Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all articles
Browse latest Browse all 18345

ေက်ာင္းအပ္ႏွံေရး ဒုတိယေန႔သည္ ရက္ရာဇာေန႔ျဖစ္၍ဟုဆိုကာ ေက်ာင္းအပ္ႏွံလူဦးေရ လဲခ်ား၌ မ်ားျပား

$
0
0





လဲခ်ား၊ ေမလ(၂၆)ရက္
ရွမ္းျပည္နယ္ေတာင္ပိုင္း၊ လဲခ်ားၿမိဳ႕နယ္အတြင္း ေမလ(၂၆)ရက္ေန႔အထိ ေက်ာင္းသားဦးေရ(၈၀၀)ေက်ာ္ ေက်ာင္းလာေရာက္အပ္ႏွံလွ်က္ရွိေၾကာင္း သိရသည္။

"မေန႔က ေက်ာင္းစအပ္တာ ေက်ာင္းသားဦးေရ(၈၀)ေက်ာ္ေလာက္ပဲရွိတယ္ ဒီေန႔ေတာ့ အေတာ္မ်ားလာတယ္၊ ေက်ာင္းသားမိဘေတြ ေျပာတာကေတာ့ ရက္ရာဇာျဖစ္လို႔ ပညာေရးေကာင္းတယ္ဆိုၿပီး လာအပ္ၾကတာတဲ့ လဲခ်ားမွာ အထက္တန္းေက်ာင္း(၁)ေက်ာင္းနဲ႔ အ.ထ.က ေက်ာင္းခြဲဆိုၿပီး (၂)ေက်ာင္းရွိပါတယ္၊ ႏွစ္ရက္ေပါင္းဆိုရင္ (၈၀၀)ေက်ာ္ေတာ့ရွိၿပီ"ဟု လဲခ်ားၿမိဳ႕ အေျခခံပညာအထက္တန္းေက်ာင္းမွ တာ၀န္ရွိသူတစ္ဦးက ေျပာသည္။

လဲခ်ားၿမိဳ႕ေပၚတြင္ အေျခခံပညာအထက္တန္းအဆင့္ သင္ၾကားေပးေနေသာ ေက်ာင္း(၂)ေက်ာင္းရွိၿပီး ေမ လ(၂၅)ရက္ေန႔တြင္ ေက်ာင္းလာေရာက္အပ္ႏွံသူ(၈၀)ဦးရွိကာ ေမ လ(၂၆)ရက္ေန႔တြင္ လာေရာက္အပ္ႏွံသူ ေက်ာင္းသား/ ေက်ာင္းသူ စုစုေပါင္း (၇၅၅)ဦးရွိေၾကာင္း ၎ထံမွသိရသည္။

"ဒီႏွစ္က KG တန္းပညာေရးစနစ္သစ္ စၿပီး သင္ၾကားေပးမွာဆိုေတာ့ မႏွစ္က ကေလးကို သူငယ္တန္းထားခဲ့ေပမယ့္ ဒီႏွစ္(၁)တန္းေပးတက္လိုက္ရင္ စနစ္ေဟာင္းနဲ႔ ပါသြားမွာစိုးလို႔ KG တန္းပဲျပန္ထားမွာပါ"ဟု ေက်ာင္းသားမိခင္ျဖစ္သူ မသန္းသန္း က ေျပာသည္။

လဲခ်ားၿမိဳ႕နယ္အတြင္း ေက်းရြာေပါင္း(၁၃၅)ရြာရွိၿပီး မူလတန္းေက်ာင္းေပါင္း(၆၀)၊ အလယ္တန္းေက်ာင္း(၅)ေက်ာင္းႏွင့္ အေျခခံပညာအထက္တန္းေက်ာင္း(၂)ေက်ာင္း၊ စုစုေပါင္း စာသင္ေက်ာင္း(၆၇)ေက်ာင္းရွိသည္ဟု လဲခ်ားၿမိဳ႕နယ္ ပညာေရးဦးစီးဌာနမွဴးရံုးမွသိရသည္။

သတင္း။ ။ ‪#‎ဟံႏိုင္‬
................

