Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all articles
Browse latest Browse all 18345

တာချီလိတ်၌ ပြုလုပ်မည့် ၂၀၁၄ ခုနှစ် ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူခြင်း ဆိုင်ရာ ဟောပြောရှင်းလင်းပွဲသို့ မည်သူမဆို တက်ရောက်နိုင်

$
0
0
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့၌ ၂၀၁၄ ခုနှစ် ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူခြင်း ဆိုင်ရာ သိမှတ်ဖွယ်ရာများကို တာချီလိတ်မြို့နယ်အတွင်းရှိ ပြည်သူလူထုအများ သိရှိနိုင်ရန် အတွက် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး မှ ၂၀၁၃ခုနှစ် နိုဝင်ဘာလ ၂၃ ရက်နေ့တွင် လာရောက်၍ အောင်မြတ်ခန်းမ၌ မွန်းလွဲ ၂နာရီ အချိန်မှာ ဟောပြော ရှင်းလင်းပွဲ ပြုလုပ်မှာဖြစ်ကြောင်း ခရိုင်လ၀ကရုံးမှ တဆင့် သိရသည်။

တာချီလိတ်မြို့နယ် အတွင်းရှိ ပြည်သူများ အနေဖြင့် သန်းခေါင်စာရင်းကောက်ခံခြင်း နှင့် ပတ်သက်၍ အမှန်တကယ် သိရှိလိုသူများ မည်သူမဆို  အဆိုပါဟောပြော ရှင်းလင်းမှုကို လာရောက်၍ နားဆင်နိုင်ပြီး မိမိတို့ သိလိုသည်များကိုလည်း ၀င်ရောက်မေးမြန်း ဆွေးနွေး မှတ်သားနိုင်မှာ ဖြစ်ကြောင်း သိရသည်။

နေ့ရက်။      ။ ၂၃.၁၁.၂၀၁၃
အချိန်။        ။ မွန်းလွဲ (၂)နာရီ
နေရာ။        ။ အောင်မြတ်ခန်းမ၊ တာချီလိတ်မြို့။
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~




Viewing all articles
Browse latest Browse all 18345

Trending Articles