Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all articles
Browse latest Browse all 18345

တာခ်ီလိတ္ ေက်ာင္းအပ္ႏွံေရး အခမ္းအနားတြင္ ေက်ာင္းသံုးပစၥည္းမ်ား ေပးအပ္

$
0
0
တာခ်ီလိတ္၊ ေမလ(၂၉)
ရွမ္းျပည္နယ္အေရွ႕ပိုင္းေဒသ၊ တာခ်ီလိတ္ခရိုင္၊ တာခ်ီလိတ္ၿမိဳ႕တြင္ ၂၀၁၆ - ၂၀၁၇ ပညာသင္ႏွစ္ ေက်ာင္းအပ္ႏွံေရးေန႔ အခမ္းအနားအား ယေန႔ ေမလ(၂၉)ရက္ နံနက္ပိုင္းက အေျခခံပညာ အထက္တန္းေက်ာင္း (ဆန္ဆိုင္း)ရွိ နဂါးနီခန္းမတြင္ က်င္းပျပဳလုပ္ၿပီး ပညာေရး၀န္ႀကီးဌာန၊ အေျခခံပညာ ဦးစီးဌာနမွ အခမဲ့ေပးအပ္လာေသာ ေက်ာင္းသံုးပစၥည္းမ်ားကို သက္ဆိုင္ရာ ေက်ာင္းအုပ္ႀကီးမ်ားအား တာ၀န္ရွိသူမ်ားက တဆင့္ျပန္လည္ေပးအပ္ေၾကာင္း သိရသည္။

အခမ္းအနားတြင္ တာခ်ီလိတ္ၿမိဳ႕နယ္ပညာေရးမွဴး ေဒၚမာမာဦးမွ ေက်ာင္းအပ္ႏွံေရးႏွင့္ ပတ္သက္၍ ရွင္းလင္း ေျပာၾကားရာတြင္ ေက်ာင္းအပ္ႏွံရာမွာ အခမဲ့ျဖစ္သည့္အတြက္ ေငြေၾကးေကာက္ခံျခင္း မရွိေသာ္လည္း ေက်ာင္းသားမိဘမ်ားမွ ေက်ာင္းဖြံ႔ၿဖဳိးတိုးတက္ေရးအတြက္ လွဴဒါန္းလာပါက လက္ခံေပးသြားမွာ ျဖစ္ေၾကာင္း ႏွင့္ ပြင့္လင္းျမင္သာလာသည္ႏွင့္အညီ ေက်ာင္းမ်ားရွိ မုန္႔ဆိုင္မ်ားမွ လစဥ္ ရရွိေသာ ဆိုင္ခန္းခမ်ားကိုလည္း ပြင့္လင္းျမင္သာစြာ ခ်ျပသြားမွာ ျဖစ္ေၾကာင္းအျပင္ ပညာေရးႏွင့္ ပတ္သက္၍ ရွင္းလင္းေျပာၾကားသြားေၾကာင္း သိရသည္။

ဆက္လက္၍ စစ္ဗ်ဴဟာအဖြဲ႔(အေျခခ်) တခ်ီလိတ္၊ စစ္ဗ်ဴဟာမွဴး ဗိုလ္မွဴးႀကီး ေက်ာ္ကိုထိုက္၊ တာခ်ီလိတ္ခရိုင္အုပ္ခ်ဳပ္ေရးမွဴး ဦးတင္၀င္းေရႊ ႏွင့္ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးထြန္း၀င္းေအာင္တို႔မွ အေျခခံပညာ ဦးစီးဌာနမွ အခမဲ့ေပးအပ္လာေသာ ေက်ာင္းသံုးပစၥည္းမ်ားအား ေက်ာင္းအုပ္ႀကီးမ်ားထံ တဆင့္ေပးအပ္ခဲ့ၾကသည္။

