Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all articles
Browse latest Browse all 18345


$
0
0

နေပြည်တော်၊ ဇွန် ၇




အလားတူ သာမန်နိုင်ငံကူးလက်မှတ် ကိုင်ဆောင်သူ စင်္ကာပူနိုင်ငံသားများ အနေဖြင့်လည်း မြန်မာနိုင်ငံသို့ ဗီဇာလျှောက်ထားစရာ မလိုတော့ဘဲ လာရောက်နိုင်ပြီး ရက်ပေါင်း ၃၀ အထိ နေထိုင်ခွင့် ရရှိမည် ဖြစ်သည်။


...............
နပြေည်တော်၊ ဇွန် ၇
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် စင်္ကာပူသမ္မတ နိုင်ငံ ဝန်ကြီးချုပ် မစ္စတာ လီရှန်လုံးအား သမ္မတအိမ်တော် သံတမန်ဆောင် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံရာတွင် နှစ်နိုင်ငံအကြား သာမန်နိုင်ငံကူးလက်မှတ် ကိုင်ဆောင်သူများ ဗီဇာကင်းလွတ် ရက်ပေါင်း(၃၀) နေထိုင်ခွင့် အပြန်အလှန် သဘောတူညီချက်များ လဲလှယ်ခဲ့ကြသည်။


နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် စင်္ကာပူဝန်ကြီးချုပ်တို့ ရှေ့မှောက်တွင် နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်တင်နှင့် မြန်မာနိုင်ငံဆိုင်ရာ စင်္ကပူ သံအမတ်ကြီး မစ္စတာ ရောဘတ်ချွာတို့ လဲလှယ်ခဲ့ကြခြင်း ဖြစ်သည်။

ထိုသဘောတူညီချက်အရ မြန်မာနိုင်ငံသားများ သာမန်နိုင်ငံကူးလက်မှတ် (Ordinary Passport) ဖြင့် စင်္ကာပူနိုင်ငံသို့ သွားရောက်ကြရာတွင် ဗီဇာ လျှောက်ထားစရာ မလိုဘဲ ရက်ပေါင်း (၃၀) နေထိုင်ခွင့် ရရှိတော့မည် ဖြစ်သည်။

အလားတူ သာမန်နိုင်ငံကူးလက်မှတ် ကိုင်ဆောင်သူ စင်္ကာပူနိုင်ငံသားများ အနဖြေင့်လည်း မြန်မာနိုင်ငံသို့ ဗီဇာလျှောက်ထားစရာ မလိုတော့ဘဲ လာရောက်နိုင်ပြီး ရက်ပေါင်း ၃၀ အထိ နေထိုင်ခွင့် ရရှိမည် ဖြစ်သည်။

သာမန်နိုင်ငံကူးလက်မှတ် ကိုင်ဆောင်သူများ ဗီဇာကင်းလွတ် ရက်ပေါင်း(၃၀)နေထိုင်ခွင့် ပြုခြင်းကို လာမည့် ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ ၁ ရက်နေ့မှ စတင်၍ ဆောင်ရွက်ပေးမည် ဖြစ်သည်။

From: Myanmar State Counsellor Office

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  

Viewing all articles
Browse latest Browse all 18345

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>