Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all articles
Browse latest Browse all 18345

လိုင္စင္မဲ့ေမာ္ေတာ္ယာဥ္မ်ား ဖမ္းဆီးရာတြင္ လူထုထိခိုက္မႈ အနည္းဆံုးျဖစ္ေအာင္ ရွမ္းျပည္နယ္အစိုးရ ေဆာင္ရြက္မည္

$
0
0

တာခ်ီလိတ္၊ ဇူလိုင္လ(၅)ရက္
ရွမ္းျပည္နယ္အစိုးရအေနျဖင့္ တရားဥပေဒစိုးမိုးရန္ လိုင္စင္မဲ့ေမာ္ေတာ္ယာဥ္မ်ားအား ၂၀၁၆ ခုႏွစ္အတြင္း အၿပီးသတ္ ဖမ္းဆီးမည္ျဖစ္ေသာ္လည္း အဆင့္လိုက္ စီမံခ်က္မ်ားျဖင့္ ပညာေပးလုပ္ငန္းမ်ား ေဆာင္ရြက္ၿပီးမွ လူထုထိခိုက္မႈ အနည္းဆံုးျဖစ္ေစရန္ လုပ္ေဆာင္ေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။

"ဥပေဒအရေတာ့ ကၽြန္ေတာ္တို႔က ဖမ္းဆီးရမွာပဲ။ ဒါေပမဲ့ ျပည္သူလူထု ထိခိုက္နစ္နာမႈ အနည္းဆံုး ျဖစ္ေအာင္ နည္းလမ္းရွာၿပီး ေဆာင္ရြက္ရမွာေပါ့။ “ဟု ရွမ္းျပည္နယ္အစိုးရ စီမံကိန္းႏွင့္ စီးပြားေရး၀န္ႀကီး ဦစိုးညႊန္႔လြင္က ေျပာသည္။

လက္ရိွတြင္ ရွမ္းျပည္နယ္အတြင္း လိုင္စင္မဲ့ေမာ္ေတာ္ယာဥ္မ်ားအား လက္နက္ကိုင္ အဖြဲ႕အစည္းမ်ား၊ ဌာနဆိုင္ရာမ်ား၊ ဘုန္းေတာ္ႀကီးေက်ာင္းမ်ားတြင္ပါ အသံုးျပဳမႈမ်ား ရိွေနျခင္းျဖစ္သျဖင့္ ျပည္နယ္အစိုးရ အေနျဖင့္ သတိထားေဆာင္ရြက္ရမည္ျဖစ္ေၾကာင္း ဝန္ႀကီးက ဆိုသည္။

“ အရင္ဆံုး ပဋိပကၡ မျဖစ္ေအာင္ ၀န္ထမ္းဆိုရင္ ညႊန္ၾကားခ်က္ေတြ ထုတ္ျပန္ေပးရမယ္။ လက္နက္ကိုင္ ဆိုလည္း အဲဒီလိုပဲ အေၾကာင္းၾကားရမယ္။ ဘုန္းေတာ္ႀကီးေက်ာင္းဆိုလည္း နားလည္ေအာင္ ဆရာေတာ္ႀကီးေတြကို ေလွ်ာက္ထားေဆာင္ရြက္ရမယ္ စီမံခ်က္ အဆင့္ဆင့္ေဆာင္ရြက္ၿပီး လူထုေတြပါ၀င္လာေအာင္ ပညာေပးလုပ္ငန္းေတြ လုပ္ၿပီးမွ ဘယ္နည္းလမ္းကအေကာင္းဆံုးလဲဆိုတာ ဆံုးျဖတ္ၿပီးကိုင္တြယ္မွာပါ"ဟု ျပည္နယ္ စီမံကိန္းႏွင့္ စီးပြားေရး၀န္ႀကီး ဦစိုးညႊန္႔လြင္က ဆိုသည္။

