Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all articles
Browse latest Browse all 18345

ကျပ်(၇)သိန်းကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ တာချီလိတ်မြို့၌ ဖမ်းဆီးရမိ

$
0
0
ယနေ့ ဒီဇင်ဘာလ(၂၃)ရက် မွန်းလွှဲ(၁)နာရီအချိန်က မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ် ပါဝင်သည့် ပူးပေါင်းအဖွဲ့မှ တာချီလိတ်မြို့၊ တော်ကော့(အတွင်း)၊ အောင်ပင်လယ်သွားလမ်းရှိ နေအိမ်တစ်အိမ်၌ ကာလတန်ဖိုးငွေ ကျပ် (၇)သိန်းခန့် တန်ဖိုးရှိသည့် စိတ်ကြွဆေးပြားများ ဖမ်းဆီးရမိကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ အဆိုပါ ပူးပေါင်းအဖွဲ့သည် တော်ကော့(အတွင်း)၊ အောင်ပင်လယ်သွားလမ်းရှိ ဒေါ်မွှေး၏ နေအိမ်တစ်အိမ်၌ မူးယစ်ဆေးဝါးနှင့် ပတ်သက်၍ သတင်းရရှိသည့်အတွက် ၀င်ရောက်ရှာဖွေစစ်ဆေးရာ Wy စာတမ်းပါ ပန်းရောင် စိတ်ကြွဆေးပြား (၂၉၅)ပြားအား ရှာဖွေတွေ့ရှိရ၍ တာချီလိတ်မြို့မရဲစခန်းမှ မူးယစ်ဆေးဝါးနှင့်အတူ လက်ဝယ်တွေ့ရှိရသူ ဒေါ်မွှေးအား မယ(ပ) ၁၇၇/၂၀၁၃၊ မူး/စိတ်ပုဒ်မ ၁၅/၁၉(က)အရ အမှုဖွင့် အရေးယူဆောင်ရွက်ထားရှိကြောင်း သတင်းရရှိသည်။
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~


Viewing all articles
Browse latest Browse all 18345

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>