Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all articles
Browse latest Browse all 18345

တာလေမြို့နယ်ခွဲမှ နားဟိုင်းလုံ လယ်သမားများ နစ်နာလျော်ကြေးစပါးဖိုး ထိုင်းဘတ်ငွေ (၁၆)သိန်းကျော်ရရှိ

$
0
0
ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်ခရိုင်၊ တာလေမြို့နယ်ခွဲ နားဟိုင်းလုံကျေးရွာမှ လယ်သမားများသည် တောင်ပေါ်ရွှေတူးဖော်လုပ်ကွက်များမှ  စီးဆင်းလာသော ရေနှင့်သဲများသည် စိုက်ပျိုးလယ်မြေများသို့ ၀င်ရောက်လာမှုများကြောင့် လယ်မြေအတွင်း အနည်ထိုင်မှုများ ဖြစ်ပေါ်လာခဲ့ရာမှ ရာသီစပါး စိုက်ပျိုးရန် အခက်အခဲဖြစ်နေသည့် ကိစ္စနှင့် ပတ်သက်၍ နစ်နာကြေးရလိုမှုကို တာချီလိတ်မြို့မှ ဒေသဆိုင်ရာ အုပ်ချုပ်ရေးသို့အပြင် နေပြည်တော်အထိ တိုင်စာပေးပို့ခဲ့ကြသည့်အတွက် ၎င်းတို့၏ ကိစ္စအား ၂၀၁၃ခုနှစ် ဇွန်လ ကတည်းက ဖြေရှင်းပေးခဲ့ရာမှ မိုးရာသီအတွင်း စိုက်ပျိုးနိုင်ခဲ့သည့် နှုန်းထားများပေါ် မူတည်၍ ယနေ့ ဒီဇင်ဘာလ (၂၂)ရက် မွန်းလွှဲပိုင်းမှာ ရွှေတူးဖော်ရေးကုမ္ပဏီနှစ်ခုမှ နစ်နာကြေးအဖြစ် ထိုင်းဘတ်ငွေ (၁၆)သိန်းကျော်ကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး(တာလေမြို့နယ်ခွဲ)တွင် လယ်သမားများအား တစ်ဦးချင်းစီး ပေးအပ်ခဲ့ကြသည်။


ထိုသို့ မပေးအပ်မီမှာ တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးသောင်းတင်ထွေး၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲထူးနှင့် တာလေမြို့နယ်ခွဲအုပ်ချုပ်ရေးမှူး၊ မြေစာရင်း၊ စိုက်ပျိုးရေး၊ ဆည်မြောင်း မှ ဦးစီးအရာရှိများ အပါအ၀င် တာချီလိတ်မြို့နယ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ မြို့နယ် ဒု-ဥက္ကဌ ဦးစိုင်းလုံစံခတ်၊ ရုံးအဖွဲ့မှူး ဦးဝင်းမောင်နှင့် ဦးအောင်စွာငယ်တို့ အပြင် စိုင်းတစ်သတ္တုတူးဖော်ရေးကုမ္ပဏီ နှင့် လွယ်ခမ်းလုံသတ္တုတူးဖော်ရေးကုမ္ပဏီတို့မှ တာဝန်ရှိသူများက အဆိုပါ လယ်မြေများ အတွင်း
မြေပြင်ကွင်းဆင်း ကြည့်ရှု့စစ်ဆေးကြရာတွင် ရွာသူရွာသား၊ လယ်သမားများ အနေဖြင့် လယ်တစ်ဧက၏ အထွက်နှုန်းကို ၎င်းတို့ကိုယ်တိုင် စိုက်ပျိုးရိတ်သိမ်းခဲ့ကြသော်လည်း အထွက်နှုန်းကို မှန်ကန်တိကျစွာ ပြောနိုင်ခြင်း မရှိတာကိုလည်း တွေ့ရှိခဲ့ရသည်။


