Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all articles
Browse latest Browse all 18345

မိုင်းယောင်း ဓမ္မဂမ္ဘီရ သာသနာ့လိုဏ်ဂူ (ခေါ်) စွန်ဟိန်းဂူ အရှည်တည်တံ့ရေး ညှိနှိုင်း ဆွေးနွေး

$
0
0
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဖြတ်ခရိုင်ရှိ မိုင်းဖြတ် - မိုင်းယောင်းလမ်း ၁၇ မိုင်ခန့်အကွာတွင် မိုင်းယောင်းမြို့နယ်၊ မုန်းလိုက်ကျေးရွာအုပ်စု၊ ၁၇ မိုင်ကျေးရွာမှတဆင့် ၅မိုင်ခန့် ဆက်လက်၍ သွားပါက မိုင်းယောင်း ဓမ္မဂမ္ဘီရသာသနာ့လိုဏ်ဂူ (ခေါ်) စွန်ဟိန်းဂူကို တွေ့ရှိရမည်ဖြစ်ပါသည်။ ယခုအခါ အဆိုပါ လိုဏ်ဂူကြီး အရှည်တည်တံ့ပြီး သာသနာတော်ထွန်းကားပြန့်ပွားစေရန်အတွက် ရည်ရွယ်ကာ မိုင်းလင်းဟိုနမ့်တောရ ကမ္မဋ္ဌာန်းကျောင်းတိုက်ဆရာတော် သဒ္ဒမ္မဇောတိကဓဇ ဘဒ္ဒန္တ၀ိမလ (စပ်ဝန်းမီး) ဦးဆောင်၍ ဌာနဆိုင်ရာများ၊ တပ်ရင်းတပ်ဖွဲ့များ၊ ဒေသခံတိုင်းရင်းသားများနှင့် စေတနာရှင် အလှူရှင်များ စုပေါင်းညှိနှိုင်း အစည်းအဝေးကို နိုဝင်ဘာလ ၁၈ရက်၊ မွန်းလွဲ ၁နာရီအချိန်က အဆိုပါ လိုဏ်ဂူအတွင်း၌ နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ပြီး အခမ်းအနားစတင် ကျင်းပသည်။


ထို့နောက်  မိုင်းလင်းဆရာတော်ထံမှ  တက်ရောက်လာသည့် ဧည့်ပရိတ်သတ်များက ငါးပါးသီလ ခံယူဆောက်တည်ပြီး၊ မိုင်းဖြတ်၊ မိုင်းယောင်းမြို့နယ် သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ ဆရာတော်များက သြ၀ါဒစကားမြွက်ကြားသည်။


ဆက်လက်၍ မိုင်းဖြတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်အုန်းက လိုဏ်ဂူတော်အတွင်းနှင့် ပတ်ဝန်းကျင်အနီးတစ်ဝိုက် စိမ်းလန်းစိုပြေသာယာလှပရေး၊  လမ်းပန်းဆက်သွယ်မှု ကောင်းမွန်ရေး တို့နှင့်စပ်လျဉ်းပြီး လျှောက်ထားတင်ပြသည်။ တက်ရောက်လာသည့် မိုင်းဖြတ် မိုင်းယောင်းမြို့မှ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်များ၊ ရပ်မိရပ်ဖများ၊ ဌာနဆိုင်ရာများနှင့် စေတနာရှင် အလှူရှင်များ က ဘက်စုံပြုပြင်မွမ်းမံရေး အကြံပြုဆွေးနွေး လျှောက်ထားတင်ပြသည်။


ထို့နောက် ဂေါပကအဖွဲ့ ဖွဲ့စည်းခြင်း၊ ဘက်စုံ တည်ဆောက် ပြုပြင်မွမ်းမံရေးလုပ်ငန်းကော်မတီ နှင့်
ဆပ်ကော်မတီများဖွဲ့စည်း ဆောင်ရွက်သည်။ အဆိုပါ ညှိနှိုင်း အစည်းအဝေးသို့ မိုင်းဖြတ်၊မိုင်းယောင်းမြို့နယ်များမှ တက်ရောက်လာသည့် လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများ၊ ရပ်မိရပ်ဖများနှင့် စေတနာရှင်အလှူရှင်တို့မှ  အလှူငွေကျပ် ၉၉၉၀၀၀၀ မတည်လှူဒါန်းပေးပြီး၊ အခမ်းအနားကို ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆိုရုတ်သိမ်းခဲ့ကြောင်း သိရရှိသည်။

သတင်းပေးပို့သူ။      ။ ဝေယံလင်း

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~





Viewing all articles
Browse latest Browse all 18345

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>