Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all articles
Browse latest Browse all 18345

ကျိုင်းတုံ၌ စိတ်ကြွဆေးပြား (၁၄၀၀၀) ဖမ်းဆီးရမိ

$
0
0




.............

ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသ ကျိုင်းတုံမြို့တွင် စိတ်ကြွဆေးပြား (၁၄၀၀၀)ပြားကို ဇူလိုင်လ(၁၀)ရက်နေ့ က ဖမ်းဆီးရမိကြောင်း မူးယစ်တပ်ဖွဲ့စု(၂၈)ကျိုင်းတုံမှ သတင်းရရှိသည်။

ကျိုင်းတုံမြို့နယ်၊ ကတ်ထိုက်ကျေးရွာအုပ်စု၊ ကတ်ထိုက်ကျေးရွာတွင် ဇူလိုင်လ(၁၀)ရက်နေ့ ည(၈)နာရီဝန်းကျင်က အဆိုပါ မူးယစ်ဆေးဝါးများကို ဖမ်းဆီးရမိခြင်း ဖြစ်သည်။

မူးယစ်တပ်ဖွဲ့စု(၂၈)ကျိုင်းတုံမှ ရဲအုပ်တေဇာစိုးညို ဦးစီးသည့် တပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်ရာ အဖွဲ့တို့ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ကတ်ထိုက်ကျေးရွာနေ စိုင်းရှဲန်လောင်၏ နေအိမ်အား မူးယစ်ဆေးဝါး သတင်းအရ ဝင်ရောက်ရှာဖွေရာမှ Wy စာတမ်းပါ စိတ်ကြွဆေးပြား (၁၄၀၀၀)ပြား၊ ထိုင်းဘတ်ငွေ (၆၀၀၀) ဘတ်၊ တရုတ်ယွမ်ငွေ (၁၂၀၀) ယွမ်နှင့် မော်တော်ယာဉ် (၁) စီးတို့အား ရှာဖွေသိမ်းဆည်းရမိကြောင်း သိရသည်။

မူးယစ်ဆေးဝါးများနှင့် ဖမ်းဆီးရမိသူ စိုင်းရှဲန်လောင်အား ကျိုင်းတုံမြို့မရဲစခန်းတွင် အမှုဖွင့်အရေးယူဆောင်ရွက်ထားရှိကြောင်း သိရှိရသည်။

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  

~~~~~~~~~ ကြော်ငြာ ~~~~~~~~~



Viewing all articles
Browse latest Browse all 18345

Trending Articles


“ဂုဏ်ယူမိပါတယ်” ကျနော်သိတဲ့ ကိုနေဝင်း (သို့) ဒေါက်တာနေဝင်း။


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


အရက်ဖိုးတောင်းသည့် ခင်ပွန်းအား ဇနီးမှ ဓားဖြင့်ထိုး၍ တောင်ကြီး၌ လူသတ်မှုဖြစ်ပွား


မြန်မာတွေ ကြည့်ရှု အဆင်ပြေမယ့် ဇာတ်ကား ရိုက်ကူးတယ် ဆိုသူ စံရတီမိုးမြင့်


ဆားပုလင်းနှင်းမောင်၏ နိဂုံး


မောင်စွမ်းရည် ● ဂျပန်စကားသင် ကျောင်းသား မောင်ဘဂျမ်း


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ဂျူးပင် စိုက်ပျိုးနည်း


သာကူ⁠ပြင် ⁠ပြုလုပ်နည်း



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>