Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all articles
Browse latest Browse all 18345

နမ့်ခမ်းမြို့အ၀င်၌ ဘိန်းဖြူ နှင့် စိတ်ကြွဆေးပြားများ ဖမ်းဆီးရမိ

$
0
0
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့နယ် အ၀င်မုဒ်ဦး၌ ၂၀၁၃ခုနှစ် နိုဝင်ဘာလ ၁၉ရက် မွန်းလွဲ ၃နာရီခွဲ အချိန်ခန့်က မူးယစ်တပ်ဖွဲ့စု(၂၂)မူဆယ်ပါဝင်သည့် နမ့်ခမ်းလှုပ်ရှားအဖွဲ့နှင့် သက်သေများပါသည့် ပူးပေါင်းအဖွဲ့မှ ဘိန်းဖြူ နှင့် စိတ်ကြွဆေးပြားများအား တရားခံနှင့်အတူ ဖမ်းဆီး သိမ်းဆည်း ရမိကြောင်း သတင်းရရှိသည်။


ဖြစ်စဉ်မှာ အဆိုပါ ပူးပေါင်းအဖွဲ့တို့သည် နမ့်ခမ်းမြို့ အ၀င်မုဒ်ဦး၌ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး အဖြစ် ဆောင်ရွက်နေကြစဉ် ကောင်းကတ်ကျေးရွာနေ နမ့်စန်ဂိုဒေါင်ရွာဘက်မှ အသက် ၃၂နှစ်ရှိ ယိုင်လွင့်xxx စီးနင်းလာသည့် ဆိုင်ကယ်အား ရပ်တန့် စစ်ဆေးရှာဖွေရာမှ ၎င်းဝတ်ဆင်ထားသော အနွေးအင်္ကျီ ယာဘက်အတွင်း အနီရောင် ဆပ်ပြာခွက်ထဲ၌ အဖြူရောင် ပလပ်စတစ်အိတ်ဖြင့် ထည့်လျှက် အလေးချိန် ၁၂ ဂရမ်ခန့်ရှိသည့် ဘိန်းဖြူ နှင့် အပြာရောင် ပလပ်စတစ် ကပ်ခွာအိတ်ဖြင့် ထည့်လျှက် Wy စာတန်းပါ နီညိုရောင် စိတ်ကြွဆေးပြား ၁၉၈ပြားအား ရှာဖွေတွေ့ရှိရ၍ မူးယစ်ဆေးဝါးများနှင့်အတူ လက်ဝယ်တွေ့ရှိရသူ ယိုင်လွင့်xxx အား နမ့်ခမ်းမြို့မရဲစခန်းမှ မူးယစ်(ပ)၉၀/၂၀၁၃၊  မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၅/၁၉(က)အရ အမှုဖွင့်အရေးယူ ထားရှိကြောင်း သတင်းရရှိသည်။
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~ 
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~




Viewing all articles
Browse latest Browse all 18345

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>