Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all articles
Browse latest Browse all 18345

ရွမ္းျပည္နယ္အတြင္း BOT စနစ္ကို ျပည္နယ္တြင္း လုပ္ကိုင္ခြင့္ျပဳေတာ့မည္ မဟုတ္

$
0
0

တာခ်ီလိတ္၊ ေမလ (၂၇) ရက္
ရွမ္းျပည္နယ္အစိုးရသစ္အေနျဖင့္ ျပည္နယ္အတြင္း B.O.T စနစ္ျဖင့္ လုပ္ကိုင္ခြင့္ျပဳေတာ့မည္ မဟုတ္ေၾကာင္း စီမံကိန္းႏွင့္စီးပြားေရး၀န္ႀကီးဌာန၊ ျပည္နယ္၀န္ႀကီး ဦးစိုးညႊန္႔လြင္က ေျပာသည္။

“B.O.T စနစ္ကိုဖ်က္သိမ္းဖို႔လည္း ေတာင္းဆိုသြားမွာပါ။ ေနာက္မေပးေတာ့ဘူး။ ႏွစ္ (၅၀) (၆၀)ေပးၿပီး လူေတြက ေသေတာင္ပဲ ေသေနၿပီ။ သူတို႔လုပ္ကိုင္စားရမယ္ဆိုေတာ့ ဒါမျဖစ္သင့္တဲ့ အလုပ္လို႔ ကၽြန္ေတာ္တို႔ကျမင္တယ္။ ရွမ္းျပည္နယ္အစိုးရ သေဘာထားေတာ့ ပြင့္ပြင့္လင္းလင္းပဲ။ BOT စနစ္ကို ေနာက္ထပ္ မေပးေတာ့ဘူး။ ရွိၿပီးသားဟာေတြကို ဗဟိုအစိုးရအေနျဖစ္တဲ့ ျပည္ေထာင္စုအစိုးရအေနနဲ႔ ဘယ္လိုဆက္လက္ကိုင္တြယ္မလဲဆိုတာ ေစာင့္ၾကည့္မယ္ အၾကံလည္းေပးသြားမွာပါ။”ဟု စီမံကိန္းႏွင့္စီးပြားေရး၀န္ႀကီးဌာန ျပည္နယ္၀န္ႀကီး ဦးစိုးညႊန္႔လြင္က ေျပာသည္။

စီမံကိန္းမ်ားအား တည္ေဆာက္၊ လည္ပတ္၊ လႊဲေျပာင္း (B.O.T)စနစ္ျဖင့္ ခြင့္ျပဳျခင္းကို ကာလတို လုပ္ကိုင္ခြင့္ ျပဳျခင္းျဖင့္ အစားထိုးသြားမည္ဟု ျပည္နယ္ဝန္ႀကီးက ဆိုသည္။

“B.O.T စနစ္ဆိုတာ တည္ေဆာက္ရမယ္။ ျပဳျပင္ထိန္းသိမ္းရမယ္။ ျပန္လည္အပ္ႏွင္းရမယ္။ ႏွစ္ (၂၀)ဆို ႏွစ္(၂၀)ေပါ့။ ဒါေပမဲ့ အဲဒီလိုစနစ္ကို မၾကိဳက္ဘူး။ ဥပမာ- ဟိုတယ္တ စ္ခုကို ႏွစ္(၃၀)လုပ္ပိုင္ခြင့္ ေပးလိုက္ရင္ (၁၀)ႏွစ္ေလာက္ဆို ဖြတ္ဖြတ္ေၾကေနၿပီ။ သက္ဆိုင္ရာကိုျပန္လည္အပ္တဲ့အခါ အေဆာက္အဦက ပ်က္စီးေနၿပီ။ ဖ်က္သိမ္းလိုက္ရင္ေတာ့ ပိုေကာင္းတာေပါ့။”ဟု ေဒသခံ ဦးေအာင္ၿဖိဳးရွိန္က ေျပာသည္။

ရွမ္းျပည္နယ္အတြင္း စီမံကိန္းမ်ားအား B.O.T စနစ္ျဖင့္ေပးရာတြင္ ႏွစ္တိုစနစ္သို႔ ေျပာင္းလဲရန္ႏွင့္ တင္ဒါေခၚသည့္အခါတြင္လည္း တစ္ဦးတစ္ေယာက္ထက္ အစုဖြဲ႕ကို ဦးစားေပးသြားမည္ျဖစ္ေၾကာင္း ျပည္နယ္၀န္ႀကီး ဦးစိုးညႊန္႔လြင္ထံမွ သိရသည္။

သတင္း ။  ။ ကိုဇက္
...................

