ယနေ့ ၂၀၁၄ခုနှစ် ဇန်န၀ါရီလ(၄)ရက်နေ့သည် မြန်မာနိုင်ငံ၏ အဖိုးမဖြတ်နိုင်သော နေ့ထူးနေ့မြတ်ဖြစ်သည့် လွတ်လပ်ရေးနေ့ဖြစ်ရာ အဆိုပါလွတ်လပ်ရေးနေ့သည် ယခုအခါမှာ (၆၆)နှစ်မြောက်ခဲ့ပြီဖြစ်သည့်အတွက် မြန်မာနိုင်ငံတစ်ပြည်လုံး၌ စုပေါင်းအလံတင်ခြင်း၊ စုပေါင်းအလေးပြုခြင်း စသည်တို့ကို ပြုလုပ်ကြသည်ဖြစ်ရာ ယနေ့ နံနက်(၆း၃၀)နာရီအချိန်က တာချီလိတ်မြို့တွင်လည်း အဆိုပါ အလေးပြုခြင်း အခမ်းအနားကို ဘုရင့်နောင်ရင်ပြင်၌ စည်ကားသိုက်မြိုက်စွာ ပြုလုပ်ကျင်းပခဲ့ကြသည်။
လွတ်လပ်ရေးနေ့မြတ်ကြီးအား ဂုဏ်ပြုသည့် အလေးပြု အခမ်းအနားတွင် ခရိုင်အုပ်ချုပ်ရေးမှူး ဦးသောင်းတင်ထွေး ဦးဆောင်သည့် ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲထူး ဦးဆောင်သည့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ် ထောက်ကူပြု အဖွဲ့အစည်းများ နိုင်ငံရေးပါတီများ၊ လူမှုရေးအသင်းအဖွဲ့များ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ စာပေနှင့်ယဉ်ကျေးမှုအဖွဲ့များ နှင့် တိုင်းရင်းသားများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ပြည်သူလူထုများ စသည်တို့မှ တက်ရောက် အလေးပြုခဲ့ကြသည်။
အဆိုပါ အလေးပြုခြင်း အစီအစဉ် အပြီးတွင် တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးသောင်းတင်ထွေးက ပြည်ထောင်စုသမ္မတမြန်မာငံတော် နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန် ထံမှ ပေးပို့လာသော သ၀ဏ်လွှာအား ဖတ်ကြားခဲ့ပြီး အခမ်းအနားကို ပြီးမြောက်စေခဲ့ကြကြောင်း သိရှိရသည်။
(၆၆)နှစ်မြောက်အား ဂုဏ်ပြုသော အစီအစဉ်အဖြစ် ယနေ့ ဇန်န၀ါရီလ(၄)ရက်နေ့တွင် တာချီလိတ်မြို့နယ်၌ အားကစားပြိုင်ပွဲများကို ကျင်းပပြုလုပ်သွားမှာဖြစ်ပြီး ညပိုင်းတွင် (၆၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဂုဏ်ပြု ညစာ စားပွဲကိုလည်း ကျင်းပပြုလုပ်သွားမှာဖြစ်ကြောင်း သိရသည်။
ပုံများကိုကြည့်ရန်
လွတ်လပ်ရေးနေ့မြတ်ကြီးအား ဂုဏ်ပြုသည့် အလေးပြု အခမ်းအနားတွင် ခရိုင်အုပ်ချုပ်ရေးမှူး ဦးသောင်းတင်ထွေး ဦးဆောင်သည့် ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲထူး ဦးဆောင်သည့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ် ထောက်ကူပြု အဖွဲ့အစည်းများ နိုင်ငံရေးပါတီများ၊ လူမှုရေးအသင်းအဖွဲ့များ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ စာပေနှင့်ယဉ်ကျေးမှုအဖွဲ့များ နှင့် တိုင်းရင်းသားများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ပြည်သူလူထုများ စသည်တို့မှ တက်ရောက် အလေးပြုခဲ့ကြသည်။
အဆိုပါ အလေးပြုခြင်း အစီအစဉ် အပြီးတွင် တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးသောင်းတင်ထွေးက ပြည်ထောင်စုသမ္မတမြန်မာငံတော် နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန် ထံမှ ပေးပို့လာသော သ၀ဏ်လွှာအား ဖတ်ကြားခဲ့ပြီး အခမ်းအနားကို ပြီးမြောက်စေခဲ့ကြကြောင်း သိရှိရသည်။
ပုံများကိုကြည့်ရန်
126 photos
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
web: www.tachileik.net
Facebook: www.fb.com/TachileikNews
Youtube: www.youtube.com/ TachileikNews
Email: tachileik@tachileik.net