Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all articles
Browse latest Browse all 18345

တရုတ္ႏုိင္ငံက ငရုတ္သီးစားၿပိဳင္ပြဲ၊ အႏိုင္ရသူ ေရႊငရုတ္သီး ရရွိ

$
0
0




ဘာသာျပန္၊ ဇူလိုင္လ(၄)
တရုတ္ႏုိင္ငံေတာင္ပိုင္း ယူနန္ျပည္နယ္ လီဂ်န္မွာ ဇူလိုင္လ (၂)ရက္ေန႔က က်င္းပခဲ့တဲ့ ငရုတ္သီး အစားၿပိဳင္ပြဲဟာ ေဒသအသီးသီး စိတ္ဝင္တစား ပါဝင္ဆင္ႏႊဲၾကတဲ့ ၿပိဳင္ပြဲျဖစ္ပါတယ္။

ဒီမွာေတာ့ ၿပိဳင္ပြဲဝင္သူေတြဟာ ငရုတ္သီးေတြ ထည့္ထားတဲ့ ေရအိုးႀကီးေတြထဲမွာဆင္းၿပီး ငရုတ္သီးေတြ တစ္ေတာင့္ၿပီး တစ္ေတာင့္ စားျပရတာပါ။

အံ့ၾသစရာေကာင္းတဲ့ၿပိဳင္ပြဲမွာ အႏုိင္ရသြားတာကေတာ့ တရုတ္ႏုိ္င္ငံ အေနာက္ေတာင္ပိုင္း စီခၽြမ္ျပည္နယ္က ခရီးသြားတစ္ဦး ျဖစ္ပါတယ္။

သူက ႏွစ္မိနစ္အတြင္းမွာ ငရုတ္သီး (၄၇)ေတာင့္ကို စားျပသြားတာပါ။ စီခၽြမ္ျပည္နယ္ဆိုတာကေတာ့ တရုတ္ႏုိင္ငံအတြင္းက အပူအစပ္ဟင္းလ်ာေတြ နာမည္ေက်ာ္တဲ့ ေဒသျဖစ္ပါတယ္။

ဒီၿပိဳင္ပြဲမွာ ခ်န္ပီယံျဖစ္သြားသူကို ေရႊသားစစ္စစ္နဲ႔ ျပဳလုပ္ထားတဲ့ ငရုတ္သီးကို ဆုခ်ီးျမႇင့္တယ္လို႔ သိရပါတယ္။

ဘာသာျပန္။  ။ ဇာႏွင္းထိုက္
Ref; CCTVcom

................

ဘာသာပြန်၊ ဇူလိုင်လ(၄)
တရုတ်နိုင်ငံတောင်ပိုင်း ယူနန်ပြည်နယ် လီဂျန်မှာ ဇူလိုင်လ (၂)ရက်နေ့က ကျင်းပခဲ့တဲ့ ငရုတ်သီး အစားပြိုင်ပွဲဟာ ဒေသအသီးသီး စိတ်ဝင်တစား ပါဝင်ဆင်နွှဲကြတဲ့ ပြိုင်ပွဲဖြစ်ပါတယ်။

ဒီမှာတော့ ပြိုင်ပွဲဝင်သူတွေဟာ ငရုတ်သီးတွေ ထည့်ထားတဲ့ ရေအိုးကြီးတွေထဲမှာဆင်းပြီး ငရုတ်သီးတွေ တစ်တောင့်ပြီး တစ်တောင့် စားပြရတာပါ။

အံ့သြစရာကောင်းတဲ့ပြိုင်ပွဲမှာ အနိုင်ရသွားတာကတော့ တရုတ်နို်င်ငံ အနောက်တောင်ပိုင်း စီချွမ်ပြည်နယ်က ခရီးသွားတစ်ဦး ဖြစ်ပါတယ်။

သူက နှစ်မိနစ်အတွင်းမှာ ငရုတ်သီး (၄၇)တောင့်ကို စားပြသွားတာပါ။ စီချွမ်ပြည်နယ်ဆိုတာကတော့ တရုတ်နိုင်ငံအတွင်းက အပူအစပ်ဟင်းလျာတွေ နာမည်ကျော်တဲ့ ဒေသဖြစ်ပါတယ်။

ဒီပြိုင်ပွဲမှာ ချန်ပီယံဖြစ်သွားသူကို ရွှေသားစစ်စစ်နဲ့ ပြုလုပ်ထားတဲ့ ငရုတ်သီးကို ဆုချီးမြှင့်တယ်လို့ သိရပါတယ်။

ဘာသာပြန်။ ဇာနှင်းထိုက်
Ref; CCTVcom
 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  


~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~


Viewing all articles
Browse latest Browse all 18345

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>