ဗဟိုသန်းခေါင်စာရင်းကော်မရှင် ဥက္ကဋ္ဌ ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ၊ ပြည်ထောင်စုဝန်ကြီး ဦးခင်ရီနှင့် ရှမ်းပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်သူ ၊ပြည်သူ့အင်အားဦးစီးဌာန မှ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ကြိုင် နှင့် တာဝန်ရှိသူများ လိုက်ပါလျှက် ယနေ့ နိုဝင်ဘာ ၂၃ ရက်၊ ညနေ ၅နာရီက မိုင်းဖြတ်မြို့သို့ ရောက်ရှိပြီး မိုင်းဖြတ်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်အုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးခန်းမတွင် ခရိုင် မြို့နယ်သန်းခေါင်စာရင်း ကော်မတီများနှင့် တွေ့ဆုံသည်။
ထိုသို့ တွေ့ဆုံရာတွင် ၂၀၁၄ခုနှစ်၊ မတ်လ ၃၀ရက်နေ့မှ ဧပြီလ ၁၀ ရက်နေ့အထိ ပြည်လုံးကျွတ် သန်းခေါင်စာရင်းကောက်ယူစဉ် ပြည်သူများအား သန်းခေါင်စာရင်းဆိုင်ရာ မေးခွန်း(၄၁)ချက် မေးမြန်းရမည်ဖြစ်ပြီး၊ ရရှိသည့် အချက်အလက်များအပေါ် မူတည်၍ နိုင်ငံဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် စီမံကိန်းများ ရေးဆွဲဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ယခု တက်ရောက်လာသည့် ခရိုင်/မြို့နယ်ကော်မတီဝင်များနှင့် လူမှုရေးအဖွဲ့အစည်းများ အနေဖြင့် လုပ်ငန်းစဉ်များကို သိရှိနားလည် သဘောပေါက်ပြီး ပြည်သူများအား ပြန်လည်ရှင်းလင်း ချပြပေးစေလိုကြောင်း၊ သန်းခေါင်စာရင်း ကောက်ယူရေး လုပ်ငန်းစဉ်ကြီး အောင်မြင်ရေးအတွက် စိတ်ဓာတ်ခွန်အားများ အပြည့်အ၀ထည့်သွင်းကာ အားသွန်ခွန်စိုက်ဆောင်ရွက်ကြရန်နှင့် အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် ခံယူကာ ပြည်သူတစ်ရပ်လုံးနှင့်အတူ ၀ိုင်းဝန်းပူးပေါင်း ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း လမ်းညွှန်
စကားပြောကြားသည်။
ထို့နောက် ခရိုင်/မြို့နယ်သန်းခေါင်းစာရင်းကော်မတီ ဥက္ကဋ္ဌ ၊ အတွင်းရေးမှူးများနှင့် အဖွဲ့ဝင်များက လုပ်ငန်းများဆောင်ရွက်ထားရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြရာ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရန် လမ်းညွှန်ခဲ့ကြောင်း သိရှိရသည်။

သတင်းပေးပို့သူ။ ။ ဝေယံလင်း(မိုင်းဖြတ်)
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
web: www.tachileik.net
Facebook: www.fb.com/TachileikNews
Youtube: www.youtube.com/ TachileikNews
Email: tachileik@tachileik.net