Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all articles
Browse latest Browse all 18345

တာချီလိတ် ဒီဇင်ဘာ လမ်းလျှောက်ပွဲ၌ နိုင်ငံ့ဂုဏ်ဆောင် မြန်မာအမျိုးသမီး ဘောလုံးအသင်းအား ဂုဏ်ပြု

$
0
0
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့၌ လူထုလမ်းလျှောက်ပွဲကို ယနေ့ ဒီဇင်ဘာလ (၂၁)ရက် စနေနေ့ နံနက် (၅)နာရီ အချိန်မှစ၍ (၅း၄၅)နာရီအချိန်ထိ စုရပ်ဖြစ်သော ရှမ်းရိုးမကုန်တိုက်ရှေ့မှ ဘောလုံးကွင်းထိ ကိုယ်လက်လှုပ်ရှား လမ်းလျှောက်မှုကို စတင်ခဲ့ကြသည်။


ထိုသို့ လမ်းလျှောက်ရာတွင် အထူးအစီအစဉ် တစ်ရပ်အနေဖြင့် နိုင်ငံ့ဂုဏ်ဆောင် မြန်မာအမျိုးသမီးဘောလုံးအသင်းအား ဂုဏ်ပြုသောအားဖြင့် လူထု၏ ရှေ့တန်းမှပင် ကျောင်းသား/သူများက ဗီနိုင်းကိုင်ဆောင်ပြီး လမ်းလျှောက်ခဲ့ကြသည်။


ရှမ်းရိုးမကုန်တိုက်ရှေ့မှ စတင်၍ အဆိုပါ စုပေါင်းအဖွဲ့မှ လမ်းလျှောက်ခဲ့ကြပြီး ဘောလုံးကွင်း၌ လမ်းလျှောက်မှု ပြီးမြောက်ပြီး သွေးပူလေ့ကျင့်ခန်းကို နည်းပြဆရာမမှ ပြသပြီးနောက် ပြိုင်တူလေ့ကျင့်ခဲ့ကြပြီး လမ်းလျှောက် လှုပ်ရှားပါဝင်ကြသော လူထုအား ဆန်ဆိုင်း(က+ခ)ရပ်ကွက်တို့မှ လက်ဖက်ရည်နှင့် ကောက်ညှင်းဖြင့် ဒါနပြုခဲ့ကြသည်။


အဆိုပါ လမ်းလျှောက်ပွဲအား အပတ်စဉ် စနေနေ့တိုင်းဖြစ်ပြီး သတ်မှတ်ရက်များမှာ ဒီဇင်ဘာလ(၇)၊ (၁၄)၊ (၂၁) နှင့် (၂၈)ရက်နေ့ထိ ဖြစ်ပြီး စုရပ်မှာ တာချီလိတ်မြို့ ရှမ်းရိုးမကွင်းရှေ့၌ နံနက် (၄း၃၀)နာရီ အချိန်တွင် စုစည်းပြီး ဘောလုံးကွင်းထိ လမ်းလျှောက်ကာ ကိုယ်လက် လှုပ်ရှားမှုများ ပြုလုပ်မှာ ဖြစ်သည့်အတွက် အပတ်စဉ် စနေနေ့ နံနက် (၄း၃၀)နာရီမှာ စုရပ်သို့ ရောက်ရမှာ ဖြစ်ကြောင်း သိရှိရသည်။

ပုံများကိုကြည့်ရန်
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~

Viewing all articles
Browse latest Browse all 18345

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>