တာချီလိတ်၊ မေလ (၂၇) ရက်
ရှမ်းပြည်နယ်အစိုးရသစ်အနဖြေင့် ပြည်နယ်အတွင်း B.O.T စနစ်ဖြင့် လုပ်ကိုင်ခွင့်ပြုတော့မည် မဟုတ်ကြောင်း စီမံကိန်းနှင့်စီးပွားရေးဝန်ကြီးဌာန၊ ပြည်နယ်ဝန်ကြီး ဦးစိုးညွှန့်လွင်က ပြောသည်။

“B.O.T စနစ်ကိုဖျက်သိမ်းဖို့လည်း တောင်းဆိုသွားမှာပါ။ နောက်မပေးတော့ဘူး။ နှစ် (၅၀) (၆၀)ပေးပြီး လူတွေက သေတောင်ပဲ သေနပြေီ။ သူတို့လုပ်ကိုင်စားရမယ်ဆိုတော့ ဒါမဖြစ်သင့်တဲ့ အလုပ်လို့ ကျွန်တော်တို့ကမြင်တယ်။ ရှမ်းပြည်နယ်အစိုးရ သဘောထားတော့ ပွင့်ပွင့်လင်းလင်းပဲ။ BOT စနစ်ကို နောက်ထပ် မပေးတော့ဘူး။ ရှိပြီးသားဟာတွေကို ဗဟိုအစိုးရအနဖြေစ်တဲ့ ပြည်ထောင်စုအစိုးရအနေနဲ့ ဘယ်လိုဆက်လက်ကိုင်တွယ်မလဲဆိုတာ စောင့်ကြည့်မယ် အကြံလည်းပေးသွားမှာပါ။”ဟု စီမံကိန်းနှင့်စီးပွားရေးဝန်ကြီးဌာန ပြည်နယ်ဝန်ကြီး ဦးစိုးညွှန့်လွင်က ပြောသည်။

စီမံကိန်းများအား တည်ဆောက်၊ လည်ပတ်၊ လွှဲပြောင်း (B.O.T)စနစ်ဖြင့် ခွင့်ပြုခြင်းကို ကာလတို လုပ်ကိုင်ခွင့် ပြုခြင်းဖြင့် အစားထိုးသွားမည်ဟု ပြည်နယ်ဝန်ကြီးက ဆိုသည်။

“B.O.T စနစ်ဆိုတာ တည်ဆောက်ရမယ်။ ပြုပြင်ထိန်းသိမ်းရမယ်။ ပြန်လည်အပ်နှင်းရမယ်။ နှစ် (၂၀)ဆို နှစ်(၂၀)ပေါ့။ ဒါပေမဲ့ အဲဒီလိုစနစ်ကို မကြိုက်ဘူး။ ဥပမာ- ဟိုတယ်တ စ်ခုကို နှစ်(၃၀)လုပ်ပိုင်ခွင့် ပေးလိုက်ရင် (၁၀)နှစ်လောက်ဆို ဖွတ်ဖွတ်ကြေနပြေီ။ သက်ဆိုင်ရာကိုပြန်လည်အပ်တဲ့အခါ အဆောက်အဦက ပျက်စီးနပြေီ။ ဖျက်သိမ်းလိုက်ရင်တော့ ပိုကောင်းတာပေါ့။”ဟု ဒေသခံ ဦးအောင်ဖြိုးရှိန်က ပြောသည်။

ရှမ်းပြည်နယ်အတွင်း စီမံကိန်းများအား B.O.T စနစ်ဖြင့်ပေးရာတွင် နှစ်တိုစနစ်သို့ ပြောင်းလဲရန်နှင့် တင်ဒါခေါ်သည့်အခါတွင်လည်း တစ်ဦးတစ်ယောက်ထက် အစုဖွဲ့ကို ဦးစားပေးသွားမည်ဖြစ်ကြောင်း ပြည်နယ်ဝန်ကြီး ဦးစိုးညွှန့်လွင်ထံမှ သိရသည်။

သတင်း။ ကိုဇက်
 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~



Viewing all articles
Browse latest Browse all 18345

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>