Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all articles
Browse latest Browse all 18345

အစားအေသာက္၊ ေဆး၀ါးႏွင့္ အလွကုန္ပစၥည္း ေဘးအႏၱရာယ္ကင္းရွင္းေရး ရက္(၁၀၀)စီမံခ်က္ အသိပညာေပး

$
0
0





တာခ်ီလိတ္၊ ေမလ(၁၉)
ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ တာခ်ီလိတ္ၿမိဳ႕နယ္တြင္ အစားအေသာက္ ေဆး၀ါးႏွင့္ အလွကုန္ပစၥည္း ေဘးအႏၱရာယ္ကင္းရွင္းရန္ ေဒသတြင္းရွိ ေဆးဆိုင္လုပ္ငန္းရွင္းမ်ားအား  ယေန႔ ေမလ (၁၉)ရက္ေန႔ နံနက္ပိုင္းက တာခ်ီလိတ္ျပည္သူ႔ေဆးရုံတြင္ က်န္းမာေရးဦးစီးဌာနမွ အသိပညာေပး ေဟာေျပာခဲ့ေၾကာင္း သိရသည္။

Food and Drug Administration(FDA) အေနျဖင့္ ေဆး၀ါးစစ္ေဆးမႈႏွင့္ ပတ္သက္ၿပီး ရက္(၁၀၀)စီမံခ်က္အတြင္းမွာ ပိုမိုေဆာင္ရြက္သြားမွာျဖစ္ၿပီး၊ ဦးစြာ ေဆးဆိုင္ပိုင္ရွင္မ်ားအား ေဆး၀ါးေရာင္းခ်ျခင္းႏွင့္ ပတ္သက္ၿပီး အသိပညာေပး ေဆြးေႏြးပြဲအျဖစ္ျပဳလုပ္ေပးသြားၿပီး ေျမျပင္ကြင္းဆင္းစစ္ေဆးမႈမ်ားကို ေဆာင္ရြက္သြားမွာ ျဖစ္ေၾကာင္း သိရသည္။

“ရက္ (၁၀၀)စီမံခ်က္ကုိ FDA ဌာနအေနနဲ႔ ေဒသအတြင္း ေဆးဆိုင္ေတြမွာ ရက္လြန္ေဆး၀ါးေတြ ၊ စံႏႈန္းမမွီတဲ့ေဆး၀ါးေတြ ၊ တရားမ၀င္ေဆး၀ါးေတြ နဲ႔ ထိန္းခ်ဳပ္ေဆး၀ါးေတြကို မေရာင္းခ်ရန္ အသိပညာေပး ေဆြးေႏြးပြဲေတြ ျပဳလုပ္သြားၿပီး လက္ေတြ႕ကြင္းစစ္ေဆးသြားမွာျဖစ္ပါတယ္။ ေနာက္ၿပီး ေရသန္႔ လုပ္ငန္းရွင္မ်ားကိုလည္း မွန္မွန္ကန္ကန္ ထုတ္လုပ္ႏိုင္ေရးအတြက္လည္း အသိပညာေပး ေဟာေျပာသြားမွာပါ။”ဟု တာခ်ီလိတ္ခရိုင္ ျပည္သူ႔ေဆးရုံအုပ္ ေဒါက္တာ ဇင္ကိုကိုေအာင္က ေျပာသည္။

တာခ်ီလိတ္ၿမိဳ႕အတြင္း တဖက္ႏိုင္ငံမွ ေဆး၀ါးမ်ား ေရာက္ရွိေနေသာ္လည္း ႏွစ္ႏိုင္ငံတရား၀င္ အ၀င္အထြက္ စာရင္းမရွိျခင္းေၾကာင့္ ခ်စ္ၾကည္ေရးတံတား(၁)ေပၚတြင္ တရားမ၀င္ တင္သြင္းေနသည့္ ေဆး၀ါးမ်ားကို ေဒသဆိုင္ရာ အာဏာပိုင္အဖြဲ႕အစည္းမ်ား ၊ နယ္စပ္ကုန္သြယ္ေရးဦးစီးဌာန ႏွင့္ အေကာက္ခြန္ဦးစီးဌာနမ်ားႏွင့္ ပူေပါင္းၿပီး စီမံခ်က္ေရးဆြဲကာ တားဆီးေဆာင္ရြက္ရန္ရွိေၾကာင္း တာခ်ီလိတ္ၿမိဳ႕နယ္အစားအေသာက္ ႏွင့္ ေဆး၀ါး ကြပ္ကဲေရးဦးစီးဌာနမွ ဦးစီးအရာရွိ ဦးေအာင္တိုးထံမွ သိရသည္။

တာခ်ီလိတ္ျပည္သူ႔ေဆးရံု၌ ျပဳလုပ္သည့္ အစားအေသာက္ ေဆး၀ါးႏွင့္ အလွကုန္ပစၥည္း ေဘးအႏၱရာယ္ကင္းရွင္းေရး အသိပညာေပး ေဟာေျပာပြဲသို႔ က်န္းမာေရးဦးစီးဌာနမွ တာ၀န္ရွိသူမ်ား ႏွင့္ ေဆး၀ါးဆိုင္ရာ ဆိုင္ရွင္မ်ား၊ တာ၀န္ရွိသူမ်ား တက္ေရာက္ခဲ့ၾကသည္။

သတင္း/ဓာတ္ပံု ။  ။ #ေဇာင္းညီ
.................