လိုင္စင္မဲ့ ေမာ္ေတာ္ယာဥ္မ်ားျဖင့္ မူးယစ္ေဆး၀ါးသယ္ယူျခင္း၊ ယာဥ္တိုက္မႈျဖစ္ပြားၿပီး ထြက္ေျပး တိမ္းေရွာင္ရာတြင္ ဖမ္းဆီးရ ခက္ခဲျခင္းမ်ားလည္း ႀကံဳေတြ႕ေနရသျဖင့္ တရားဥပေဒစိုးမိုးမႈႏွင့္ ျပည္သူမ်ားနစ္နာမႈမ်ားမွ ကာကြယ္ႏုိင္ေရးအတြက္ လိုင္စင္မဲ့ေမာ္ေတာ္ယာဥ္မ်ား ဖမ္းဆီးႏုိင္ေရးကို ေဆာင္ရြက္ရျခင္းျဖစ္ေၾကာင္း ဝန္ႀကီးက ဆိုသည္။

"လိုင္စင္မဲ့ ေမာ္ေတာ္ယာဥ္ေတြကို ဖမ္းဆီးတာထက္စာရင္ သတ္မွတ္ကာလတစ္ခုလုပ္ၿပီး အေကာက္ခြန္ေကာက္ၿပီး လိုင္စင္လုပ္ေပးလိုက္ရင္ အားလံုးအတြက္အဆင္ေျပတယ္။ လိုင္စင္လုပ္ၿပီးမွ မလုပ္တဲ့သူေတြ ဖမ္းတာဖမ္းေပါ့။ အခုက အရင္ကလို သိမ္းခံရမွာေၾကာက္ေနၾကတဲ့သူေတြ မ်ားတယ္။ သိမ္းခံရရင္ ၿမိဳ႕ေပၚကလူထက္ ေက်းရြာကလူေတြ ပိုၿပီး အထိနာမွာ ၿမိဳ႕ထဲမွာက လိုင္စင္ရွိတဲ့ ေမာ္ေတာ္ယာဥ္ေတြရွိတယ္။ ေက်းရြာမွာက ရြာထဲမွာရွိတဲ့ ကား၊ ဆိုင္ကယ္အားလံုး လိုင္စင္မဲ့ေတြက မ်ားတယ္"ဟု တာခ်ီလိတ္ၿမိဳ႕မွ ေမာ္ေတာ္ယာဥ္ အေရာင္းအ၀ယ္ျပဳလုပ္သူ ကိုခင္ေမာင္သိန္းက ေျပာသည္။

ရွမ္းျပည္နယ္အတြင္း လိုင္စင္မဲ့ေမာ္ေတာ္ယာဥ္မွာ  ေမာ္ေတာ္ယာဥ္သံုးစြဲမႈ၏ (၄၅)ရာခိုင္ႏွဳန္းခန္႔ရိွေနသျဖင့္ အထူးေကာ္မတီတစ္ရပ္ျဖင့္ အဆိုပါကိစၥအား ေျဖရွင္းသြားမည္ျဖစ္ေၾကာင္း ရွမ္းျပည္နယ္အစိုးရအဖြဲ႕ထံမွ သိရသည္။

လိုင္စင္မဲ့ေမာ္ေတာ္ယာဥ္ စီးနင္းမႈႏွင့္ပတ္သက္၍ ပို႔ကုန္/သြင္းကုန္ ဥပေဒပုဒ္မ (၈)အရ ေငြဒဏ္ခ်မွတ္ႏိုင္သည့္ အျပင္ ျပစ္ဒဏ္(၆)လအထိခ်မွတ္ႏိုင္ၿပီး ေငြဒဏ္ႏွင့္ ေထာင္ဒဏ္ႏွစ္ရပ္လံုးခ်မွတ္ႏိုင္ျခင္းျဖစ္သည္။

ယခုလက္ရွိ ယာဥ္တိုက္မႈမ်ားႏွင့္ပတ္သက္ၿပီး လိုင္စင္မဲ့ျဖစ္ေၾကာင္း ကုန္းလမ္းညႊန္ၾကားမႈဦးစီးဌာနမွ စိစစ္ေတြ႕ရွိပါက ယာဥ္တိုက္မႈျပစ္ဒဏ္အျပင္ ပို႔/သြင္း ျပစ္ဒဏ္ပါ ႏွစ္ခုလံုး ရင္ဆိုင္ရေၾကာင္း သိရသည္။

သတင္း။  ။ ကိုဇက္
................

