Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all articles
Browse latest Browse all 18345

တာချီလိတ်ခရိုင် မြန်မာ့ရိုးရာဝတ်စားဆင်ယင်ထုံးဖွဲ့မှုပြိုင်ပွဲသို့ ၀င်ရောက်ယှဉ်ပြိုင်လိုသူများ စာရင်းပေးသွင်းနိုင်

$
0
0



တာချီလိတ်၊ ဇွန်လ(၈)ရက်
၂၀၁၆ခုနှစ် ဇူလိုင်လ(၃)ရက်နေ့တွင် ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ်အဖြစ် တာချီလိတ်ခရိုင်အမျိုးသမီးရေးရာအဖွဲ့မှ ကြီးမှူး ကျင်းပပြုလုပ်မည့် မြန်မာ့ရိုးရာ ၀တ်စားဆင်ယင်ထုံးဖွဲ့မှုပြိုင်ပွဲအား ၂၀၁၆ခုနှစ် ဇွန်လ(၃၀)ရက်နေ့၊ ည(၆)နာရီအချိန်တွင် တာချီလိတ်မြို့ အောင်မြတ်ခန်းမ၌ ကျင်းပပြုလုပ်မှာ ဖြစ်သည့်အတွက် သတ်မှတ်ထားသည့် အမျိုးသမီးများအနေဖြင့် စာရင်းများကို ဇွန်လ(၉)ရက်နေ့မှစ၍ ဇွန်လ(၁၉)ရက်နေ့အထိ နောက်ဆုံးထားကာ စာရင်းပေးသွင်းနိုင်မှာ ဖြစ်ကြောင်း သိရသည်။

အဆိုပါ ပြိုင်ပွဲတွင် အသက်(၁၆)နှစ်အထက် ကျောင်းသူများလည်း ၀င်ရောက် ယှဉ်ပြိုင်နိုင်ရန်အတွက် အသက်(၁၆)နှစ်မှ (၂၅)နှစ်အတွင်း သတ်မှတ်ထားပြီး အကြီးတန်းဖြစ်သည့် အသက်(၃၀)နှစ်အထက် ပြိုင်ပွဲကိုလည်း ထည့်သွင်းထားကြောင်း သိရသည်။

အသက်(၁၆)နှစ်မှ (၂၅)နှစ်အတွင်း ပြိုင်ပွဲသတ်မှတ်ချက်
  • - မိဘအုပ်ထိန်းသူမှ ခွင့်ပြုထားသူဖြစ်ရမည်။
  • - အရပ်အမြင့် အနည်းဆုံး (၅)ပေ(၂)လက်မ ရှိရမည်။
  • -  အိမ်ထောင်မရှိဖူးသူ(အပျို)ဖြစ်ရမည်။
  • -  ကျန်းမာသန်စွမ်းသူ ဖြစ်မည်။

အသက်(၃၀)နှစ်အထက် ပြိုင်ပွဲသတ်မှတ်ချက်
  • - ကျန်းမာသန်စွမ်းသူ ဖြစ်ရမည်
  • - မြန်မာဆန် ယဉ်ကျေးသော မြန်မာဝတ်စုံဖြင့်သာ ပါဝင် သရုပ်ပြနိုင်သူ ဖြစ်ရမည်။

ခရိုင်အမျိုးသမီးရေးရာရုံး၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးဝန်းအတွင်း၊ တာချီလိတ်မြို့။
Myanmar: 095242490 Thai: 0823868446

  #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  


Viewing all articles
Browse latest Browse all 18345

Trending Articles


ဂျူးပင် စိုက်ပျိုးနည်း


အင်ဂျင်နီယာဆိုင်ရာစာအုပ်များ (၁၁ အုပ်)


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


အရက်ဖိုးတောင်းသည့် ခင်ပွန်းအား ဇနီးမှ ဓားဖြင့်ထိုး၍ တောင်ကြီး၌ လူသတ်မှုဖြစ်ပွား


အလောင်းမင်းတရားမှ ဟံသာဝတီပဲခူးကို သိမ်းပိုက်နိုင်ခြင်း


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ဒွေး တိမ်တွေ ငိုတဲ့ခဏ ၊ ဒွေး ၊ နန္ဒာလှိုင် ၊ တင့်တင့်ထွန်း ၊ အောင်လွင် ၊ ဆင်မ


သာကူ⁠ပြင် ⁠ပြုလုပ်နည်း


ဦးမျိုးရန်နောင်သိမ်း လွတ်မြောက်



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>