တာချီလိတ်၊ မေလ(၁၉)
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်တွင် အစားအသောက် ဆေးဝါးနှင့် အလှကုန်ပစ္စည်း ဘေးအန္တရာယ်ကင်းရှင်းရန် ဒေသတွင်းရှိ ဆေးဆိုင်လုပ်ငန်းရှင်းများအား ယနေ့ မေလ (၁၉)ရက်နေ့ နံနက်ပိုင်းက တာချီလိတ်ပြည်သူ့ဆေးရုံတွင် ကျန်းမာရေးဦးစီးဌာနမှ အသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။

Food and Drug Administration(FDA) အနဖြေင့် ဆေးဝါးစစ်ဆေးမှုနှင့် ပတ်သက်ပြီး ရက်(၁၀၀)စီမံချက်အတွင်းမှာ ပိုမိုဆောင်ရွက်သွားမှာဖြစ်ပြီး၊ ဦးစွာ ဆေးဆိုင်ပိုင်ရှင်များအား ဆေးဝါးရောင်းချခြင်းနှင့် ပတ်သက်ပြီး အသိပညာပေး ဆွေးနွေးပွဲအဖြစ်ပြုလုပ်ပေးသွားပြီး မြပြေင်ကွင်းဆင်းစစ်ဆေးမှုများကို ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း သိရသည်။

“ရက် (၁၀၀)စီမံချက်ကို FDA ဌာနအနေနဲ့ ဒေသအတွင်း ဆေးဆိုင်တွေမှာ ရက်လွန်ဆေးဝါးတွေ၊ စံနှုန်းမမှီတဲ့ဆေးဝါးတွေ၊ တရားမဝင်ဆေးဝါးတွေ နဲ့ ထိန်းချုပ်ဆေးဝါးတွေကို မရောင်းချရန် အသိပညာပေး ဆွေးနွေးပွဲတွေ ပြုလုပ်သွားပြီး လက်တွေ့ကွင်းစစ်ဆေးသွားမှာဖြစ်ပါတယ်။ နောက်ပြီး ရေသန့် လုပ်ငန်းရှင်များကိုလည်း မှန်မှန်ကန်ကန် ထုတ်လုပ်နိုင်ရေးအတွက်လည်း အသိပညာပေး ဟောပြောသွားမှာပါ။”ဟု တာချီလိတ်ခရိုင် ပြည်သူ့ဆေးရုံအုပ် ဒေါက်တာ ဇင်ကိုကိုအောင်က ပြောသည်။

တာချီလိတ်မြို့အတွင်း တဖက်နိုင်ငံမှ ဆေးဝါးများ ရောက်ရှိနေသော်လည်း နှစ်နိုင်ငံတရားဝင် အဝင်အထွက် စာရင်းမရှိခြင်းကြောင့် ချစ်ကြည်ရေးတံတား(၁)ပေါ်တွင် တရားမဝင် တင်သွင်းနေသည့် ဆေးဝါးများကို ဒေသဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းများ၊ နယ်စပ်ကုန်သွယ်ရေးဦးစီးဌာန နှင့် အကောက်ခွန်ဦးစီးဌာနများနှင့် ပူပေါင်းပြီး စီမံချက်ရေးဆွဲကာ တားဆီးဆောင်ရွက်ရန်ရှိကြောင်း တာချီလိတ်မြို့နယ်အစားအသောက် နှင့် ဆေးဝါး ကွပ်ကဲရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအောင်တိုးထံမှ သိရသည်။

တာချီလိတ်ပြည်သူ့ဆေးရုံ၌ ပြုလုပ်သည့် အစားအသောက် ဆေးဝါးနှင့် အလှကုန်ပစ္စည်း ဘေးအန္တရာယ်ကင်းရှင်းရေး အသိပညာပေး ဟောပြောပွဲသို့ ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများ နှင့် ဆေးဝါးဆိုင်ရာ ဆိုင်ရှင်များ၊ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

သတင်း/ဓာတ်ပုံ။ #ဇောင်းညီ

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  


~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~


Viewing all articles
Browse latest Browse all 18345

Trending Articles