Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all articles
Browse latest Browse all 18345

မယ်ယန်း ပူးပေါင်း စစ်ဆေးရေးဂိတ်၌ စိတ်ကြွဆေးပြားများ ဖမ်းဆီးရမိ

$
0
0
တာချီလိတ်မြို့နယ်၊ ဖန်မင်ကျေးရွာအုပ်စု၊ မယ်ယန်းပူးပေါင်းစစ်ဆေးရေးဂိတ်တွင် တာချီလိတ် အ၀င်/အထွက် သွားလာနေသည့် ခရီးသွားများ နှင့် ယာဉ်များအား စစ်ဆေးမှုများ ပြုလုပ်လေ့ရှိရာ ၂၀၁၃ခုနှစ် နိုဝင်ဘာလ ၂၅ရက် နံနက် ၇နာရီခွဲ အချိန်က မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ် ပါဝင်သော ပူးပေါင်းအဖွဲ့မှ စိတ်ကြွဆေးပြားများအား ရှာဖွေဖမ်းဆီး သိမ်းဆည်းရမိကြောင်း သတင်းရရှိသည်။


အဆိုပါ ပူးပေါင်းအဖွဲ့တို့သည် မယ်ယန်းပူးပေါင်းစစ်ဆေးရေးဂိတ်၌ ယာဉ်သွားယာဉ်လာများအား စစ်ဆေးနေကြစဉ် တာချီလိတ်ဘက်မှ မိုင်းဖြတ်ဘက်သို့ သောင်းခိုင်xxx မောင်းနင်ပြီး ကျမူးxxxစီးနင်း လိုက်ပါလာသည့် ဆိုင်ကယ်အား ရပ်တန့်ရှာဖွေ စစ်ဆေးရာ ကျမူးxxx ၀တ်ဆင်ထားသည့် ဘောင်းဘီရှည် အိတ်ကပ်အတွင်းမှ အပြာရောင် ပလပ်စတစ်အိတ်ဖြင့် ထည့်လျှက် Wy စာတမ်းပါ ပန်းရောင် စိတ်ကြွဆေးပြား (၁၄၀)ပြားအား ရှာဖွေရမိကြောင်း သိရသည်။

မူးယစ်ဆေးဝါးများနှင့်အတူ လက်ဝယ်တွေ့ရှိရသည့် သောင်းခိုင်xxx နှင့် ကျမူးxxx တို့ နှစ်ဦးအား တာချီလိတ်မြို့မရဲစခန်းမှ မူးယစ်(ပ)၁၅၄/၂၀၁၃၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါများဆိုင်ရာ ဥပဒေပုဒ်မ ၁၅/၁၉(က)/၂၁ အရ အရေးယူဆောင်ရွက်ထားရှိကြောင်း သတင်းရရှိသည်။.
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~




Viewing all articles
Browse latest Browse all 18345

Trending Articles


တာချီလိတ်မြို့မှာ ကျင်းပပြီး နိုင်ငံပေါင်း ၁၉နိုင်ငံက လာရောက်မည့်...


သင့် ကိုယ်လုံးတီး ပုံများ အွန်လိုင်းပေါ် မရောက်ရလေအောင်


Bern , Switzerland, ဆွန်ဇာလန် နိုင်ငံ ၊ ဘန်းမြို့ ရဲ့ သာယာ လှပပြီး ရှု မညီးတဲ့...


ရဟန်းနှင့် ဘွဲ့ဒီဂရီ


ရှမ်းကိုးပြည် တွင်ပါဝင်သော မိုးညှင်းပြည် နှင့် မိုးမိတ်ပြည် ကို ဘုရင့်နောင်...


မြန်မာတွေ ကြည့်ရှု အဆင်ပြေမယ့် ဇာတ်ကား ရိုက်ကူးတယ် ဆိုသူ စံရတီမိုးမြင့်


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ဒွေး တိမ်တွေ ငိုတဲ့ခဏ ၊ ဒွေး ၊ နန္ဒာလှိုင် ၊ တင့်တင့်ထွန်း ၊ အောင်လွင် ၊ ဆင်မ


မတ်ပဲမျိုးများ၏ အရည်အချင်းလက္ခဏာများ


၆နှစ်ပြည့်ရွှေဝါရောင်တော်လှန်ရေးသို့သမိုင်းအား လိမ်ညှာခဲ့သော...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>