လဲချား၊ မေလ(၂၆)ရက်
ရှမ်းပြည်နယ်တောင်ပိုင်း၊ လဲချားမြို့နယ်အတွင်း မေလ(၂၆)ရက်နေ့အထိ ကျောင်းသားဦးရေ(၈၀၀)ကျော် ကျောင်းလာရောက်အပ်နှံလျှက်ရှိကြောင်း သိရသည်။

"မနေ့က ကျောင်းစအပ်တာ ကျောင်းသားဦးရေ(၈၀)ကျော်လောက်ပဲရှိတယ် ဒီနေ့တော့ အတော်များလာတယ်၊ ကျောင်းသားမိဘတွေ ပြောတာကတော့ ရက်ရာဇာဖြစ်လို့ ပညာရေးကောင်းတယ်ဆိုပြီး လာအပ်ကြတာတဲ့ လဲချားမှာ အထက်တန်းကျောင်း(၁)ကျောင်းနဲ့ အ.ထ.က ကျောင်းခွဲဆိုပြီး (၂)ကျောင်းရှိပါတယ်၊ နှစ်ရက်ပေါင်းဆိုရင် (၈၀၀)ကျော်တော့ရှိပြီ"ဟု လဲချားမြို့ အခြေခံပညာအထက်တန်းကျောင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

လဲချားမြို့ပေါ်တွင် အခြေခံပညာအထက်တန်းအဆင့် သင်ကြားပေးနေသော ကျောင်း(၂)ကျောင်းရှိပြီး မေ လ(၂၅)ရက်နေ့တွင် ကျောင်းလာရောက်အပ်နှံသူ(၈၀)ဦးရှိကာ မေ လ(၂၆)ရက်နေ့တွင် လာရောက်အပ်နှံသူ ကျောင်းသား/ ကျောင်းသူ စုစုပေါင်း (၇၅၅)ဦးရှိကြောင်း၎င်းထံမှသိရသည်။

"ဒီနှစ်က KG တန်းပညာရေးစနစ်သစ် စပြီး သင်ကြားပေးမှာဆိုတော့ မနှစ်က ကလေးကို သူငယ်တန်းထားခဲ့ပေမယ့် ဒီနှစ်(၁)တန်းပေးတက်လိုက်ရင် စနစ်ဟောင်းနဲ့ ပါသွားမှာစိုးလို့ KG တန်းပဲပြန်ထားမှာပါ"ဟု ကျောင်းသားမိခင်ဖြစ်သူ မသန်းသန်း က ပြောသည်။

လဲချားမြို့နယ်အတွင်း ကျေးရွာပေါင်း(၁၃၅)ရွာရှိပြီး မူလတန်းကျောင်းပေါင်း(၆၀)၊ အလယ်တန်းကျောင်း(၅)ကျောင်းနှင့် အခြေခံပညာအထက်တန်းကျောင်း(၂)ကျောင်း၊ စုစုပေါင်း စာသင်ကျောင်း(၆၇)ကျောင်းရှိသည်ဟု လဲချားမြို့နယ် ပညာရေးဦးစီးဌာနမှူးရုံးမှသိရသည်။

သတင်း။ ‪#‎ဟံနိုင်‬

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~



Viewing all articles
Browse latest Browse all 18345

Trending Articles


တာခ်ီလိတ္ၿမိဳ႕မွာ က်င္းပၿပီး ႏိုင္ငံေပါင္း ၁၉ႏိုင္ငံက လာေရာက္မည့္...


သင့္ ကိုယ္လံုးတီး ပံုမ်ား အြန္လိုင္းေပၚ မေရာက္ရေလေအာင္


Bern , Switzerland, ဆြန္ဇာလန္ ႏုိင္ငံ ၊ ဘန္းၿမိဳ႕ ရဲ႕ သာယာ လွပၿပီး ရႈ မညီးတဲ့...


ရဟန္းႏွင့္ ဘြဲ႔ဒီဂရီ


ငတုံး ပုံျပင္ကိုအဆုံးသတ္ေပးပါ


ျမန္မာေတြ ၾကည့္႐ႈ အဆင္ေျပမယ့္ ဇာတ္ကား ႐ိုက္ကူးတယ္ ဆုိသူ စံရတီမိုးျမင့္


(၁၅) မိနစ္ တရားထိုင္နည္း


ေဒြး တိမ္ေတြ ငိုတဲ့ခဏ ၊ ေဒြး ၊ နႏၵာလႈိင္ ၊ တင့္တင့္ထြန္း ၊ ေအာင္လြင္ ၊ ဆင္မ


ရွမ္းကုိးျပည္ တြင္ပါ၀င္ေသာ မုိးညွင္းျပည္ ႏွင့္ မုိးမိတ္ျပည္ ကို ဘုရင့္ေနာင္...


၆ႏွစ္ျပည့္ေရႊ၀ါေရာင္ေတာ္လွန္ေရးသုိ႕သမုိင္းအား လိမ္ညွာခဲ့ေသာ...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>