Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all articles
Browse latest Browse all 18345

နမ့်ခမ်းမြို့၌ နံနက်စောစော ၀င်ရောက် ဖမ်းဆီးရာမှ စိတ်ကြွဆေးပြားများ နှင့် ဘိန်းဖြူ အနည်းငယ် ဖမ်းဆီးရမိ

$
0
0
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့နယ်၊ ရပ်ကွက်(၁၄)၌ မူးယစ်တပ်ဖွဲ့စု(၂၂) မူဆယ်၊ နမ့်ခမ်းလှုပ်ရှားမူးယစ်အဖွဲ့ နှင့် မူးယစ်တပ်ဖွဲ့စု(၁၀၁) နေပြည်တော်တို့ ပါဝင်သည့် ပူးပေါင်းအဖွဲ့မှ စိတ်ကြွဆေးပြားနှင့် ဘိန်းဖြူအနည်းငယ်ကို (၂၀၁၃)ခုနှစ် နိုဝင်ဘာလ (၂၂)ရက် နံနက် (၄) နာရီ (၄၅) မိနစ်အချိန်ခန့်က ဖမ်းဆီး သိမ်းဆည်းရမိကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ နမ့်ခမ်းမြို့ ရပ်ကွက်(၁၄) အိမ်အမှတ် (၇၈/--) ကျန်းလုxxx ၏ နေအိမ်အား မူးယစ်ဆေးဝါးသတင်းအရ အဆိုပါအဖွဲ့မှ အိမ်ရှာဝရမ်းအမှတ် (၇၃/၂၀၁၃)ဖြင့် ၀င်ရောက်ရှာဖွေရာ ၎င်းအား နေအိမ် အိပ်ခန်းအတွင်း အသင့်တွေ့ရှိရပြီး ဆက်လက်၍ စစ်ဆေးရှာဖွေရာမှ ၎င်း၏ ခါးတွင် ပတ်လျှက်တွေ့ရှိရသော ဂျင်းခါးပတ်အိတ် အတွင်းမှ ကာလတန်ဖိုးငွေ ကျပ် ၃၇၂၀၀၀ခန့် ရှိသည့် Wy စာတန်းပါ နီညိုရောင် စိတ်ကြွဆေးပြား (၁၈၆)ပြား နှင့် အဖြူရောင် ပုလင်းငယ်ဖြင့်ထည့်လျှက် ဘိန်းဖြူ (၀.၇)ဂရမ်အား ရှာဖွေတွေ့ရှိရကြောင်း သိရသည်။

ဆက်လက်၍ မူးယစ်ဆေးဝါးများနှင့် လက်ဝယ်တွေ့ရှိရသူ အသက် (၃၁)နှစ်ရှိ ကျန်းလုxxxအား နမ့်ခမ်းမြို့မရဲစခန်းမှ မူးယစ်(ပ) ၉၁/၂၀၁၃၊ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၅/၁၉(က)အရ ယနေ့ နံနက် ၉နာရီခွဲအချိန်က အမှုဖွင့် အရေးယူထားရှိကြောင်း သတင်းရရှိသည်။
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~




Viewing all articles
Browse latest Browse all 18345

Trending Articles


၂၀၁၆ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ အောင်စာရင်းထုတ်ပြန်


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


အရက်ဖိုးတောင်းသည့် ခင်ပွန်းအား ဇနီးမှ ဓားဖြင့်ထိုး၍ တောင်ကြီး၌ လူသတ်မှုဖြစ်ပွား


မြန်မာတွေ ကြည့်ရှု အဆင်ပြေမယ့် ဇာတ်ကား ရိုက်ကူးတယ် ဆိုသူ စံရတီမိုးမြင့်


ဆားပုလင်းနှင်းမောင်၏ နိဂုံး


မောင်စွမ်းရည် ● ဂျပန်စကားသင် ကျောင်းသား မောင်ဘဂျမ်း


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ဂျူးပင် စိုက်ပျိုးနည်း


သာကူ⁠ပြင် ⁠ပြုလုပ်နည်း



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>