ယင္းအခမ္းအနားသို႔ ခရိုင္/ၿမိဳ႕နယ္အဆင့္ ဌာနဆိုင္ရာမ်ား လူမႈေရးအသင္းအဖဲြ႔မ်ား၊ ေက်ာင္းအသီးသီးရွိ ေက်ာင္းအုပ္ႀကီးမ်ားႏွင့္ ဆရာ/မမ်ား တက္ေရာက္လာခဲ့ရာ အထက(ဆန္ဆိုင္း) အထက(ေဟာင္လိတ္)မွ ေက်ာင္းသား၊ ေက်ာင္းသူမ်ားက ဇာတိမာန္၊ ျပည္ျမန္မာစသည့္ သီခ်င္းမ်ားျဖင့္ သီဆိုေဖ်ာ္ေျဖခဲ့ေၾကာင္း သိရွိရသည္။

ဓာတ္ပံု။  ။ ေဇာင္းညီ
..............

တာချီလိတ်၊ မေလ(၂၉)
ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသ၊ တာချီလိတ်ခရိုင်၊ တာချီလိတ်မြို့တွင် ၂၀၁၆ - ၂၀၁၇ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားအား ယနေ့ မေလ(၂၉)ရက် နံနက်ပိုင်းက အခြေခံပညာ အထက်တန်းကျောင်း (ဆန်ဆိုင်း)ရှိ နဂါးနီခန်းမတွင် ကျင်းပပြုလုပ်ပြီး ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာ ဦးစီးဌာနမှ အခမဲ့ပေးအပ်လာသော ကျောင်းသုံးပစ္စည်းများကို သက်ဆိုင်ရာ ကျောင်းအုပ်ကြီးများအား တာဝန်ရှိသူများက တဆင့်ပြန်လည်ပေးအပ်ကြောင်း သိရသည်။

အခမ်းအနားတွင် တာချီလိတ်မြို့နယ်ပညာရေးမှူး ဒေါ်မာမာဦးမှ ကျောင်းအပ်နှံရေးနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားရာတွင် ကျောင်းအပ်နှံရာမှာ အခမဲ့ဖြစ်သည့်အတွက် ငွေကြေးကောက်ခံခြင်း မရှိသော်လည်း ကျောင်းသားမိဘများမှ ကျောင်းဖွံ့ဖြိုးတိုးတက်ရေးအတွက် လှူဒါန်းလာပါက လက်ခံပေးသွားမှာ ဖြစ်ကြောင်း နှင့် ပွင့်လင်းမြင်သာလာသည်နှင့်အညီ ကျောင်းများရှိ မုန့်ဆိုင်များမှ လစဉ် ရရှိသော ဆိုင်ခန်းခများကိုလည်း ပွင့်လင်းမြင်သာစွာ ချပြသွားမှာ ဖြစ်ကြောင်းအပြင် ပညာရေးနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသွားကြောင်း သိရသည်။

ဆက်လက်၍ စစ်ဗျူဟာအဖွဲ့(အခြေချ) တချီလိတ်၊ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ကျော်ကိုထိုက်၊ တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေ နှင့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းဝင်းအောင်တို့မှ အခြေခံပညာ ဦးစီးဌာနမှ အခမဲ့ပေးအပ်လာသော ကျောင်းသုံးပစ္စည်းများအား ကျောင်းအုပ်ကြီးများထံ တဆင့်ပေးအပ်ခဲ့ကြသည်။

ယင်းအခမ်းအနားသို့ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ လူမှုရေးအသင်းအဖွဲ့များ၊ ကျောင်းအသီးသီးရှိ ကျောင်းအုပ်ကြီးများနှင့် ဆရာ/မများ တက်ရောက်လာခဲ့ရာ အထက(ဆန်ဆိုင်း) အထက(ဟောင်လိတ်)မှ ကျောင်းသား၊ ကျောင်းသူများက ဇာတိမာန်၊ ပြည်မြန်မာစသည့် သီချင်းများဖြင့် သီဆိုဖျော်ဖြေခဲ့ကြောင်း သိရှိရသည်။

ဓာတ်ပုံ။ ဇောင်းညီ










 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  

Viewing all articles
Browse latest Browse all 18345

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>