တာခ်ီလိတ္၊ေမလ(၃၀)ရက္
ရွမ္းျပည္နယ္အစိုးရအဖြဲ႔ရန္ပုံေငြအတြက္ရွမ္းျပည္နယ္(အေရွ႕ပိုင္း)တာခ်ီလိတ္ၿမိဳ႕တြင္ ျမန္မာ - ထိုင္း
ခ်စ္ၾကည္ေရး အမွတ္(၁)တံတားေပၚတြင္တစ္ႏိုင္တစ္ပိုင္တင္သြင္းမႈတံတားျဖတ္သန္းခ ၀န္ေဆာင္မႈ (၃)ရာခိုင္ႏႈန္းေကာက္ခံလွ်က္ရွိရာ၂၀၁၃ခုႏွစ္မွ၂၀၁၅ခုႏွစ္အထိက်ပ္သိန္းေပါင္းေျခာက္ေသာင္းေက်ာ္ ေကာက္ခံရရွိၿပီျဖစ္ေၾကာင္း တာခ်ီလိတ္ခရိုင္အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာန၏ စာရင္းမ်ားအရ သိရသည္။
တာခ်ီလိတ္ၿမိဳ႕ရွိျမန္မာ - ထိုင္းခ်စ္ၾကည္ေရး အမွတ္(၁)တံတားေပၚတြင္ (၃)ရာခိုင္ႏႈန္းေကာက္ခံမႈသည္၂၀၁၃ခုႏွစ္အတြက္ေကာက္ခံေငြက်ပ္သိန္း(၁၈၈၃)၊၂၀၁၄ခုႏွစ္အတြက္ေကာက္ခံေငြက်ပ္သိန္း(၂၀၅၄)၊ ၂၀၁၅ခုႏွစ္အတြက္ေကာက္ခံေငြက်ပ္သိန္း(၂၃၀၃) ေကာက္ခံရရွိျခင္းျဖစ္ၿပီး သံုးႏွစ္အတြင္းစုစုေပါင္းက်ပ္သိန္းေပါင္းေျခာက္ေသာင္းေက်ာ္ေကာက္ခံရရွိထားျခင္းျဖစ္ေၾကာင္း သိရသည္။
“ေကာက္ခံတဲ့အခါမွာခ်စ္ၾကည္ေရးတံတားအမွတ္(၁)ေပၚမွာျဖတ္သန္းလာတဲ့တစ္ႏိုင္တစ္ပိုင္ တင္သြင္းၿပီး စီးပြားျဖစ္လုပ္ကိုင္ေနတဲ့သူေတြ အေပၚမွာသက္ဆိုင္ရာဌာနေတြပူးေပါင္းၿပီးေတာ့ (၃)ရာခိုင္ႏႈန္း ေကာက္ခံျခင္းျဖစ္ပါတယ္။”ဟု တာခ်ီလိတ္ခရိုင္အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာနမွ၊ ခရိုင္အုပ္ခ်ဳပ္ေရးမွဴး ညႊန္ၾကားေရးမွဴးဦးတင္၀င္းေရႊကေျပာသည္။
အဆိုပါ(၃)ရာခိုင္ႏႈန္း ေကာက္ခံမႈကိုျပည္ေထာင္စုသမၼတျမန္မာႏိုင္ငံေတာ္၏၂၀၀၈ဖြဲ႕စည္းပုံအေျခခံဥပေဒအပုဒ္ (၂၅၄) (က) ဇယား(၅)ပါျပဌာန္းခ်က္မ်ားအရတိုင္းေဒသႀကီး၊ျပည္နယ္မ်ားတြင္လမ္းမ်ား၊တံတားမ်ားျဖတ္သန္းခကိုျပည္နယ္ဘ႑ာရန္ပုံေငြအတြက္ေကာက္ခံေဆာင္ရြက္ျခင္းျဖစ္ေၾကာင္း သိရသည္။
တစ္ႏိုင္တစ္ပိုင္ သယ္ေဆာင္ခြင့္အားအသံုးျပဳ၍စီးပြားျဖစ္လုပ္ကိုင္ေနသူမ်ားရွိျခင္းေၾကာင့္အခြန္အခမ်ား ေပး၍တရား၀င္လုပ္ကိုင္တတ္သည့္အေလ့အက်င့္ေကာင္းမ်ားကိုပ်က္ျပားေစျခင္းႏွင့္ႏိုင္ငံေတာ္အတြက္ရသင့္ ရထိုက္ေသာအခြန္ေငြမ်ားအျပည့္အ၀ မရျခင္းတို႔မျဖစ္ပြားေစရန္ (၃)ရာခိုင္ႏႈန္း ေကာက္ခံျခင္းျဖစ္ေၾကာင္း သိရသည္။
သတင္း။ ။ ကိုဇက္
................