ယင်းနောက် အဆိုပါ အဖွဲ့သည် တာလေမြို့နယ်ခွဲ ထွေ/အုပ်ရုံး စည်းဝေးခန်းမ၌ စိုင်းတစ် သတ္တုတူးဖော်ရေးကုမ္ပဏီ နှင့် လွယ်ခမ်းလုံ သတ္တုတူးဖော်ရေးကုမ္ပဏီ တို့၏ ရွှေသတ္တုတူးဖော်ရာမှ စွန့်ပစ်မြေစာများကြောင့် နားဟိုင်းလုံကျေးရွာမှ ပျက်စီးလယ်မြေများအတွက် နစ်နာကြေး စပါးဘိုး အဖြစ် ရရှိမည့် လယ်ယာပိုင်ရှင်များဖြစ်သည့် လယ်သမား (၅၀)ဦးနှင့် တွေ့ဆုံကာ ခရိုင်အုပ်ချုပ်ရေးမှူး ဦးသောင်းတင်ထွေးက လယ်သမားများအနေဖြင့် အမှန်တကယ် စိုက်ပျိုး၍ ရရှိသည့် မြေများရှိနေသော်လည်း စိုက်ပျိုးမရသည်က များသည်ဟု ဆိုလာသည့်အတွက် နောက်ရာသီတွင် စိုက်ပျိုး၍ မရဟုသော နေရာတွင် မိမိတို့အနေဖြင့် တစ်ဧကစီ ၀ယ်ယူ၍ နမူနာအနေဖြင့် လက်တွေ့စိုက်ပျိုးပြသ ပေးသွားမည်ဖြစ်ကြောင်း၊ ထိုသို့ စိုက်ပျိုးရန်အတွက် တစ်ဧကစီဖြင့် သုံးနေရာသတ်မှတ်ကာ စိုက်ပျိုးသွားမည်ဖြစ်ကြောင်း နှင့် ထိုသို့ စိုက်ပျိုး၍ ရရှိသော နှုန်းထားများကို တိုင်းတာပေးမည်ဖြစ်ကြောင်းလယ်သမားများအား ရှင်းလင်းပြောကြားသွားခဲ့သည်။

ထိုသို့ပြောကြားလာမှုကို တာချီလိတ်မြို့နယ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ မြို့နယ် ဒု-ဥက္ကဌ ဦးစိုင်းလုံစံခတ်က ရှမ်းဘာသာစကားဖြင့် ပြန်လည်၍ ရှင်းလင်းပြောကြားခဲ့ပြီး၊ ရွာသားများမှလည်း ပြန်လည်ဆွေးနွေးတင်ပြသွားခဲ့တယ်။

ဆက်လက်၍ နစ်နာကြေး စပါးဘိုးအဖြစ် ရရှိမည့် လယ်ယာမြေပိုင်ရှင် လယ်သမား (၅၀)ဦး အမည်စာရင်းအား  ဦးစိုင်းလုံစံခတ်မှ တစ်ဦးချင်းစီအလိုက် ဖတ်ကြားပြပြီး တစ်ဦးချင်းစီ လက်ဗွေဖြင့်သော်လည်းကောင်း လက်မှတ်ထိုး၍သော်လည်းကောင်း နစ်နာကြေးများအား အများသူငှာရှေ့မှာပင် ပေးအပ်/ထုတ်ယူခဲ့ကြသည်။

အဆိုပါ နစ်နာကြေးအဖြစ် ပေးအပ်သော ဧက (၉၂.၄၄)ဧကအတွက် ထိုင်းဘတ်ငွေ (၁၆,၈၅၀,၁၀၀)ဘတ်ရှိ စပါးဘိုးများကို စိုင်းတစ် သတ္တုတူးဖော်ရေးကုမ္ပဏီ နှင့် လွယ်ခမ်းလုံ သတ္တုတူးဖော်ရေးကုမ္ပဏီတို့မှ ပူးပေါင်း၍ ပေးအပ်တာဖြစ်ကြောင်း သိရသည်။

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~

Viewing all articles
Browse latest Browse all 18345

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>