Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all articles
Browse latest Browse all 18345

တာချီလိတ်၌ ကားလေးကွင်း တည်ဆောက်ရန်အတွက် အကြိမ်ကြိမ်ဆွေးနွေးရာ သဘောတူညီမှု အပြောင်းအလဲများခဲ့သော်လည်း နောက်ဆုံးအဆင့်၌ အတည်ပြု သဘောတူ

$
0
0
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်၊ ပါဆပ်ကားလေးကွင်းနေရာအား အဆင့်မြင့်တိုးချဲ့ ဆောက်လုပ်နေစဉ် ကာလအတွင်း လက်ရှိ ဂိတ်များအနေဖြင့် ယာယီသတ်မှတ်ပေးထားသော ဂိတ်တဲများနေရာသို့ ရွှေ့ပြောင်းရမည့် ကိစ္စအတွက် အကြိမ်ကြိမ် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြပြီးနောက် ၂၀၁၃ခုနှစ် နိုဝင်ဘာလ ၂၂ ရက် နေ့လည် ၁၁နာရီမှစ၍ ရွှေ့ပြောင်းရမည့် ရက်အတည်ပြုခြင်းနှင့် ယာယီကာလအတွင်း လေအိတ်ကားကြီးများ ဂိတ်ထဲသို့ ၀င်ရေး မ၀င်ရေး အပြင်၊ အပြင်၌ ကားလက်မှတ် အရောင်းဌာနများ မထားရှိရေး နှင့် ဆိုင်ခန်းဆောက်လုပ်ပြီးပါက ငှားပေးနိုင်မည့် ဈေးနှုန်းများကို ထပ်မံညှိနှိုင်းခြင်း စသည့် ကိစ္စရပ်များကို တာချီလိတ်မြို့နယ်စည်ပင်သာယာရုံး၌ အချိန် (၄)နာရီ ၀န်းကျင်အကြာ အကြိတ်အနယ် ဆွေးနွေးခဲ့ကြသည်။


အဆိုပါ ညှိနှိုင်းဆွေးနွေးမှုသို့ မြို့နယ်စည်ပင်သာယာရေးကော်မတီ ဥက္ကဌ ဦးစိုင်းကျော်ဇံ နှင့် ကော်မတီဝင် ဦးထိန်မင်း၊ မြို့နယ်စည်ပင်သာယာရေး ဒုတိယညွှန်ကြားရေးမှူး ဦးကိုကို နှင့် စည်ပင်သာယာအဖွဲ့ဝင်များ၊ မော်တော်ယာဉ် လိုင်းပေါင်းစုံ ဥက္ကဌ ဦးစ၀်စိုးလင်း၊ မင်းခေတ်သစ် ဆောက်လုပ်ရေးကုမ္ပဏီမှ တာဝန်ရှိသူများ၊ ပြည်ခိုင်ဖြိုးပါတီမှ ခရိုင်ကော်မတီဝင် ဦးဘိုစံ၊ ဦးလွန်းသူ၊ နှင့် မြို့နယ်ကော်မတီဝင် ဦးကျသောလုံ တို့ အပါအ၀င် ဂိတ်ပိုင်ရှင်များနှင့် ဂိတ်တာဝန်ခံများ တက်ရောက်လာခဲ့ကြတာကို တွေ့ရှိရသည်။

