Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all articles
Browse latest Browse all 18345

တာခ်ီလိတ္ - မယ္ဆိုင္ အမွတ္(၁)တံတားေပၚ ျဖတ္သန္းသူမ်ားမွာ ထိုင္းႏိုင္ငံသားထက္ ျမန္မာႏုိင္ငံသား ပို၍မ်ားျပား

$
0
0

တာခ်ီလိတ္၊ ဇူလိုင္လ (၅) ရက္
ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕ႏွင့္ ထိုင္းႏိုင္ငံမယ္ဆိုင္ၿမိဳ႕အား ဆက္သြယ္ထားသည့္ ျမန္မာ - ထိုင္း အမွတ္(၁) ခ်စ္ၾကည္ေရးတံတားမွ ေန႔စဥ္ျဖတ္သန္းသြားသူမ်ားတြင္ ႏိုင္ငံျခားသားမ်ားႏွင့္ ထိုင္းလူမ်ိဳးမ်ားထက္ ျမန္မာႏိုင္ငံသားမ်ား  ပိုမိုမ်ားျပားေၾကာင္း သိရသည္။

“တံတားေပၚကေန ေန႔စဥ္ ျမန္မာလူမ်ိဳးက တစ္ရက္စာအုပ္နဲ႔ရယ္ တစ္ႏွစ္စာ စာအုပ္ရယ္ ႏွစ္မ်ဳိးေပါင္း (၄၀၀၀)ေက်ာ္ (၅၀၀၀)၀န္းက်င္ ေန႔စဥ္ ျဖတ္သန္းသြားလာၾကတယ္။ အဓိကေတာ့ ဟိုဘက္မွာ အလုပ္ သြားလုပ္တာရယ္ သြားလည္တာရယ္ အမ်ိဳးမ်ိဳးေပါ့။”ဟု အမွတ္(၁) ခ်စ္ၾကည္ေရးတံတားတြင္ တာ၀န္က်ေသာ ဌာနခြဲ(၆)မွ လူဝင္မႈႀကီးၾကပ္ေရးမွဴး ဦးရဲထြန္းျမင့္က ေျပာသည္။

ခ်စ္ၾကည္ေရးတံတားမွ ေန႔စဥ္ျဖတ္သန္းသူမ်ားတြင္ ေန႔စဥ္ ျမန္မာႏိုင္ငံသား (၄၀၀၀)ေက်ာ္၊ ထိုင္းႏိုင္ငံသား(၂၀၀၀) ေက်ာ္ခန္႔ ႏွင့္ ႏိုင္ငံျခားခရီးသြားဦးေရ (၇၀) မွ (၈၀)ခန္႔သာ ျဖတ္သန္းသြားလာၾကေၾကာင္း လူဝင္မႈႀကီးၾကပ္ေရးဌာန၏ စာရင္းအရ သိရသည္။

“ဒီဘက္မွာက ႏိုင္ငံျခားသားလူမ်ိဳးမ်ားအတြက္ အလည္အပတ္ေလာက္ပဲ ရွိတာေလ။ ဒီၿမိဳ႕မွာေနထိုင္တဲ့ ေဒသခံေတြ အေနနဲ႔ေတာ့ ဟိုဘက္ကမ္းကို ေန႔စဥ္အလည္သြားၾကတာလည္း ရွိတယ္။ ေနာက္ အလုပ္ သြားလုပ္တာလည္း ရွိတယ္။ ေဆးသြားကုတာလည္း ရွိတယ္။ ဟိုဘက္မွာ အလုပ္ သြားလုပ္တဲ့သူက ပိုေတာင္မ်ားေသးတယ္။”ဟု ေဒသခံ ဦးေက်ာ္စိုးက ေျပာသည္။

ျမန္မာ - ထိုင္း ခ်စ္ၾကည္ေရးတံတားအမွတ္(၁)အား တစ္ႏိုင္တစ္ပိုင္ ကုန္စည္စီးဆင္းမႈႏွင့္ ျဖတ္သန္း သြားလာေရးအတြက္ အသံုးျပဳလွ်က္ရွိၿပီး တာခ်ီလိတ္ၿမိဳ႕ မယ္ေခါင္ရပ္ကြက္အတြင္းရွိ ခ်စ္ၾကည္ေရးတံတား အမွတ္(၂)အား ႏွစ္ႏုိင္ငံကုန္စည္စီးဆင္းေရးအတြက္ အသံုးျပဳျခင္းျဖစ္သည္။

သတင္း။  ။ ေဇာင္းညီ
..........

