Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all articles
Browse latest Browse all 18345

ကွတ်ခိုင်မြို့၌ ကျပ်သိန်းပေါင်း ၉၀၂၈ သိန်းခန့် တန်ဖိုးရှိသည့် ဘိန်းဖြူ နှင့် စိတ်ကြွဆေးပြားများ ဖမ်းဆီးရမိ

$
0
0
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့နယ်၊ (၁၂)မိုင်စုစည်းကျေးရွာ၌ မူးယစ်တပ်ဖွဲ့စု(၂၂)မူဆယ်၊ နမ့်ခမ်းလှုပ်ရှားအဖွဲ့မှ တပ်ဖွဲ့ဝင်များ၊ မူးယစ်တပ်ဖွဲ့စု(၁၀၁) ရှေ့တန်း အမှတ်(၁၆) စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်နှင့် နမ့်ခမ်းမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များ ပါဝင်သည့် ပူးပေါင်းအဖွဲ့မှ ၂၀၁၃ခုနှစ် နိုဝင်ဘာလ ၂၄ရက် နံနက် ၈နာရီ ၃၀မိနစ် အချိန်ခန့်က ကျပ်သိန်းပေါင်း (၁၁၈၈)သိန်းခန့် တန်ဖိုးရှိသည့် ဘိန်းဖြူများ နှင့် ကျပ်သိန်းပေါင်း (၇၈၄၀)သိန်းခန့် တန်ဖိုးရှိသည့် စိတ်ကြွဆေးပြားများအား ရှာဖွေဖမ်းဆီး သိမ်းဆည်းရမိရာ တရားခံတစ်ဦး ဖမ်းဆီးရမိပြီး အဆိုပါဆေးဝါးများကို ပိုင်ဆိုင်သူ တရားခံတစ်ဦးမှာ ထွက်ပြေးတိမ်းရှောင်သွားကြာင်း သတင်းရရှိသည်။


ဖြစ်စဉ်မှာ အဆိုပါ ပူးပေါင်းအဖွဲ့တို့သည် ကွတ်ခိုင်မြို့နယ်၊ (၁၂)မိုင်စုစည်းကျေးရွာ၌ မူးယစ်ဆေးဝါးနှင့် ပတ်သက်၍ သတင်းရရှိထားသည့် အတွက် ရန်ရှောင်ဖxx၏ နေအိမ်အား အိမ်ရှာဝရမ်း အမှတ် (၇၅/၂၀၁၃)ဖြင့် ၀င်ရောက်ရှာဖွေရာ ၎င်း၏ နေအိမ် မီးဖိုခန်းနှင့် တွဲလျှက် ပစ္စည်းများထားသိုသည့် စတိုခန်းအတွင်းမှ အစိမ်းရောင် မြွေရေခွံအိတ်များအတွင်းမှ အဖြူရောင် ပလပ်စတစ်အိတ်ဖြင့် ထုပ်လျှက် ဘိန်းဖြူ (၁၂)ဂရမ်ခန့်စီပါသည့် ဘိန်းဖြူဆပ်ပြာခွက် (၄၉၅)ခွက်  စုစုပေါင်း အလေးချိန်မှာ (၅.၉၄)ကီလိုရှိရာ ကာလတန်ဖိုးမှာ ကျပ်ငွေ (၁၁၉၉)သိန်း ရှိကြောင်း သိရသည်။


ဆက်လက်၍ ရှာဖွေရာ သံသေတ္တာအတွင်းမှ မှိုင်းကိုင် စက္ကူပလပ်စတစ်တိပ်တို့ဖြင့် ပတ်ထားသည့် အပြာရောင် ပလပ်စတစ်ကပ်ခွာ အိတ်ငယ်များ အတွင်းမှ Wy စာတန်းပါ နီညိုရောင် စိတ်ကြွဆေးပြား စုစုပေါင်း (၁၁၈၈၀၀)ပြားနှင့် 88 နှင့် 1 စာတန်း တစ်ဖက်စီပါသည့် နီညိုရောင် စိတ်ကြွဆေးပြား (၂၇၃၂၄၀)ပြားတို့အား ရှာဖွေတွေ့ရှိရာ စုစုပေါင်း စိတ်ကြွဆေးပြားများမှာ (၃၉၂၀၄၀)ပြားဖြစ်ပြီး အဆိုပါ ဆေးပြားများ၏ ကာလတန်ဖိုးငွေမှာ ကျပ် (၇၈၄၀)သိန်းခန့်ရှိကြောင်း သိရသည်။

ရှာဖွေတွေ့ရှိ သိမ်းဆည်းရမိသော ဆေးဝါးများနှင့်ပတ်သက်၍ နမ့်ခမ်းမြို့မရဲစခန်းမှ မူးယစ်(ပ) ၉၃/၂၀၁၃၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၅/၁၉(က)/၂၁အရ မူးယစ်ဆေးဝါးများအား လက်ဝယ်တွေ့ရှိရသူ အသက် (၃၈)နှစ်ရှိ ရန်ရှောင်ဖxxx နှင့် အဆိုပါဆေးဝါးများ၏ ပိုင်ရှင်ဖြစ်သူ ထွက်ပြေးတိမ်းရှောင်နေသူ အသက် (၅၀)၀န်းကျင်ရှိ လီကျင်းဟွာxxxတို့အား နိုဝင်ဘာလ ၂၄ရက် ညနေ ၅နာရီခွဲ အချိန်က အမှုဖွင့် အရေးယူထားရှိကြောင်း သတင်းရရှိသည်။
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~




Viewing all articles
Browse latest Browse all 18345

Trending Articles


တာချီလိတ်မြို့မှာ ကျင်းပပြီး နိုင်ငံပေါင်း ၁၉နိုင်ငံက လာရောက်မည့်...


သင့် ကိုယ်လုံးတီး ပုံများ အွန်လိုင်းပေါ် မရောက်ရလေအောင်


Bern , Switzerland, ဆွန်ဇာလန် နိုင်ငံ ၊ ဘန်းမြို့ ရဲ့ သာယာ လှပပြီး ရှု မညီးတဲ့...


ရဟန်းနှင့် ဘွဲ့ဒီဂရီ


ရှမ်းကိုးပြည် တွင်ပါဝင်သော မိုးညှင်းပြည် နှင့် မိုးမိတ်ပြည် ကို ဘုရင့်နောင်...


မြန်မာတွေ ကြည့်ရှု အဆင်ပြေမယ့် ဇာတ်ကား ရိုက်ကူးတယ် ဆိုသူ စံရတီမိုးမြင့်


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ဒွေး တိမ်တွေ ငိုတဲ့ခဏ ၊ ဒွေး ၊ နန္ဒာလှိုင် ၊ တင့်တင့်ထွန်း ၊ အောင်လွင် ၊ ဆင်မ


မတ်ပဲမျိုးများ၏ အရည်အချင်းလက္ခဏာများ


၆နှစ်ပြည့်ရွှေဝါရောင်တော်လှန်ရေးသို့သမိုင်းအား လိမ်ညှာခဲ့သော...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>