Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all articles
Browse latest Browse all 18345

က်ိဳင္းတံုတြင္ ႏို္င္ငံျခားခရီးသြား ဝင္ေရာက္မႈ နည္းလာ၍ ေဒသတြင္း အာခါတိုင္းရင္းသား ရိုးရာအထည္မ်ား ေရာင္းအားက်

$
0
0

က်ဳိင္းတံု၊ ဇူလိုင္လ(၄) ရက္
ရွမ္းျပည္နယ္ (အေရွ ့ပိုင္း) က်ိဳင္းတုံၿမိဳ႕တြင္ ႏိုင္ငံျခားသား ခရီးသြားမ်ား ဝင္ေရာက္မႈ နည္းလာသည့္အတြက္ ေဒသတြင္း အာခါတိုင္းရင္းသားရိုးရာ အထည္မ်ား ေရာင္းအား က်ဆင္းလွ်က္ရိွေၾကာင္း သိရသည္။

"အခုလိုအခ်ိန္က မိုးတြင္းလည္းျဖစ္တဲ့အတြက္ ႏို္င္ငံျခားသားခရီးသြားေတြ သိပ္မ၀င္တဲ့အျပင္ ေတာင္ေပၚက အာခါတိုင္းရင္းသားေတြကလည္း စပါးစိုက္တဲ့ အခ်ိန္ျဖစ္တာေၾကာင့္ ေတာင္ေပၚက ဆင္းလာရင္ စားေသာက္ကုန္ေတြကိုပဲ ၀ယ္သြားၾကတာမ်ားလို႔ အာခါထည္ေတြက အေရာင္းပါးတယ္။ ပြင့္လင္းရာသီျဖစ္တဲ့ ေအာက္တိုဘာလေနာက္ပိုင္းနဲ ့ ႏွစ္သစ္ကူးကာလေတြမွာ ဆိုရင္ေတာ့ ေရာင္းအားျပန္ေကာင္းလာ တတ္ပါတယ္။"ဟု က်ိဳင္းတုံၿမိဳ႕ ရိွ AKHA HANDICRAFT CENTRE မွ မခင္ေမလတ္က ေျပာသည္။

က်ိဳင္းတံုၿမိဳ႕သို႔ ထိုင္းႏိုင္ငံမွ ႏိုင္ငံျခားသား ဧည့္သည္မ်ား၀င္ေရာက္မႈမွာ ေလ်ာ့မသြားေသာ္လည္း အာခါထည္မ်ားကို စိတ္၀င္စားမႈ နည္းသည့္အတြက္ ၀ယ္ယူမႈမရိွၾကဘဲ အာခါရိုးရာအထည္ဆိုင္မ်ားတြင္ တစ္လလွ်င္ ပ်မ္းမွ် က်ပ္(၁)သိန္းခန္႔သာ ေရာင္းခ်ေနရေၾကာင္း သိရသည္။

"ဒီအာခါအထည္ေတြကို ဥေရာပတိုက္သားေတြကပဲ အမ်ားဆုံး၀ယ္ၾကတာ ေတြ ့ရတယ္။ သူတို႔၀ယ္ရင္ အေဟာင္းထည္ေတြကို ၀ယ္တာမ်ားတယ္။ ေရွးေဟာင္း အကၤ် ီတို ့၊ ေခါင္းေပါင္း၊ လြယ္အိတ္တို ့ အဲဒါေတြကို အဓိကထားၿပီး ၀ယ္ၾကတယ္။"ဟု မခင္ေမလတ္က ေျပာသည္။

အဆိုပါ အာခါထည္မ်ားကို ေဒသခံအာခါတိုင္းရင္းသားမ်ားမွ ရက္လုပ္ၾကျခင္းျဖစ္ေသာ္လည္း ကုန္ၾကမ္းမ်ားကို တရုတ္ႏုိင္ငံမွ တင္သြင္းရျခင္းျဖစ္ေၾကာင္း သိရသည္။

သတင္း။  ။ ဇြဲျမတ္
..............

ကျိုင်းတုံ၊ ဇူလိုင်လ(၄) ရက်
ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့တွင် နိုင်ငံခြားသား ခရီးသွားများ ဝင်ရောက်မှု နည်းလာသည့်အတွက် ဒေသတွင်း အာခါတိုင်းရင်းသားရိုးရာ အထည်များ ရောင်းအား ကျဆင်းလျှက်ရှိကြောင်း သိရသည်။

"အခုလိုအချိန်က မိုးတွင်းလည်းဖြစ်တဲ့အတွက် နို်င်ငံခြားသားခရီးသွားတွေ သိပ်မဝင်တဲ့အပြင် တောင်ပေါ်က အာခါတိုင်းရင်းသားတွေကလည်း စပါးစိုက်တဲ့ အချိန်ဖြစ်တာကြောင့် တောင်ပေါ်က ဆင်းလာရင် စားသောက်ကုန်တွေကိုပဲ ဝယ်သွားကြတာများလို့ အာခါထည်တွေက အရောင်းပါးတယ်။ ပွင့်လင်းရာသီဖြစ်တဲ့ အောက်တိုဘာလနောက်ပိုင်းနဲ့ နှစ်သစ်ကူးကာလတွေမှာ ဆိုရင်တော့ ရောင်းအားပြန်ကောင်းလာ တတ်ပါတယ်။"ဟု ကျိုင်းတုံမြို့ ရှိ AKHA HANDICRAFT CENTRE မှ မခင်မေလတ်က ပြောသည်။

ကျိုင်းတုံမြို့သို့ ထိုင်းနိုင်ငံမှ နိုင်ငံခြားသား ဧည့်သည်များဝင်ရောက်မှုမှာ လျော့မသွားသော်လည်း အာခါထည်များကို စိတ်ဝင်စားမှု နည်းသည့်အတွက် ဝယ်ယူမှုမရှိကြဘဲ အာခါရိုးရာအထည်ဆိုင်များတွင် တစ်လလျှင် ပျမ်းမျှ ကျပ်(၁)သိန်းခန့်သာ ရောင်းချနေရကြောင်း သိရသည်။

"ဒီအာခါအထည်တွေကို ဥရောပတိုက်သားတွေကပဲ အများဆုံးဝယ်ကြတာ တွေ့ရတယ်။ သူတို့ဝယ်ရင် အဟောင်းထည်တွေကို ဝယ်တာများတယ်။ ရှေးဟောင်း အင်္ကျီတို့၊ ခေါင်းပေါင်း၊ လွယ်အိတ်တို့ အဲဒါတွေကို အဓိကထားပြီး ဝယ်ကြတယ်။"ဟု မခင်မေလတ်က ပြောသည်။

အဆိုပါ အာခါထည်များကို ဒေသခံအာခါတိုင်းရင်းသားများမှ ရက်လုပ်ကြခြင်းဖြစ်သော်လည်း ကုန်ကြမ်းများကို တရုတ်နိုင်ငံမှ တင်သွင်းရခြင်းဖြစ်ကြောင်း သိရသည်။

သတင်း။ ဇွဲမြတ်
 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  
~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~



Viewing all articles
Browse latest Browse all 18345

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>