တာချီလိတ်၊ ဇူလိုင်လ (၅) ရက်
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နှင့် ထိုင်းနိုင်ငံမယ်ဆိုင်မြို့အား ဆက်သွယ်ထားသည့် မြန်မာ - ထိုင်း အမှတ်(၁) ချစ်ကြည်ရေးတံတားမှ နေ့စဉ်ဖြတ်သန်းသွားသူများတွင် နိုင်ငံခြားသားများနှင့် ထိုင်းလူမျိုးများထက် မြန်မာနိုင်ငံသားများ ပိုမိုများပြားကြောင်း သိရသည်။

“တံတားပေါ်ကနေ နေ့စဉ် မြန်မာလူမျိုးက တစ်ရက်စာအုပ်နဲ့ရယ် တစ်နှစ်စာ စာအုပ်ရယ် နှစ်မျိုးပေါင်း (၄၀၀၀)ကျော် (၅၀၀၀)ဝန်းကျင် နေ့စဉ် ဖြတ်သန်းသွားလာကြတယ်။ အဓိကတော့ ဟိုဘက်မှာ အလုပ် သွားလုပ်တာရယ် သွားလည်တာရယ် အမျိုးမျိုးပေါ့။”ဟု အမှတ်(၁) ချစ်ကြည်ရေးတံတားတွင် တာဝန်ကျသော ဌာနခွဲ(၆)မှ လူဝင်မှုကြီးကြပ်ရေးမှူး ဦးရဲထွန်းမြင့်က ပြောသည်။

ချစ်ကြည်ရေးတံတားမှ နေ့စဉ်ဖြတ်သန်းသူများတွင် နေ့စဉ် မြန်မာနိုင်ငံသား (၄၀၀၀)ကျော်၊ ထိုင်းနိုင်ငံသား(၂၀၀၀) ကျော်ခန့် နှင့် နိုင်ငံခြားခရီးသွားဦးရေ (၇၀) မှ (၈၀)ခန့်သာ ဖြတ်သန်းသွားလာကြကြောင်း လူဝင်မှုကြီးကြပ်ရေးဌာန၏ စာရင်းအရ သိရသည်။

“ဒီဘက်မှာက နိုင်ငံခြားသားလူမျိုးများအတွက် အလည်အပတ်လောက်ပဲ ရှိတာလေ။ ဒီမြို့မှာနေထိုင်တဲ့ ဒေသခံတွေ အနေနဲ့တော့ ဟိုဘက်ကမ်းကို နေ့စဉ်အလည်သွားကြတာလည်း ရှိတယ်။ နောက် အလုပ် သွားလုပ်တာလည်း ရှိတယ်။ ဆေးသွားကုတာလည်း ရှိတယ်။ ဟိုဘက်မှာ အလုပ် သွားလုပ်တဲ့သူက ပိုတောင်များသေးတယ်။”ဟု ဒေသခံ ဦးကျော်စိုးက ပြောသည်။

မြန်မာ - ထိုင်း ချစ်ကြည်ရေးတံတားအမှတ်(၁)အား တစ်နိုင်တစ်ပိုင် ကုန်စည်စီးဆင်းမှုနှင့် ဖြတ်သန်း သွားလာရေးအတွက် အသုံးပြုလျှက်ရှိပြီး တာချီလိတ်မြို့ မယ်ခေါင်ရပ်ကွက်အတွင်းရှိ ချစ်ကြည်ရေးတံတား အမှတ်(၂)အား နှစ်နိုင်ငံကုန်စည်စီးဆင်းရေးအတွက် အသုံးပြုခြင်းဖြစ်သည်။

သတင်း။ ဇောင်းညီ
 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  

~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~



Viewing all articles
Browse latest Browse all 18345

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>