Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all articles
Browse latest Browse all 18345

လားရႈိး၌ ေရလံုေလာက္စြာ ေပးေဝနိုင္ေရး UN Habitat အကူအညီျဖင့္ ဆည္အသစ္ ထပ္မံတည္ေဆာက္မည္

$
0
0

လားရိႈး၊ ဇူလိုင္လ (၈) ရက္
ရွမ္းျပည္နယ္(ေျမာက္ပိုင္း)လားရွိဳးၿမိဳ႕တြင္ ၿမိဳ႕တြင္းေရလံုေလာက္စြာ ေပးေဝနိုင္ရန္ UN Habitat မွ အကူအညီျဖင့္ ဆည္အသစ္ ထပ္မံတည္ေဆာက္သြားမည္ျဖစ္ေၾကာင္း လားရိႈးၿမိဳ႕နယ္ စည္ပင္သာယာေရးဌာနမွ သိရသည္။

"UN Habitat က ဦးေဆာင္ၿပီး ၿမိဳ႕တြင္းေရလံုေလာက္စြာ ရရွိဖို႔ ၿမိဳ႕နဲ႔ တစ္မိုင္ခြဲေလာက္ ေဝးတဲ့ေနရာမွာ ဆည္အသစ္ တည္ေဆာက္သြားမွာပါ။ အသစ္ေဆာက္မယ့္ကန္ကို ေရစစ္ကန္လုပ္ၿပီး ေရကန္ေတာင္ရွိ ေရကန္ေပါင္း(၂၀)ထဲကို တစ္ဆင့္ျပန္ထည့္ပါမယ္။ အဲဒီကမွတစ္ဆင့္ ၿမိဳ႕ထဲကိုေပးေဝမွာပါ။ ေရေပးေဝဖို႔ အတြက္ နွစ္(၃၀)ေလာက္ရွိတဲ႔ ေရပိုက္ေဟာင္းေတြကို အစားထိုးလဲလွယ္ေပးသြားမယ္။ ေရမရရွိေသးတဲ႔ ရပ္ကြက္ေတြကိုလည္း ေရပိုက္လိုင္းအသစ္ ထပ္မံသြယ္တန္းေပးသြားပါမယ္။"ဟု ၿမိဳ႕နယ္စည္ပင္သာယာေရးဌာနခြဲ(လားရွိဳး)မွ ဒုတိယအင္ဂ်င္နီယာမွဴးႀကီး ဦးတင္ေမာင္စိုးက ေျပာသည္။

လက္ရိွတြင္ ၿမိဳ႕နယ္စည္ပင္သာယာေရးဌာနအေနျဖင့္ လားရွိဳးၿမိဳ႕၏ (၆၅) ရာခိုင္ႏႈန္းကိုသာ ေရေပးေဝႏုိင္ေသးျခင္းျဖစ္ေၾကာင္း သိရသည္။

"ဒီရပ္ကြက္ (၇)ကြက္သစ္ဘက္ဆို ေရလံုးဝ မရေသးပါဘူး။ နီးစပ္ရာအိမ္က ကိုယ္ပိုင္တြင္းေရကို သြားသယ္ရတာေပါ့။ ခုလိုမ်ိဳး ေရလံုေလာက္ေအာင္ ေပးမယ္ၾကားေတာ့ ဝမ္းသာပါတယ္။ ေရသယ္ရတဲ႔ဒုကၡ ကင္းေဝးသြားတာေပါ့။"ဟု ရပ္ကြက္ (၇)မွ ကိုခင္ေမာင္လြင္က ေျပာသည္။

UN Habitat မွ ေက်းလက္ဖြံ႕ၿဖိဳးေရး အစီအစဥ္ျဖင့္ လားရွိဳးၿမိဳ႕တြင္ ေရေပးေဝေရး အစီအစဥ္ကို စက္တင္ဘာလတြင္ ၿပီးစီးေအာင္ေရးဆြဲရန္ ဌာနဆိုင္ရာ (၇)ခုႏွင့္ ပူးေပါင္းေဆြးေႏြးေနေၾကာင္း သိရသည္။

သတင္း။  ။ ေအာင္ျပည့္
...............

လားရှိုး၊ ဇူလိုင်လ (၈) ရက်
ရှမ်းပြည်နယ်(မြောက်ပိုင်း)လားရှိုးမြို့တွင် မြို့တွင်းရေလုံလောက်စွာ ပေးဝေနိုင်ရန် UN Habitat မှ အကူအညီဖြင့် ဆည်အသစ် ထပ်မံတည်ဆောက်သွားမည်ဖြစ်ကြောင်း လားရှိုးမြို့နယ် စည်ပင်သာယာရေးဌာနမှ သိရသည်။

"UN Habitat က ဦးဆောင်ပြီး မြို့တွင်းရေလုံလောက်စွာ ရရှိဖို့ မြို့နဲ့ တစ်မိုင်ခွဲလောက် ဝေးတဲ့နေရာမှာ ဆည်အသစ် တည်ဆောက်သွားမှာပါ။ အသစ်ဆောက်မယ့်ကန်ကို ရေစစ်ကန်လုပ်ပြီး ရေကန်တောင်ရှိ ရေကန်ပေါင်း(၂၀)ထဲကို တစ်ဆင့်ပြန်ထည့်ပါမယ်။ အဲဒီကမှတစ်ဆင့် မြို့ထဲကိုပေးဝေမှာပါ။ ရေပေးဝေဖို့ အတွက် နှစ်(၃၀)လောက်ရှိတဲ့ ရေပိုက်ဟောင်းတွေကို အစားထိုးလဲလှယ်ပေးသွားမယ်။ ရေမရရှိသေးတဲ့ ရပ်ကွက်တွေကိုလည်း ရေပိုက်လိုင်းအသစ် ထပ်မံသွယ်တန်းပေးသွားပါမယ်။"ဟု မြို့နယ်စည်ပင်သာယာရေးဌာနခွဲ(လားရှိုး)မှ ဒုတိယအင်ဂျင်နီယာမှူးကြီး ဦးတင်မောင်စိုးက ပြောသည်။

လက်ရှိတွင် မြို့နယ်စည်ပင်သာယာရေးဌာနအနဖြေင့် လားရှိုးမြို့၏ (၆၅) ရာခိုင်နှုန်းကိုသာ ရေပေးဝေနိုင်သေးခြင်းဖြစ်ကြောင်း သိရသည်။

"ဒီရပ်ကွက် (၇)ကွက်သစ်ဘက်ဆို ရေလုံးဝ မရသေးပါဘူး။ နီးစပ်ရာအိမ်က ကိုယ်ပိုင်တွင်းရေကို သွားသယ်ရတာပေါ့။ ခုလိုမျိုး ရေလုံလောက်အောင် ပေးမယ်ကြားတော့ ဝမ်းသာပါတယ်။ ရေသယ်ရတဲ့ဒုက္ခ ကင်းဝေးသွားတာပေါ့။"ဟု ရပ်ကွက် (၇)မှ ကိုခင်မောင်လွင်က ပြောသည်။

UN Habitat မှ ကျေးလက်ဖွံ့ဖြိုးရေး အစီအစဉ်ဖြင့် လားရှိုးမြို့တွင် ရေပေးဝေရေး အစီအစဉ်ကို စက်တင်ဘာလတွင် ပြီးစီးအောင်ရေးဆွဲရန် ဌာနဆိုင်ရာ (၇)ခုနှင့် ပူးပေါင်းဆွေးနွေးနေကြောင်း သိရသည်။

သတင်း။ အောင်ပြည့်
 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~



Viewing all articles
Browse latest Browse all 18345

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>