တာချီလိတ်၊ ဇူလိုင်လ(၅)ရက်
ရှမ်းပြည်နယ်အစိုးရအနဖြေင့် တရားဥပဒေစိုးမိုးရန် လိုင်စင်မဲ့မော်တော်ယာဉ်များအား ၂၀၁၆ ခုနှစ်အတွင်း အပြီးသတ် ဖမ်းဆီးမည်ဖြစ်သော်လည်း အဆင့်လိုက် စီမံချက်များဖြင့် ပညာပေးလုပ်ငန်းများ ဆောင်ရွက်ပြီးမှ လူထုထိခိုက်မှု အနည်းဆုံးဖြစ်စေရန် လုပ်ဆောင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

"ဥပဒေအရတော့ ကျွန်တော်တို့က ဖမ်းဆီးရမှာပဲ။ ဒါပေမဲ့ ပြည်သူလူထု ထိခိုက်နစ်နာမှု အနည်းဆုံး ဖြစ်အောင် နည်းလမ်းရှာပြီး ဆောင်ရွက်ရမှာပေါ့။ “ဟု ရှမ်းပြည်နယ်အစိုးရ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦစိုးညွှန့်လွင်က ပြောသည်။

လက်ရှိတွင် ရှမ်းပြည်နယ်အတွင်း လိုင်စင်မဲ့မော်တော်ယာဉ်များအား လက်နက်ကိုင် အဖွဲ့အစည်းများ၊ ဌာနဆိုင်ရာများ၊ ဘုန်းတော်ကြီးကျောင်းများတွင်ပါ အသုံးပြုမှုများ ရှိနခြေင်းဖြစ်သဖြင့် ပြည်နယ်အစိုးရ အနဖြေင့် သတိထားဆောင်ရွက်ရမည်ဖြစ်ကြောင်း ဝန်ကြီးက ဆိုသည်။

“ အရင်ဆုံး ပဋိပက္ခ မဖြစ်အောင် ဝန်ထမ်းဆိုရင် ညွှန်ကြားချက်တွေ ထုတ်ပြန်ပေးရမယ်။ လက်နက်ကိုင် ဆိုလည်း အဲဒီလိုပဲ အကြောင်းကြားရမယ်။ ဘုန်းတော်ကြီးကျောင်းဆိုလည်း နားလည်အောင် ဆရာတော်ကြီးတွေကို လျှောက်ထားဆောင်ရွက်ရမယ် စီမံချက် အဆင့်ဆင့်ဆောင်ရွက်ပြီး လူထုတွေပါဝင်လာအောင် ပညာပေးလုပ်ငန်းတွေ လုပ်ပြီးမှ ဘယ်နည်းလမ်းကအကောင်းဆုံးလဲဆိုတာ ဆုံးဖြတ်ပြီးကိုင်တွယ်မှာပါ"ဟု ပြည်နယ် စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦစိုးညွှန့်လွင်က ဆိုသည်။

လိုင်စင်မဲ့ မော်တော်ယာဉ်များဖြင့် မူးယစ်ဆေးဝါးသယ်ယူခြင်း၊ ယာဉ်တိုက်မှုဖြစ်ပွားပြီး ထွက်ပြေး တိမ်းရှောင်ရာတွင် ဖမ်းဆီးရ ခက်ခဲခြင်းများလည်း ကြုံတွေ့နေရသဖြင့် တရားဥပဒေစိုးမိုးမှုနှင့် ပြည်သူများနစ်နာမှုများမှ ကာကွယ်နိုင်ရေးအတွက် လိုင်စင်မဲ့မော်တော်ယာဉ်များ ဖမ်းဆီးနိုင်ရေးကို ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ဝန်ကြီးက ဆိုသည်။

