}

တာချီလိတ် နှင့် အနီးအနားဝန်းကျင်အပြင် အခြေခံလူတန်းစားများ၊ ရှမ်းတိုင်းရင်းသားများ၊ အာခါတိုင်းရင်းသားများ နှင့် လားဟူတိုင်းရင်းသားများ၊ ထိုင်းနိုင်ငံ မယ်ဆိုင်မြို့တွင်းရှိ မြန်မာနိုင်ငံသားများအကြောင်း စသည်တို့ကို စုံစုံလင်လင်ဖြင့် ရေးသားဖော်ပြထားသော စာအုပ်တစ်အုပ်အား မိတ်ဆက်ပေးလိုပါသည်။

အာခါတိုင်းရင်းသားများသည် ရှမ်းရှေ့တွင် အများအပြားနေထိုင်လျှက်ရှိပြီး အဆိုပါ တိုင်းရင်းသားများနှင့် ပတ်သက်၍ အကြောင်းအရာများ၊ ရှမ်းရှေ့ရှိ ရှမ်းတိုင်းရင်းသားများ၏ ရိုးရာယဉ်ကျေးမှု အမွေအနစ်များ၊ ဓလေ့စရိုက်များ၊ အခေါ်အဝေါ်ဘာသာစကားများနှင့် သိမှတ်ဖွယ်ရာ သုတရစရာများကို စုံစုံလင်လင် ရေးသားဖော်ပြထားပြီး ထိုင်းနိုင်ငံ မယ်ဆိုင်မြို့အတွင်းသို့ သွားရောက်၍ ၀မ်းစာ ရှာဖွေနေကြသည့် မြန်မာနိုင်ငံများ၏ အကြောင်းအရာများကို ထည့်သွင်း၍ စာအုပ်ပေါ်သို့ ပုံနှိပ်ထုတ်ဝေမှုအဖြစ် တာချီလိတ်နယ်ခံ စာရေးဆရာ ဆုလဏီးမှ အကောင်အထည် ဖော်လိုက်ပြီ ဖြစ်ပါသည်။


တာချီလိတ်နယ်ခံ စာရေးဆရာ ဆုလဏီးမှ "နှောင်ကြိုးမဲ့ တာချီလိတ် နှင့် ရှမ်းပြည်နယ်အရှေ့ပိုင်း စာစုများ"အမည်ရှိ စာအုပ်တွင် ဆောင်းပါးပေါင်း (၄၂)ပုဒ်ပါဝင်ပြီး အဆိုပါ စာအုပ်ကို ဇန်န၀ါရီလ အစက တာချီလိတ်မြို့ရှိ JA စားသောက်ဆိုင် အပေါ်ထပ်တွင် စာအုပ်မိတ်ဆက်ပွဲအဖြစ် ပြုလုပ်ရာ တာချီလိတ်မြို့နယ် စာရေးဆရာအသင်းနှင့် အာခါတိုင်းရင်းသား စာပေနှင့်ယဉ်ကျေးမှူးအဖွဲ့ တို့မှ ဖိတ်ကြားထားသူများက တက်ရောက်ခဲ့ကြသည်။

စာရေးဆရာ ဆုလဏီး၏ စာအုပ်ကို ဖတ်ရှုခြင်းဖြင့် ရှမ်းပြည်နယ် အရှေ့ပိုင်း(သံလွင်အရှေ့ခြမ်း) ဒေသများ၏ ထူးခြားသော မြို့များ၊ အံ့သြဖွယ်ကောင်းသည့် ရှမ်း၊ အာခါ၊ လားဟူ စသည့် တိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးစံများနှင့် လူနေမှု ဘ၀ပုံစံမျိုးစုံတို့ကို သိရှိနားလည် သွားနိုင်မည်ဖြစ်ကြောင်းနှင့် ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသကို ကိုယ်တိုင်ရောက်ရှိသလို ခံစားစေမည်ဖြစ်ကြောင်း စာအုပ်၏ ဆောင်းပါးကောင်းများမှ ဖော်ညွှန်းလျှက်ရှိပါသည်။

စာရေးဆရာ ဆုလဏီး၏ ဆောင်းပါးပေါင်းချုပ်စာအုပ်များကို တာချီလိတ်မြို့နယ်ရှိ
လပ်ကီး(၂)စတိုး(အ.ထ.ထ)ရှေ့၊ ဦးအောင်မျိုးဝင်း(ကွမ်းပစ္စည်းအရောင်းဆိုင်)၊ ကိုကျော်(ကွန်ပျူတာ)၊ အလင်းအိမ် - စတိုး(အာခါဈေး)၊ ကိုစိုးမင်းထွန်း(မဉ္စူလမ်းထိပ်၊ ဂျာနယ်အရောင်းဆိုင်) စသည်တို့တွင် ၀ယ်ယူရရှိနိုင်ပြီး အဆိုပါ စာအုပ်အား PDF File(EbooK)အဖြစ် ရယူလိုပါက အောက်ဖော်ပြထားသည့် နေရာ၌ ရယူနိုင်ပါသည်။

{ ပုံကို နိပ်၍ Ebook ( pdf ) အား ရယူနိုင်ပါသည်။ }


~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~

Viewing all articles
Browse latest Browse all 18345

Trending Articles


ဂျူးပင် စိုက်ပျိုးနည်း


သင့် ကိုယ်လုံးတီး ပုံများ အွန်လိုင်းပေါ် မရောက်ရလေအောင်


Bern , Switzerland, ဆွန်ဇာလန် နိုင်ငံ ၊ ဘန်းမြို့ ရဲ့ သာယာ လှပပြီး ရှု မညီးတဲ့...


ရဟန်းနှင့် ဘွဲ့ဒီဂရီ


ရှမ်းကိုးပြည် တွင်ပါဝင်သော မိုးညှင်းပြည် နှင့် မိုးမိတ်ပြည် ကို ဘုရင့်နောင်...


မြန်မာတွေ ကြည့်ရှု အဆင်ပြေမယ့် ဇာတ်ကား ရိုက်ကူးတယ် ဆိုသူ စံရတီမိုးမြင့်


(၁၅) မိနစ် တရားထိုင်နည်း


ဒွေး တိမ်တွေ ငိုတဲ့ခဏ ၊ ဒွေး ၊ နန္ဒာလှိုင် ၊ တင့်တင့်ထွန်း ၊ အောင်လွင် ၊ ဆင်မ


သာကူ⁠ပြင် ⁠ပြုလုပ်နည်း


၆နှစ်ပြည့်ရွှေဝါရောင်တော်လှန်ရေးသို့သမိုင်းအား လိမ်ညှာခဲ့သော...