Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all articles
Browse latest Browse all 18345

ကြက်ဥများ တင်ဆောင်လာသည့် ဆိုင်ကယ်မှ အရှိန်မထိန်းနိုင်၍ ယာဉ်မတော်တဆ တိုက်မှုဖြစ်

$
0
0
ရှမ်းပြည်နယ် အရှေ့ပိုင်း တာချီလိတ်မြို့၌ ယနေ့ ဇန်န၀ါရီလ (၈)ရက် နံနက် (၁၀)နာရီဝန်းကျင်အချိန်က အမှတ်(၁) ချစ်ကြည်ရေး တံတားထိပ်ရှိ အ၀ိုင်းပတ်အနီး၌ လမ်းဖြတ်ကူးသူအား ကြက်ဥတင်လာသည့် ဆိုင်ကယ်မှ အရှိန်မထိန်းနိုင်တော့ပဲ တိုက်မှုဖြစ်ပွားရာ နှစ်ဦးနှစ်ဖက် ဒဏ်ရာအနည်းငယ်စီရရှိသွားကြောင်း သိရသည်။


ဖြစ်စဉ်မှာ ကျန်ကျီလာ ဓါတ်ပုံဆိုင်ဘက်မှ လမ်းတစ်ဘက်သို့ ဖြတ်ကူးလာသော အသက် (၄၀)၀န်းကျင်ရှိ အမျိုးသမီးသည် ယာဉ်သွားယာဉ်လာများ၍ လမ်းအလယ်၌ ရပ်တန့်ပြီး အကူးမှာ ဘုရင့်နောင်ရုပ်တုဘက်မှ ကြက်ဥကတ်များ တင်ဆောင်လာသည့် ဆိုင်ကယ်သည် အရှိန်မထိန်းနိုင်တော့ပဲ ယာဉ်မတော်တဆ တိုက်မှုဖြစ်ပွားရာ အတိုက်ခံရသည့် အမျိုးသမီးမှာ အဆိုပါနေရာ၌ လဲကျသွားခဲ့ပြီး ညာဖက် လက်နာကျင်သွားခဲ့ကြောင်းနှင့် ဆိုင်ကယ်မောင်းလာသူ အမျိုးသားမှာ အဆိုပါနေရာ၌ပင် ၁မိနစ်မျှ သတိလစ်သွားခဲ့ပြီး ပါးပြင် နှင့် ဒူးခေါင်းတို့တွင် ပွန်းပဲ့ဒဏ်ရာများ ရရှိသွားကြောင်း သိရသည်။

"ဆိုင်ကယ်က အဝေးကနေ အရှိန်နဲ့မောင်းလာတာကို တွေ့လိုက်ရတော့ မတိုက်ခင်ကတည်းက တိုက်တော့မှာပဲလို့ ထင်လိုက်တယ်၊ မကြာဘူး တိုက်သံကြားရတော့တာပဲ"ဟု အနီးအနားရှိ
ဈေးသည်တစ်ဦးမှ ပြောပြသည်။

"ဒီနေရာက ယာဉ်သွား ယာဉ်လာ အရမ်းရှုပ်တယ်၊ ခဏခဏလည်း တိုက်မှုဖြစ်တယ်၊ ဖြစ်လိုက်ရင်လည်း သွေးထွက်သံယိုပဲ၊ အ၀ိုင်းပတ် ဆိုတော့ ယာဉ်သွား ယာဉ်လာအတွက် သက်ဆိုင်ရာတွေက အထူး စည်းကမ်း သတ်မှတ်ပေးရင် ကောင်းမယ်ဗျာ"ဟု အနီးအနားရှိ ဆိုင်ကယ် Taxi သမား တစ်ဦးက တာချီလိတ်အွန်လိုင်းသို့ ပြောသည်။

"အခု ယာဉ်တိုက်မှုကတော့ ဆိုးဆိုးရွားရွား မဟုတ်ပါဘူး၊ သို့ပေမဲ့လည်း တာချီလိတ်မှာ လမ်းကျဉ်းရတဲ့အထဲ ယာဉ်အမြန်မောင်းနေတာတွေ၊ လမ်းတစ်ဖက် တစ်ချက်မှာ ရပ်ထားတဲ့ ကားတွေ ဆိုင်ကယ်တွေကို ရပ်သင့်တဲ့နေရာ ရပ်ဖို့နဲ့ မရပ်သင့်တဲ့ နေရာတွေမှ မရပ်ဖို့ အထူး ကိုင်တွယ်ဖြေရှင်းပေးဖို့လိုတယ်ဗျာ၊ တာချီလိတ်မှာ ကိစ္စရှိလို့ အပြင်ထွက်ပြီးဆိုရင် အနောက်ကနေ ၀င်တိုက်သွားမလား တစ်ဖက်ကျော်လာတဲ့ ယာဉ်ကပဲ ၀င်တိုက်သွားမလားဆိုပြီး ဆိုးရိမ်နေရတယ်၊ "ဟု ယာဉ်တိုက်မှုဖြစ်ပွားရာနေရာတွင် ရောက်ရှိနေသူ မြို့မိမြို့ဖ တစ်ဦးမှလည်း ပြောလာသည်။

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~


Viewing all articles
Browse latest Browse all 18345

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>