အစည်းအဝေးတွင် ဂိတ်သူဂိတ်သားများက ဂိတ်ပြင်ဘက်တွင် ရှိသော ကားလက်မှတ် အရောင်းဌာနများ နှင့် အပြင်၌ရှိသော ကိုယ်ပိုင်ကားဂိတ်များကို ယာယီဂိတ် သတ်မှတ်ထားစဉ် ကာလအတွင်း ဂိတ်ထဲသို့ အားလုံးသွင်းပေးစေလိုကြောင်း၊ ဆိုလိုရင်းမှာ ယခုသတ်မှတ်ထားသော ယာယီဂိတ်နေရာအား ခရီးသည်များ အနေဖြင့် လွယ်လွယ်ကူကူ မသိနိုင်သေးတာကြောင့် ပြင်ပ၌ ရှိသည့် လက်မှတ် အရောင်းဌာနများ၌သာ လက်မှတ်ဝယ်ပါက ယာယီဂိတ်အတွင်းရှိ ဂိတ်သားများ အားလုံးအတွက် နစ်နာမှုရှိစေသည့်အတွက် သွင်းစေချင်တာဖြစ်ကြောင်း၊ ဆောက်လုပ်နေသော ဂိတ်ပြီးစီးသွားပါက ယခင်အတိုင်း မိမိတို့ သဘောဆန္ဒအတိုင်း လုပ်ဆောင်နိုင်ကြောင်း ဆွေးနွေးတင်ပြကြသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ သက်ဆိုင်ရာ အကြီးအကဲများက ၎င်းတို့အနေဖြင့် ဆုံးဖြတ်ပေးလို့မရကြောင်း ဒီမိုကရေစီစနစ်ကို ကျင့်သုံးကာ အများဆန္ဒကို ကောက်ခံပြီးမှသာ ဆုံးဖြတ်ပေးနိုင်မှာ
ဖြစ်ကြောင်း ပြောဆိုပြီး ဆန္ဒကောက်ခံ၍ ဆုံးဖြတ်စေခဲ့ကြသည်။ ဆုံးဖြတ်ချက်အရ ပြင်ပရှိ ဂိတ်များနှင့်အရောင်း လက်မှတ်အရောင်းဌာနများအား ယာယီဂိတ်ထဲသို့ သွင်းရန်အတွက် အကြိတ်အနယ် ဆွေးနွေးခဲ့ကြပြီးမှ သဘောတူညီမှု ရရှိခဲ့ကြသည်။


ယင်းနောက် တာချီလိတ် - ကျိုင်းတုံသို့ သီးသန့် ပြေးဆွဲနေသည့် လေအိတ်ကား (၅)ဂိတ်ထဲမှ အချို့ကားဂိတ်မှာ တာချီလိတ် - ကျိုင်းတုံ ကားလက်မှတ်များအပြင် ၎င်းတို့ ခရီးစဉ်နှင့် သက်ဆိုင်ခြင်းမရှိသည့် အခြားခရီးစဉ် လက်မှတ်များကိုပါ ရောင်းချနေကြောင်း ကြားသိရသည့်အတွက် အဆိုပါ လေအိတ်များကိုလည်း ယာယီဂိတ်သို့ ရွှေ့ပြောင်းပေးရေးကို ဆက်လက်၍ ဂိတ်သားများက ဆွေးနွေးတင်ပြကြသည်။

ထိုသို့ ဆွေးနွေး တင်ပြချက်အား မော်တော်ယာဉ် လိုင်းပေါင်းစုံ ဥက္ကဌ ဦးစ၀်စိုးလင်း က လေအိတ်ကားများမှာ အလျားရှည်ကြောင်း လေအိတ် ၅ ဂိတ်အား ယာယီဂိတ်သို့ ၀င်ပါက ဆန့်မှာ မဟုတ်ကြောင်း ယခင်ကတည်းက အပြင်မှာ ရှိနေကြသည့်အတွက် ယခင်နည်းအတိုင်း ထားသင့်ကြောင်း အကြံပြုပြီး ၎င်းတို့ဂိတ်များအနေဖြင့် တာချီလိတ် - ကျိုင်းတုံ မှ လွဲ၍ အခြား ခရီးစဉ်လက်မှတ်များ မရောင်းရန် သတိပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားလာသည်။

