Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all articles
Browse latest Browse all 18345

( ရုပ္သံ ) ရွမ္းျပည္နယ္အစိုးရ ရန္ပံုေငြအတြက္ ေကာက္ခံေနသည့္ (၃)ရာခိုင္ႏႈန္း အေၾကာင္း

$
0
0

( ရုပ္သံ)
တာခ်ီလိတ္ၿမိဳ႕ ျမန္မာ - ထိုင္း ခ်စ္ၾကည္ေရး အမွတ္(၁)တံတားေပၚကေန ေဒသတြင္း အသံုးျပဳရန္အတြက္ သယ္ေဆာင္လာတဲ့ တစ္ႏိုင္တစ္ပိုင္ ကုန္စည္ေတြကို အခြန္ (၃)ရာခိုင္ႏႈန္း ေကာက္ခံခဲ့တာဟာ (၃)ႏွစ္အတြင္းမွာ က်ပ္သိန္းေပါင္း(၆၀၀၀)ေက်ာ္ရွိၿပီိလို႔ သိရၿပီး အဲ့ဒီလို ေကာက္ခံတာဟာ ရွမ္းျပည္နယ္အစိုးရအဖြဲ႕အတြက္ ရန္ပံုေငြအျဖစ္ ေကာက္ခံတာလို႔ သိရပါတယ္။


ဒီလိုေကာက္ခံခဲ့တာ ၂၀၀၈ ဖြဲ႕စည္းပံုအေျခခံဥပေဒအရ ေကာက္ခံခဲ့တာ ျဖစ္တယ္လို႔ တာခ်ီလိတ္ခရိုင္အုပ္ခ်ဳပ္ေရးမွဴးက တာခ်ီလိတ္သတင္းေအဂ်င္စီကို ေျပာပါတယ္။

တစ္ႏိုင္တစ္ပိုင္ေကာက္ခံေနတဲ့ ကုန္စည္ေတြဟာ တာခ်ီလိတ္ၿမိဳ႕ ေဒသခံေတြ အသံုးျပဳရန္အတြက္သာ ေကာက္ခံျခင္းျဖစ္ၿပီး တျခားၿမိဳ႕နယ္မ်ားသို႔ သယ္ေဆာင္သြားရင္ သြင္းကုန္လိုင္စင္ျပဳလုပ္ရန္လိုအပ္တယ္လို႔ ဆိုပါတယ္။

ယခင္က တရားမ၀င္ကုန္သြယ္မႈေတြရွိခဲ့တဲ့အတြက္ ဖမ္းဆီးမႈေတြရွိခဲ့ေသာ္လည္း ပေပ်ာက္မႈမရွိခဲ့ပါဘူး။ အဓိကေတာ့ တရားမ၀င္ကုန္သြယ္မႈ လမ္းေၾကာင္းမ်ား ေလ်ာ့ပါးေစဖို႔အတြက္ ရွမ္းျပည္နယ္အစိုးရအဖြဲ႕က အခြန္ေငြ(၃)ရာခိုင္ႏွဳန္းေကာက္ခံတာျဖစ္တယ္လို႔လဲ ဆိုပါတယ္။


ျမန္မာ - ထိုင္းႏွစ္ႏိုင္ငံကုန္သြယ္မႈစာရင္းမ်ားအရ   ၂၀၁၅-၂၀၁၆ ဘ႑ာႏွစ္မွာ အေမရိကန္ေဒၚလာ (၆၅.၃၇)ဘီလီယံရွိတယ္လို႔သိရၿပီး ယခင္ႏွစ္  ၂၀၁၄-၂၀၁၅ ဘ႑ာႏွစ္မွာ အေမရိကန္ေဒၚလာ (၁၀၁)ဘီလီယံေက်ာ္ရွိခဲ့တယ္လို႔ နယ္စပ္ကုန္သြယ္ေရးစခန္းရဲ႕ စာရင္းဇယားေတြအရသိရပါတယ္။

ရုိက္ကူး။  ။ ေဇာင္းညီ ၊ တည္းျဖတ္။  ။ ကိုဇက္ ၊ တင္ဆက္၊ ကိုေဇာင္း


..................

တာချီလိတ်မြို့ မြန်မာ - ထိုင်း ချစ်ကြည်ရေး အမှတ်(၁)တံတားပေါ်ကနေ ဒေသတွင်း အသုံးပြုရန်အတွက် သယ်ဆောင်လာတဲ့ တစ်နိုင်တစ်ပိုင် ကုန်စည်တွေကို အခွန် (၃)ရာခိုင်နှုန်း ကောက်ခံခဲ့တာဟာ (၃)နှစ်အတွင်းမှာ ကျပ်သိန်းပေါင်း(၆၀၀၀)ကျော်ရှိပြိီလို့ သိရပြီး အဲ့ဒီလို ကောက်ခံတာဟာ ရှမ်းပြည်နယ်အစိုးရအဖွဲ့အတွက် ရန်ပုံငွေအဖြစ် ကောက်ခံတာလို့ သိရပါတယ်။


ဒီလိုကောက်ခံခဲ့တာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကောက်ခံခဲ့တာ ဖြစ်တယ်လို့ တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူးက တာချီလိတ်သတင်းအေဂျင်စီကို ပြောပါတယ်။

တစ်နိုင်တစ်ပိုင်ကောက်ခံနေတဲ့ ကုန်စည်တွေဟာ တာချီလိတ်မြို့ ဒေသခံတွေ အသုံးပြုရန်အတွက်သာ ကောက်ခံခြင်းဖြစ်ပြီး တခြားမြို့နယ်များသို့ သယ်ဆောင်သွားရင် သွင်းကုန်လိုင်စင်ပြုလုပ်ရန်လိုအပ်တယ်လို့ ဆိုပါတယ်။

ယခင်က တရားမဝင်ကုန်သွယ်မှုတွေရှိခဲ့တဲ့အတွက် ဖမ်းဆီးမှုတွေရှိခဲ့သော်လည်း ပပျောက်မှုမရှိခဲ့ပါဘူး။ အဓိကတော့ တရားမဝင်ကုန်သွယ်မှု လမ်းကြောင်းများ လျော့ပါးစေဖို့အတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့က အခွန်ငွေ(၃)ရာခိုင်နှုန်းကောက်ခံတာဖြစ်တယ်လို့လဲ ဆိုပါတယ်။


မြန်မာ - ထိုင်းနှစ်နိုင်ငံကုန်သွယ်မှုစာရင်းများအရ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်မှာ အမေရိကန်ဒေါ်လာ (၆၅.၃၇)ဘီလီယံရှိတယ်လို့သိရပြီး ယခင်နှစ် ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်မှာ အမေရိကန်ဒေါ်လာ (၁၀၁)ဘီလီယံကျော်ရှိခဲ့တယ်လို့ နယ်စပ်ကုန်သွယ်ရေးစခန်းရဲ့ စာရင်းဇယားတွေအရသိရပါတယ်။

ရိုက်ကူး။ ဇောင်းညီ၊ တည်းဖြတ်။ ကိုဇက်၊ တင်ဆက်၊ ကိုဇောင်း

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  


~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~


Viewing all articles
Browse latest Browse all 18345

Trending Articles