Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all articles
Browse latest Browse all 18345

က်ိဳင္းလပ္၌ ၾကြက္ဖ်က္ဆီးခံရသည့္ ေတာင္ယာမ်ား အစားထိုးစိုက္ရန္ႏွင့္ ၾကြက္အႏၱရာယ္ကာကြယ္ေရးလုပ္ေဆာင္

$
0
0





တာခ်ီလိတ္ခရိုင္ က်ိဳင္းလပ္ၿမိဳ႕  မိုင္းပါးလွ်ိဳးအုပ္စုတြင္းမွ ေက်းရြာမ်ားတြင္ ေတာင္ယာစပါးခင္း ၾကြက္ဖ်က္ဆီးခံေနရသျဖင့္ ၾကြက္အႏၱရာယ္ကာကြယ္ေရးႏွင့္ ပ်က္စီးေတာင္ယာမ်ားတြင္ အစားထိုးသီးႏွံ စိုက္ႏုိင္ရန္ တာခ်ီလိတ္ခရုိင္ စိုက္ပ်ိဳးေရးဦးစီးဌာနက ဇူလိုင္လ (၉)ရက္ကစ၍ ကြင္းဆင္း ေဆာင္ရြက္ေနေၾကာင္း သိရသည္။

အဆုိပါ ေက်းရြာအုပ္စုတြင္ ၾကြက္ဖ်က္ဆီးသျဖင့္ ေတာင္ယာစပါးစိုက္ဧက (၉၁.၇၅) ပ်က္စီး သြားခဲ့ျခင္းေၾကာင့္ ၾကြက္အႏၱရာယ္ ကာကြယ္နည္းစနစ္မ်ား စိုက္ပ်ိဳးေရးဌာနက ပညာေပး ေဆာင္ရြက္ေနေၾကာင္း သိရသည္။

နစ္နာဆုံးရႈံးသြားေသာ ေတာင္ယာစိုက္ေတာင္သူမ်ားအား ထပ္မံစိုက္ပ်ိဳးႏုိင္ရန္ ေျမပဲ ၊ ပဲပုတ္ ႏွင့္ မိုဘိုလ္တင္းမွ ဖမ္းဆီးရမိေသာ အေစ့ထုတ္ေျပာင္းမ်ိဳးေစ့မ်ားကို ပံ့ပိုးေပးရန္ ညိႇႏိႈင္းေနေၾကာင္း တာခ်ီလိတ္ခရိုင္စိုက္ပ်ိဳးေရးဦးစီးဌာနရုံးမွ လက္ေထာက္ညႊန္ၾကားေရးမွဴး ဦးလွ၀င္းထံမွ သိရသည္။

က်ိဳင္းလပ္ၿမိဳ႕တြင္ ၂၀၁၅ ခုႏွစ္ ၾသဂုတ္လ (၇)ရက္ေန႔က ေရႀကီးေရလွ်ံမႈေၾကာင့္ စပါးစိုက္ဧက (၁၀၀၀)ေက်ာ္ ပ်က္ဆီးခဲ့ၿပီး ၂၀၁၆ ခုႏွစ္တြင္လည္း ေတာင္သူ(၇၅)ဦး၏ ေတာင္ယာဧက (၉၀)ေက်ာ္ ၾကြက္မ်ား ၀င္ေရာက္ကိုက္ဖ်က္ဆီးခံရမႈေၾကာင့္ ေဒသတြင္း စီးပြားေရးထိခိုက္လာေၾကာင္း တာခ်ီလိတ္ခရုိင္စိုက္ပ်ိဳးေရးဦးစီးဌာနမွ သိရသည္။

သတင္း။  ။ ေဇာင္းညီ
...................

တာချီလိတ်ခရိုင် ကျိုင်းလပ်မြို့မိုင်းပါးလျှိုးအုပ်စုတွင်းမှ ကျေးရွာများတွင် တောင်ယာစပါးခင်း ကြွက်ဖျက်ဆီးခံနေရသဖြင့် ကြွက်အန္တရာယ်ကာကွယ်ရေးနှင့် ပျက်စီးတောင်ယာများတွင် အစားထိုးသီးနှံ စိုက်နိုင်ရန် တာချီလိတ်ခရိုင် စိုက်ပျိုးရေးဦးစီးဌာနက ဇူလိုင်လ (၉)ရက်ကစ၍ ကွင်းဆင်း ဆောင်ရွက်နေကြောင်း သိရသည်။

အဆိုပါ ကျေးရွာအုပ်စုတွင် ကြွက်ဖျက်ဆီးသဖြင့် တောင်ယာစပါးစိုက်ဧက (၉၁.၇၅) ပျက်စီး သွားခဲ့ခြင်းကြောင့် ကြွက်အန္တရာယ် ကာကွယ်နည်းစနစ်များ စိုက်ပျိုးရေးဌာနက ပညာပေး ဆောင်ရွက်နေကြောင်း သိရသည်။

နစ်နာဆုံးရှုံးသွားသော တောင်ယာစိုက်တောင်သူများအား ထပ်မံစိုက်ပျိုးနိုင်ရန် မြေပဲ၊ ပဲပုတ် နှင့် မိုဘိုလ်တင်းမှ ဖမ်းဆီးရမိသော အစေ့ထုတ်ပြောင်းမျိုးစေ့များကို ပံ့ပိုးပေးရန် ညှိနှိုင်းနေကြောင်း တာချီလိတ်ခရိုင်စိုက်ပျိုးရေးဦးစီးဌာနရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးလှဝင်းထံမှ သိရသည်။

ကျိုင်းလပ်မြို့တွင် ၂၀၁၅ ခုနှစ် သြဂုတ်လ (၇)ရက်နေ့က ရကြေီးရေလျှံမှုကြောင့် စပါးစိုက်ဧက (၁၀၀၀)ကျော် ပျက်ဆီးခဲ့ပြီး ၂၀၁၆ ခုနှစ်တွင်လည်း တောင်သူ(၇၅)ဦး၏ တောင်ယာဧက (၉၀)ကျော် ကြွက်များ ဝင်ရောက်ကိုက်ဖျက်ဆီးခံရမှုကြောင့် ဒေသတွင်း စီးပွားရေးထိခိုက်လာကြောင်း တာချီလိတ်ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

သတင်း။ ဇောင်းညီ
 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~



Viewing all articles
Browse latest Browse all 18345

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>