Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all articles
Browse latest Browse all 18345
တစ်လင်တစ်မယားစနစ် ဥပဒေဖြင့် ကျိုင်းတုံ၌ ပထမဆုံး အမှုဖွင့်
$
0
0
ကျိုင်းတုံ၊ မေလ (၂၆) ရက်
ရှမ်းပြည်နယ် (အရှေ့ပိုင်း)ကျိုင်းတုံမြို့တွင် တစ်လင်တစ်မယားစနစ် ကျင့်သုံးခြင်းဆိုင်ရာဥပဒေဖြင့် ပထမဆုံးအရေးယူရသည့် အမှုဖွင့်တိုင်တန်းမှု မေလ (၂၃) ရက်နေ့က ဖြစ်ပွားကြောင်း ကျိုင်းတုံမြို့မရဲစခန်းမှ သတင်းရရှိသည်။
သတင်း။  ။ ဇင်အောင်
...........
ကျိုင်းတုံ၊ မေလ (၂၆) ရက်
ရှမ်းပြည်နယ် (အရှေ့ပိုင်း)ကျိုင်းတုံမြို့တွင် တစ်လင်တစ်မယားစနစ် ကျင့်သုံးခြင်းဆိုင်ရာဥပဒဖြေင့် ပထမဆုံးအရေးယူရသည့် အမှုဖွင့်တိုင်တန်းမှု မေလ (၂၃) ရက်နေ့က ဖြစ်ပွားကြောင်း ကျိုင်းတုံမြို့မရဲစခန်းမှ သတင်းရရှိသည်။
"ကျိုင်းတုံမှုခင်းရာဇဝင်တစ်လျှောက်မှာ ဒီမှုခင်းမျိုးမရှိခဲ့သေးပါဘူး။ အရင်ကတည်းက တစ်ကြိမ်မှ အမှုဖွင့်အရေးယူမှု မဖြစ်ခဲ့ပါဘူး။ ခုဒါကတော့ ပထမဆုံးအကြိမ်လို့ ပြောလို့ရပါတယ် "ဟု ကျိုင်းတုံမြို့မရဲစခန်းမှ တာဝန်ကျရဲတစ်ဦးက ပြောသည်။
အဆိုပါအမှုမှာ ခင်ပွန်းဖြစ်သူက လွန်ခဲ့သည့် (၆) လခန့်မှ စတင်၍ တခြားအမျိုးသမီးနှင့် အိမ်ထောင်ရေးဖောက်ပြန် ပေါင်းသင်းနေထိုင်နေကြောင်း သိရှိရသဖြင့် ဇနီးဖြစ်သူက လာရောက်တိုင်တန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 
"အိမ်ထောင်သက်က ကြာခဲ့ပါပြီ။ ကျွန်မတို့မိသားစုအပေါ် လင်ဝတ္တရားနဲ့အညီ ပြုစုစောင့်ရှောက်မှု မရှိတဲ့အပြင် အမျိုးမျိုးစိတ်ဆင်းရဲအောင် နှိပ်စက်နပြေီး သားသမီးမျက်နှာကို မထောက်ကွက် သစ္စာမရှိဘဲ ဖောက်ပြန်နေတာကို ကျွန်မအနေနဲ့ သည်းမခံနိုင်လို့ ခုလို အမှုဖွင့်ရတာပါ "ဟု ကိုယ်တိုင် အမှုဖွင့်တိုင်တန်းသူ ဇနီးသည်က ပြောသည်။
လက်သမားလုပ်ငန်းလုပ်ကိုင်သည့် အဆိုပါအမျိုးသားနှင့် တရားဝင်လက်ထပ် ပေါင်းသင်းခဲ့သည်မှာ
လွန်ခဲ့သည့် (၁၇) နှစ်ကဖြစ်ပြီး သားသမီး (၄) ဦး ထွန်းကားခဲ့ကြောင်း၎င်းထံမှ သိရသည်။
အဆိုပါတိုင်ကြားမှုကြောင့် စိုးလေးဆိုသူအား ကျိုင်းတုံမြို့မရဲစခန်းမှ မေလ (၂၃) ရက်က (ပ) ၁၃၀ /၂၀၁၆၊ ၂၀၁၅ ခုနှစ် တစ်လင်တစ်မယားစနစ်ကျင့်သုံးခြင်းဆိုင်ရာဥပဒေပုဒ်မ ၁၃ ဖြင့် အမှုဖွင့်လှစ်အရေးယူ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။
သတင်း။ ဇင်အောင်
 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
Viewing all articles
Trending Articles
တာချီလိတ်မြို့မှာ ကျင်းပပြီး နိုင်ငံပေါင်း ၁၉နိုင်ငံက လာရောက်မည့်...
သင့် ကိုယ်လုံးတီး ပုံများ အွန်လိုင်းပေါ် မရောက်ရလေအောင်
Bern , Switzerland, ဆွန်ဇာလန် နိုင်ငံ ၊ ဘန်းမြို့ ရဲ့ သာယာ လှပပြီး ရှု မညီးတဲ့...
ရဟန်းနှင့် ဘွဲ့ဒီဂရီ
ငတုံး ပုံပြင်ကိုအဆုံးသတ်ပေးပါ
မြန်မာတွေ ကြည့်ရှု အဆင်ပြေမယ့် ဇာတ်ကား ရိုက်ကူးတယ် ဆိုသူ စံရတီမိုးမြင့်
(၁၅) မိနစ် တရားထိုင်နည်း
ဒွေး တိမ်တွေ ငိုတဲ့ခဏ ၊ ဒွေး ၊ နန္ဒာလှိုင် ၊ တင့်တင့်ထွန်း ၊ အောင်လွင် ၊ ဆင်မ
ရှမ်းကိုးပြည် တွင်ပါဝင်သော မိုးညှင်းပြည် နှင့် မိုးမိတ်ပြည် ကို ဘုရင့်နောင်...
၆နှစ်ပြည့်ရွှေဝါရောင်တော်လှန်ရေးသို့သမိုင်းအား လိမ်ညှာခဲ့သော...
<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>