"လိုင်စင်မဲ့ မော်တော်ယာဉ်တွေကို ဖမ်းဆီးတာထက်စာရင် သတ်မှတ်ကာလတစ်ခုလုပ်ပြီး အကောက်ခွန်ကောက်ပြီး လိုင်စင်လုပ်ပေးလိုက်ရင် အားလုံးအတွက်အဆင်ပြေတယ်။ လိုင်စင်လုပ်ပြီးမှ မလုပ်တဲ့သူတွေ ဖမ်းတာဖမ်းပေါ့။ အခုက အရင်ကလို သိမ်းခံရမှာကြောက်နကြေတဲ့သူတွေ များတယ်။ သိမ်းခံရရင် မြို့ပေါ်ကလူထက် ကျေးရွာကလူတွေ ပိုပြီး အထိနာမှာ မြို့ထဲမှာက လိုင်စင်ရှိတဲ့ မော်တော်ယာဉ်တွေရှိတယ်။ ကျေးရွာမှာက ရွာထဲမှာရှိတဲ့ ကား၊ ဆိုင်ကယ်အားလုံး လိုင်စင်မဲ့တွေက များတယ်"ဟု တာချီလိတ်မြို့မှ မော်တော်ယာဉ် အရောင်းအဝယ်ပြုလုပ်သူ ကိုခင်မောင်သိန်းက ပြောသည်။

ရှမ်းပြည်နယ်အတွင်း လိုင်စင်မဲ့မော်တော်ယာဉ်မှာ မော်တော်ယာဉ်သုံးစွဲမှု၏ (၄၅)ရာခိုင်နှုန်းခန့်ရှိနေသဖြင့် အထူးကော်မတီတစ်ရပ်ဖြင့် အဆိုပါကိစ္စအား ဖြေရှင်းသွားမည်ဖြစ်ကြောင်း ရှမ်းပြည်နယ်အစိုးရအဖွဲ့ထံမှ သိရသည်။

လိုင်စင်မဲ့မော်တော်ယာဉ် စီးနင်းမှုနှင့်ပတ်သက်၍ ပို့ကုန်/သွင်းကုန် ဥပဒေပုဒ်မ (၈)အရ ငွေဒဏ်ချမှတ်နိုင်သည့် အပြင် ပြစ်ဒဏ်(၆)လအထိချမှတ်နိုင်ပြီး ငွေဒဏ်နှင့် ထောင်ဒဏ်နှစ်ရပ်လုံးချမှတ်နိုင်ခြင်းဖြစ်သည်။

ယခုလက်ရှိ ယာဉ်တိုက်မှုများနှင့်ပတ်သက်ပြီး လိုင်စင်မဲ့ဖြစ်ကြောင်း ကုန်းလမ်းညွှန်ကြားမှုဦးစီးဌာနမှ စိစစ်တွေ့ရှိပါက ယာဉ်တိုက်မှုပြစ်ဒဏ်အပြင် ပို့/သွင်း ပြစ်ဒဏ်ပါ နှစ်ခုလုံး ရင်ဆိုင်ရကြောင်း သိရသည်။

သတင်း။ ကိုဇက်
 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  


~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~



Viewing all articles
Browse latest Browse all 18345

Trending Articles


ဂ်ဴးပင္ စိုက္ပ်ိဳးနည္း


ဦးမ်ဳိးရန္ေနာင္သိမ္း လြတ္ေျမာက္


စာအုပ္​​ေပါင္​း ၆၀၀ ​ေက်ာ္​ပါတဲ႔ Link


ဘာျဖစ္လို႕ စစ္သားေတြ အေလးျပဳၾကသလဲဆိုတဲ့ ေမးခြန္းအတြက္ပါ


အရက္ဖိုးေတာင္းသည့္ ခင္ပြန္းအား ဇနီးမွ ဓားျဖင့္ထိုး၍ ေတာင္ႀကီး၌ လူသတ္မႈျဖစ္ပြား


ျမန္မာေတြ ၾကည့္႐ႈ အဆင္ေျပမယ့္ ဇာတ္ကား ႐ိုက္ကူးတယ္ ဆုိသူ စံရတီမိုးျမင့္


ခင္လြန္း - “က်ီးျဖဴ က်ီးမည္း တစ္ေကာင္တည္း”


လုလုေအာင္ HD အသစ္


ေဒြး တိမ္ေတြ ငိုတဲ့ခဏ ၊ ေဒြး ၊ နႏၵာလႈိင္ ၊ တင့္တင့္ထြန္း ၊ ေအာင္လြင္ ၊ ဆင္မ


သာကူ⁠ၿပင္ ⁠ျပဳလုပ္နည္း



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>