Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all articles
နမ့်စန်တွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး လူငယ်များမှ ဦးဆောင်ပြီး သုံးရက်ကြာ ပြခန်းဖွင့်လှစ်
$
0
0
နမ့်စန်၊ ဇွန် လ(၇)
..........
နမ့်စန်၊ ဇွန် လ(၇)
ရှမ်းပြည်နယ်(တောင်ပိုင်း) နမ့်စန်မြို့တွင် နမ့်စန်မြို့နယ် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လူငယ်ကွန်ရက်မှ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးပြခန်းကို ဇွန် လ (၅)ရက်နေ့က စ၍ (၃)ရက်ကြာဖွင့်လှစ်ပြသခဲ့ကြောင်း သိရသည်။
“သဘာဝပတ်ဝန်းကျင်အဖွဲ့ကို ဒီနှစ်မှာ ဖွဲ့တာပါ။ အသင်းဝင်(၁၀)ယောက်လောက်နဲ့ ဒီပြပွဲကိုဖြစ်အောင် လုပ်တာပါ။ လူငယ်တိုင်း ကိုယ့်ပတ်ဝန်းကျင်က သစ်ပင်တွေ၊ သဘာဝဖြစ်စဉ်တွေကို ထိန်းသိမ်းတတ်ဖို့နဲ့ သဘာဝပတ်ဝန်းကျင်ဆိုတာဘာလဲ ဆိုတာ လူငယ်တွေ သိရှိအောင်၊ စိတ်ပါဝင်စားလာအောင် ပထမဆုံးလုပ်တဲ့ ပွဲလည်းဖြစ်ပါတယ်”ဟု နမ့်စန်မြို့နယ် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ပြန်ကြားရေးတာဝန်ခံ ကိုကျော်သူထွန်းက ပြောသည်။
အဆိုပါပြခန်းများအား ကျောင်းသားကျောင်းသူများ၊ ဒေသတွင်းမှ စိတ်ပါဝင်စားသူများ လာရောက်ကြကြောင်း သိရသည်။
“လူငယ်တွေဦးစိီးပြီး ဒီလိုပွဲတွေ လုပ်လာတာမြင်ရတော့ ဝမ်းသာတယ်။ လူငယ်တွပြေုလုပ်တဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဆိုင်ရာ အနာဂတ်ရဲ့အခန်းကဏ္ဍတွေကို မြို့နယ်က တာဝန်ရှိ လူကြီးတွေအနေနဲ့လည်း ပါဝင်အားဖြည့်မြှင့်တင်ပေးဖို့ လိုအပ်တယ်။ ဒါမှ လူငယ်တွေ လုပ်ဖို့ကိုင်ဖို့ အားအင်တွေပိုရှိလာမယ်”ဟု ပြပွဲလာသူ တစ်ဦးက ဆိုသည်။
အဆိုပါပွဲကို ကျင်းပသည့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့အား အဖွဲ့ဝင် (၁၁)ဦးဖြင့် ၂၀၁၆ ခုနှစ်တွင် ဖွဲ့စည်းလိုက်ခြင်းဖြစ်ကြောင်း သိရသည်။
သတင်း/ဓာတ်ပုံ။ ‪#‎သန်းစိုးအောင်‬(နမ့်စန်)
 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  
Viewing all articles
Browse latest Browse all 18345
Trending Articles
တာချီလိတ်မြို့မှာ ကျင်းပပြီး နိုင်ငံပေါင်း ၁၉နိုင်ငံက လာရောက်မည့်...
သင့် ကိုယ်လုံးတီး ပုံများ အွန်လိုင်းပေါ် မရောက်ရလေအောင်
Bern , Switzerland, ဆွန်ဇာလန် နိုင်ငံ ၊ ဘန်းမြို့ ရဲ့ သာယာ လှပပြီး ရှု မညီးတဲ့...
ရဟန်းနှင့် ဘွဲ့ဒီဂရီ
ငတုံး ပုံပြင်ကိုအဆုံးသတ်ပေးပါ
မြန်မာတွေ ကြည့်ရှု အဆင်ပြေမယ့် ဇာတ်ကား ရိုက်ကူးတယ် ဆိုသူ စံရတီမိုးမြင့်
(၁၅) မိနစ် တရားထိုင်နည်း
ဒွေး တိမ်တွေ ငိုတဲ့ခဏ ၊ ဒွေး ၊ နန္ဒာလှိုင် ၊ တင့်တင့်ထွန်း ၊ အောင်လွင် ၊ ဆင်မ
ရှမ်းကိုးပြည် တွင်ပါဝင်သော မိုးညှင်းပြည် နှင့် မိုးမိတ်ပြည် ကို ဘုရင့်နောင်...
၆နှစ်ပြည့်ရွှေဝါရောင်တော်လှန်ရေးသို့သမိုင်းအား လိမ်ညှာခဲ့သော...
<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>