Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all articles
Browse latest Browse all 18345

လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဂုဏ်ပြု ညစာ စားပွဲ တာချီလိတ်မြို့၌ ပထမဦးဆုံးအကြိမ် ပြုလုပ်

$
0
0
တာချီလိတ်မြို့၌ ပထမဦးဆုံးအကြိမ် ပြုလုပ်သည့် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဂုဏ်ပြု ညစာ စားပွဲကို ယနေ့ ဇန်န၀ါရီလ(၄)ရက် ည(၆)နာရီ အချိန်မှစ၍ ည (၁၀)နာရီ ၀န်းကျင် အချိန်ထိ တာချီလိတ်မြို့ ၀မ်ကောင်းရပ်ကွက်၊ ဂေါက်ကွင်းအနီးရှိ "ဟိုတယ်တာချီလိတ်"တွင် "ဟိုတယ်တာချီလိတ်"ပိုင်ရှင် ဦးထွန်းနေဦး+ဒေါ်ခင်ခင်ချို မိသားစုတို့မှ ဧည့်သည်တော် (၂၀၀)၀န်းကျင်တို့အား တည်ခင်းဧည့်ခံခဲ့ကြသည်။


အဆိုပါ ဂုဏ်ပြု ညစာ စားပွဲတွင် တာချီလိတ်စစ်ဗျူဟာအဖွဲ့(အခြေချ) စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ကျော်စွာလင်း၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးသောင်းတင်ထွေး ပါဝင်သည့် ခရိုင်အဆင့် ဌာနဆိုင်ရာများ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲထူး ပါဝင်သည့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ နိုင်ငံရေးပါတီများ၊ လူမှုရေးအသင်းအဖွဲ့များ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ နှင့် အခြားဧည့်သည်တော် (၂၀၀)၀န်းကျင် တက်ရောက်လာခဲ့ကြသည်။



ဂုဏ်ပြု ညစာစားပွဲတွင် တစ်ဦးနှင့်တစ်ဦး ရင်းရင်းနှီးနှီးဖြင့် ပျော်ရွှင်စွာ ညစာ စားသုံးကြပြီး "ဟိုတယ်တာချီလိတ်"ပိုင်ရှင် ဦးထွန်းနေဦး မှ ရင်းနှီးပျူငှာစွာဖြင့် လိုအပ်သည်များကို ဖြည့်ဆည်းပေးပြီး နောက်၊ ဌာဆိုင်ရာအကြီးအကဲများနှင့် အခြားဧည့်သည်များမှ (၆၆)နှစ်မြောက် လွတ်လပ်ရေးနေ့အား ဂုဏ်ပြုသောအားဖြင့် သီချင်းများ သီဆို၍ ပျော်ပျော်ပါးပါး ဆင်နွှဲခဲ့ကြသည်။


တာချီလိတ်မြို့တွင် ပထမဦးဆုံးပြုလုပ်သည့် (၆၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဂုဏ်ပြု ညစာ စားပွဲတွင် မီးရှုး/မီးပန်းများ ပစ်ဖောက်ခြင်း နှင့် မီးပုံးပျံအသေး အလုံး (၆၆)လုံး မှ (၁၀၀)၀န်းကျင် မီးပုံပြန်အကြီး တစ်လုံးတို့ကို အိုးစည်ဗုံမောင်းများဖြင့် တီးခတ်၍ လွှတ်တင်ကာ ပျော်ပျော်ပါးပါးဖြင့် ဂုဏ်ပြုညစာ စားပွဲအား ဆင်နွှဲခဲ့ကြပြီး ည(၁၀)နာရီ ၀န်းကျင်တွင် ယင်းအစီအစဉ်အား  ပြီးမြောက်စေခဲ့ကြသည်။

ပုံများကိုကြည့်ရန်
တာချီလိတ်မြို့နယ်၏ ပထမဦးဆုံး လွတ်လပ်ရေးနေ့ ဂုဏ်ပြု ညစာ စားပွဲ
87 photos

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~

Viewing all articles
Browse latest Browse all 18345

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>