တာချီလိတ် - ကျိုင်းတုံ သို့ သီးသန့် ပြေးဆွဲနေသည့် ရွှေမြို့တော်၊ ရွှေရေကန်၊ ဆမ်လောင်(၀်)၊ တက်နေ၀န်း၊ တော်ဝင်မြန်မာ စသည့် လေအိတ် (၅)ဂိတ် အပါအ၀င် ရွှေကျားဖြူ(တာချီလိတ်-ကျိုင်းတုံ)တို့အား ယာယီဂိတ်နေရာသို့ ၀င်ရောက်ခြင်းမပြုပဲ အပြင်မှာ နေစေပြီး မိမိတို့နှင့် မသက်ဆိုင်သည့် အခြားခရီးစဉ် လက်မှတ်များကို ရောင်းချခြင်းပြုပါက အဆိုပါ ဂိတ်အား ထိရောက်စွာ အရေးယူသွားမှာဖြစ်ပြီး လက်မှတ်ရောင်းနေမှု ရှိမရှိကိုလည်း စုံစမ်းဖော်ထုတ်သွားမှာဖြစ်ကြောင်း စည်းဝေးဆုံးဖြတ်ချက်အရ သိရသည်။

အထက်ပါ ကိစ္စနှစ်ရပ်အား ဆွေးနွေးခဲ့ကြပြီးနောက် ဂိတ်သားများမှ ထပ်မံ၍ ပြီးခဲ့သော နောက်ဆုံးအကြိမ်က ဆွေးနွေးခဲ့သည့် ဆွေးနွေးမှုတွင် ဆိုင်ခန်းခများကို တစ်လလျှင် ငှားခ ၅၀၀၀ ဘတ်နှင့် သဘောတူညီထားခဲ့ပြီးမှ ယနေ့ ဆွေးနွေးပွဲ၌ ၅၀၀၀ ဘတ်ထက် ထပ်မံလျော့ပေးစေလိုကြောင်း ဈေးနှုန်းမှာ ငှားခအဖြစ် တန်သော်လည်း ဂိတ်သားများအနေဖြင့် မတတ်နိုင်သည့်အတွက် လျော့ပေးရန်အတွက် တင်ပြလာရာ မင်းခေတ်သစ် ဆောက်လုပ်ရေးကုမ္ပဏီမှ ဂိတ်သူ၊ ဂိတ်သားများ၏ အကျိုးစီးပွားအား ငဲ့ညှာသည့်အနေဖြင့် နောက်ဆုံးအဆင့် ၄၀၀၀ ဘတ်ဖြင့် ထားပေးနိုင်ကြောင်း ဆိုလာသည့် အတွက် ဂိတ်သူ/ဂိတ်သားများမှ ၀မ်းသာ ကျေနပ်ကာ ဆွေးနွေးမှုအား အဆုံးသတ်ခဲ့ကြပြီး ယာယီကားဂိတ်နေရာသို့ ၂၄.၁၁.၂၀၁၃ အပြီး ရွှေ့ပြောင်းရန်ကိစ္စကိုလည်း သဘောတူညီခဲ့ကြသည်။

မင်းခေတ်သစ်ဆောက်လုပ်ရေးကုမ္ပဏီမှ ကားလေးကွင်း ဆောက်လုပ်ခွင့်အတွက် ပြီးခဲ့သည့် (၄)လ ၀န်းကျင်ကတည်းက လက်မှတ်ရေးထိုး စာချုပ် ချုပ်ဆိုထားပြီး ဖြစ်သော်လည်း ဂိတ်သားများနှင့် လက်ရှိ ဂိတ်မှ ယာယီဂိတ်နေရာသို့ ရွှေ့ပြောင်းရေး စသည့် ကိစ္စများကို ဆွေးနွေးနေသည့်အတွက် ကြာမြင့်နေတာဖြစ်ပြီး အဆိုပါ ဆောက်လုပ်မှုကိုတော့ နိုဝင်ဘာလ ၂၄ရက်နေ့ အပြီးမှာ စတင်တော့မှာ ဖြစ်ကြောင်း သိရှိရသည်။

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~




Viewing all articles
Browse latest Browse all 18345

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>