Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all articles
Browse latest Browse all 18345

တရုတ္ႏိုင္ငံ ေယာင္မ်ိဳးႏြယ္စုတို႔ရဲ႕ သစ္သီးပြဲေတာ္

$
0
0




တရုတ္ႏုိင္ငံရွိ ေယာင္လူမ်ိဳးေတြထဲက မဂၤလာမေဆာင္ရေသးတဲ့ မိန္းကေလးေတြဟာ သစ္သီးေတြနဲ႔ တန္ဆာဆင္ထားတဲ့ ဝတ္စံုေတြနဲ႔ သစ္သီးပြဲေတာ္ ဆင္ႏႊဲၾကပါတယ္။

တ႐ုတ္ႏိုင္ငံ ဂြမ္တံုးက ေယာင္လူမ်ိဳးႏြယ္စုေတြရဲ႕ တတိယအႀကိမ္ သစ္ေတာ္သီးပြဲေတာ္နဲ႔ အသီးအႏွံ မ်ိဳးစံုပြဲေတာ္ ဖြင့္ပြဲကို ဇူလိုင္လရဲ႕ ပထမအပတ္ေနာက္ဆံုးရက္မွာ ျပဳလုပ္ခဲ့တာျဖစ္ပါတယ္။

ေယာင္လူမ်ိဳးေတြရဲ႕ ဓေလ့ထံုးစံအရ သစ္သီးမ်ိဳးစံုကို အျမင့္ (၅)မီတာေလာက္အထိ စုပံုထားပါတယ္။

တရုတ္ႏုိ္င္ငံရဲ႕ တရားဝင္အသိအမွတ္ျပဳထားတဲ့ လူမ်ိဳး (၅၅)မ်ိဳးမွာ ပါဝင္တဲ့ ေယာင္လူမ်ိဳးေတြဟာ ႏုိင္ငံရဲ႕ ေတာင္ပိုင္းနဲ႔ အေနာက္ေတာင္ပို္င္း ေတာင္ေပၚေဒသေတြမွာ ေနထိုင္ၾကတာျဖစ္ပါတယ္။

ဗီယက္နမ္ႏုိင္ငံရဲ႕ တရားဝင္အသိအမွတ္ျပဳ လူမ်ိဳး (၅၄)မ်ိဳးမွာလည္း ေယာင္လူမ်ိဳးေတြ ပါဝင္ပါတယ္။ ၂၀၀၀ ခုႏွစ္ သန္းေခါင္စာရင္းအရဆိုရင္ေတာ့ ေယာင္လူမ်ိဳးေတြဟာ တရုတ္ႏုိင္ငံမွာ (၂,၆၃၇,၄၂၁)ရိွၿပီး ဗီယက္နမ္ႏုိင္ငံမွာ (၄၇၀,၀၀၀)ရိွတယ္လို႔ ဆိုပါတယ္။

ဘာသာျပန္။  ။ နန္းေမာက္ကြမ္
Ref; CHx
.................

တရုတ်နိုင်ငံရှိ ယောင်လူမျိုးတွေထဲက မင်္ဂလာမဆောင်ရသေးတဲ့ မိန်းကလေးတွေဟာ သစ်သီးတွေနဲ့ တန်ဆာဆင်ထားတဲ့ ဝတ်စုံတွေနဲ့ သစ်သီးပွဲတော် ဆင်နွှဲကြပါတယ်။

တရုတ်နိုင်ငံ ဂွမ်တုံးက ယောင်လူမျိုးနွယ်စုတွေရဲ့ တတိယအကြိမ် သစ်တော်သီးပွဲတော်နဲ့ အသီးအနှံ မျိုးစုံပွဲတော် ဖွင့်ပွဲကို ဇူလိုင်လရဲ့ ပထမအပတ်နောက်ဆုံးရက်မှာ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

ယောင်လူမျိုးတွေရဲ့ ဓလေ့ထုံးစံအရ သစ်သီးမျိုးစုံကို အမြင့် (၅)မီတာလောက်အထိ စုပုံထားပါတယ်။

တရုတ်နို်င်ငံရဲ့ တရားဝင်အသိအမှတ်ပြုထားတဲ့ လူမျိုး (၅၅)မျိုးမှာ ပါဝင်တဲ့ ယောင်လူမျိုးတွေဟာ နိုင်ငံရဲ့ တောင်ပိုင်းနဲ့ အနောက်တောင်ပို်င်း တောင်ပေါ်ဒေသတွေမှာ နေထိုင်ကြတာဖြစ်ပါတယ်။

ဗီယက်နမ်နိုင်ငံရဲ့ တရားဝင်အသိအမှတ်ပြု လူမျိုး (၅၄)မျိုးမှာလည်း ယောင်လူမျိုးတွေ ပါဝင်ပါတယ်။ ၂၀၀၀ ခုနှစ် သန်းခေါင်စာရင်းအရဆိုရင်တော့ ယောင်လူမျိုးတွေဟာ တရုတ်နိုင်ငံမှာ (၂,၆၃၇,၄၂၁)ရှိပြီး ဗီယက်နမ်နိုင်ငံမှာ (၄၇၀,ဝဝဝ)ရှိတယ်လို့ ဆိုပါတယ်။

ဘာသာပြန်။ နန်းမောက်ကွမ်
Ref; CHx
 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  

~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~



Viewing all articles
Browse latest Browse all 18345

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>