တာချီလိတ်၊ မေလ(၃၀)ရက်
ရှမ်းပြည်နယ်အစိုးရအဖွဲ့ ရန်ပုံငွေအတွက် ရှမ်းပြည်နယ်(အရှေ့ပိုင်း )တာချီလိတ်မြို့တွင် မြန်မာ - ထိုင်း
ချစ်ကြည်ရေး အမှတ်(၁)တံတားပေါ်တွင် တစ်နိုင်တစ်ပိုင်တင်သွင်းမှု တံတားဖြတ်သန်းခ ဝန်ဆောင်မှု (၃)ရာခိုင်နှုန်း ကောက်ခံလျှက်ရှိရာ ၂၀၁၃ ခုနှစ်မှ ၂၀၁၅ ခုနှစ်အထိ ကျပ်သိန်းပေါင်း ခြောက်သောင်းကျော် ကောက်ခံရရှိပြီဖြစ်ကြောင်း တာချီလိတ်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ စာရင်းများအရ သိရသည်။
တာချီလိတ်မြို့ရှိ မြန်မာ - ထိုင်း ချစ်ကြည်ရေး အမှတ်(၁)တံတားပေါ်တွင် (၃)ရာခိုင်နှုန်းကောက်ခံမှုသည် ၂၀၁၃ ခုနှစ်အတွက် ကောက်ခံငွေ ကျပ်သိန်း(၁၈၈၃)၊ ၂၀၁၄ ခုနှစ်အတွက် ကောက်ခံငွေ ကျပ်သိန်း(၂၀၅၄)၊ ၂၀၁၅ခုနှစ်အတွက် ကောက်ခံငွေ ကျပ်သိန်း(၂၃၀၃) ကောက်ခံရရှိခြင်းဖြစ်ပြီး သုံးနှစ်အတွင်း စုစုပေါင်း ကျပ်သိန်းပေါင်းခြောက်သောင်းကျော် ကောက်ခံရရှိထားခြင်းဖြစ်ကြောင်း သိရသည်။
“ကောက်ခံတဲ့အခါမှာ ချစ်ကြည်ရေးတံတား အမှတ်(၁)ပေါ်မှာ ဖြတ်သန်းလာတဲ့ တစ်နိုင်တစ်ပိုင် တင်သွင်းပြီး စီးပွားဖြစ်လုပ်ကိုင်နေတဲ့သူတွေ အပေါ်မှာ သက်ဆိုင်ရာဌာနတွေ ပူးပေါင်းပြီးတော့ (၃)ရာခိုင်နှုန်း ကောက်ခံခြင်းဖြစ်ပါတယ်။”ဟု တာချီလိတ်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ၊ ခရိုင်အုပ်ချုပ်ရေးမှူး ညွှန်ကြားရေးမှူး ဦးတင်ဝင်းရွှေက ပြောသည်။
အဆိုပါ (၃)ရာခိုင်နှုန်း ကောက်ခံမှုကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အပုဒ် (၂၅၄) (က) ဇယား(၅)ပါ ပြဌာန်းချက်များအရ တိုင်းဒေသကြီး၊ ပြည်နယ်များတွင် လမ်းများ၊ တံတားများ ဖြတ်သန်းခကို ပြည်နယ်ဘဏ္ဍာရန်ပုံငွေအတွက် ကောက်ခံဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
တစ်နိုင်တစ်ပိုင် သယ်ဆောင်ခွင့်အား အသုံးပြု၍ စီးပွားဖြစ်လုပ်ကိုင်နေသူများရှိခြင်းကြောင့် အခွန်အခများ ပေး၍ တရားဝင်လုပ်ကိုင်တတ်သည့် အလေ့အကျင့်ကောင်းများကို ပျက်ပြားစခြေင်းနှင့် နိုင်ငံတော်အတွက် ရသင့် ရထိုက်သော အခွန်ငွေများ အပြည့်အဝ မရခြင်းတို့ မဖြစ်ပွားစေရန် (၃)ရာခိုင်နှုန်း ကောက်ခံခြင်းဖြစ်ကြောင်း သိရသည်။
သတင်း။ ကိုဇက်