Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all articles
Browse latest Browse all 18345

မယ့်ဖါးလုံဖောင်ဒေးရှင်းမှ ဖတ်ဟိ(အောက်ရွာ)၌ အာသမ်လ္ဘက်ပင်ပေါင်း (၂၀၀)စိုက်ပျိုး

$
0
0








တာချီလိတ်၊ ဇူလိုင်လ(၄)


မြန်မာ - ထိုင်း နှစ်နိုင်ငံ အစားထိုးဖွံ့ဖြိုးရေးစီမံကိန်း မယ့်ဖါးလုံဖောင်ဒေးရှင်းသည် ကျေးရွာများအတွင်း ဆင်းရဲနွမ်းပါးမှုလျှော့နည်းရန်၊ မူးယစ်ဆေးဝါး၊ တရားမ၀င်လုပ်ငန်းများ နှင့် ပတ်သတ်ခြင်းမရှိသည့် အသက်မွေးဝမ်းကျောင်း နည်းလမ်းများရှာဖွေ ပေးရန် ရည်ရွယ်ချက်ဖြင့် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။

မယ့်ဖါးလုံဖောင်ဒေးရှင်း၏ စီမံကိန်းကာလမှာ (၂၀၁၂)ခုနှစ်မှ (၂၀၁၈) ခုနှစ်အထိဖြစ်ပြီး ယခုလက်ရှိတွင် ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်ခရိုင် နှင့် မိုင်းဆတ်ခရိုင်အတွင်းရှိ ကျေးရွာပေါင်း (၅၆)ရွာ၌ လ္ဘက်ပင် အပါအ၀င် မက္ကဒေးမီးယားပင်၊ ကော်ဖီပင်၊ သစ်ခေါက်ပင်၊ သီဟိုဠ်ပင်၊ ထစ်ရှုးငှက်ပျောပင် စသည့်တို့ကို အပင်ပေါင်း(၁၀)သိန်းကျော် စိုက်ပျိုး ဖြန့်ဝေပေးကာ ဆောင်ရွက်နေလျှက်ရှိကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ။  ။ ဇောင်းညီ
...............

တာချီလိတ်၊ ဇူလိုင်လ(၄)
မြန်မာ - ထိုင်း ပူးပေါင်းဆောင်ရွက်သည့် ရေရှည်တည်တံ့သော အစားထိုး အသက်မွေးဝမ်းကျောင်း ဖွံ့ဖြိုးရေး စီမံကိန်း (မယ့်ဖားလုံဖောင်ဒေးရှင်း)မှ "အနာဂတ်အတွက် ဒီနေ့လ္ဘက် စိုက်ကြစို့"ဟူ ဆောင်ပုဒ်ဖြင့် လ္ဘက်စိုက်ပျိုးမှု အဖြစ် တာချီလိတ်မြို့နယ် လွယ်တော်ခမ်းကျေးရွာအုပ်စု၊ ဖတ်ဟိ(အောက်ရွာ)တွင် ယနေ့ ဇူလိုင်လ(၄)ရက်နေ့ နံနက်ပိုင်းက အာသမ်လ္ဘက်ပင်ပေါင်း အပင်(၂၀၀)အား စိုက်ပျိုးခဲ့ကြောင်း သိရသည်။

အဆိုပါ စိုက်ပျိုးမှု အခမ်းအနားတွင် စစ်ဗျူဟာအဖွဲ့(အခြေချ)တာချီလိတ်မှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ကျော်ကိုထိုက်၊ တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေ ဦးဆောင်သည့် ခရိုင်အဆင့် ဌာနဆိုင်ရာများ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆောင်သည့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မယ့်ဖားလုံ ဖောင်ဒေးရှင်းမှ မြန်မာနိုင်ငံအစီအစဉ်များ ညွှန်ကြားရေးမှူး ဦးခမ်းအောင် နှင့် တာဝန်ရှိသူများ၊ ကျေးရွာသူ/သား မှ တက်ရောက်ပြီး စိုက်ပျိုးခဲ့ကြသည်။

မြန်မာ - ထိုင်း နှစ်နိုင်ငံ အစားထိုးဖွံ့ဖြိုးရေးစီမံကိန်း မယ့်ဖားလုံဖောင်ဒေးရှင်းသည် ကျေးရွာများအတွင်း ဆင်းရဲနွမ်းပါးမှုလျှော့နည်းရန်၊ မူးယစ်ဆေးဝါး၊ တရားမဝင်လုပ်ငန်းများ နှင့် ပတ်သတ်ခြင်းမရှိသည့် အသက်မွေးဝမ်းကျောင်း နည်းလမ်းများရှာဖွေ ပေးရန် ရည်ရွယ်ချက်ဖြင့် ဆောင်ရွက်နခြေင်းဖြစ်ကြောင်း သိရသည်။

မယ့်ဖားလုံဖောင်ဒေးရှင်း၏ စီမံကိန်းကာလမှာ (၂၀၁၂)ခုနှစ်မှ (၂၀၁၈) ခုနှစ်အထိဖြစ်ပြီး ယခုလက်ရှိတွင် ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်ခရိုင် နှင့် မိုင်းဆတ်ခရိုင်အတွင်းရှိ ကျေးရွာပေါင်း (၅၆)ရွာ၌ လ္ဘက်ပင် အပါအဝင် မက္ကဒေးမီးယားပင်၊ ကော်ဖီပင်၊ သစ်ခေါက်ပင်၊ သီဟိုဠ်ပင်၊ ထစ်ရှုးငှက်ပျောပင် စသည့်တို့ကို အပင်ပေါင်း(၁၀)သိန်းကျော် စိုက်ပျိုး ဖြနေ့်ဝပေးကာ ဆောင်ရွက်နေလျှက်ရှိကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ။ ဇောင်းညီ
 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~



Viewing all articles

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>