Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all articles
Browse latest Browse all 18345

ေက်ာက္မဲကားဂိတ္မွ မသကၤာဖြယ္အထုပ္အား ဗံုးဟု သံသယျဖစ္ကာ ေဒသခံမ်ား ထိတ္လန္႔ခဲ့

$
0
0




ေက်ာက္မဲ၊ ေမလ(၁၂)
ရွမ္းျပည္နယ္ ေျမာက္ပိုင္း ေက်ာက္မဲၿမိဳ႕ရွိ ႀကံ႕ခိုင္ေရးကားကြင္း အနီးတြင္ ယေန႔ ေမလ(၁၂)ရက္ေန႔ ညေန(၃)နာရီေက်ာ္က ေဒသခံမ်ားမွ ခ်ိန္ကိုက္မိုင္းဟု ယူဆထားၾကသည့္ မသကၤာဖြယ္ ခရီးေဆာင္ အိတ္တစ္လံုးကို ေတြ႕ရသည့္အတြက္ ေဒသခံမ်ားမွ ထိတ္လန္႔ေစခဲ့ေၾကာင္း သိရသည္။

ခ်ိန္ကိုက္မိုင္းထည့္ထားသည္ဟု ယူဆသည့္ ခရီးေဆာင္အိတ္အား ေတြ႕ရွိသည္ဟု သတင္းမ်ား ထြက္ေပၚလာသျဖင့္ ေက်ာက္မဲၿမိဳ႕ရဲတပ္ဖြဲ႕၀င္မ်ားက အဆိုပါလမ္းအား လူမ်ား၀င္ေရာက္မႈမရွိရန္ ပိတ္ဆိုခဲ့ၿပီး မသကၤာဖြယ္ အထုပ္အား စစ္ေဆးမႈမ်ားျပဳလုပ္ခဲ့ၿပီးေနာက္ နယ္ေျမခံ အင္ဂ်င္နီယာတပ္ရင္းမွ လာေရာက္ရွင္းလင္းခဲ့ျခင္းျဖစ္ေၾကာင္း ေက်ာက္မဲၿမိဳ႕ စစ္ေဘးေရွာင္ဒုကၡသည္မ်ားအား ကူညီေနသူ ကိုသားေဇာ္က ထံမွ သိရသည္။

 "အထဲမွာ ဘာမွမပါ ပါဘူး ရိုးရိုးခရီးေဆာင္အိတ္ပဲလို႔ တာ၀န္ရွိသူေတြကေတာ့ေျပာတယ္။  ၿမိဳ႕ခံေတြကေတာ့ နည္းနည္းလွဳပ္လွဳပ္ရွားရွားျဖစ္သြားတာေပါ့"ဟု ေက်ာက္မဲၿမိဳ႕ ေဒသခံတစ္ဦးက ေျပာသည္။

မသၤကာဖြယ္ ခရီးေဆာင္အိတ္အတြင္း ခ်ိန္ကိုက္ဗံုးထည့္သြင္းထားသည္ဟူေသာ သတင္းႏွင့္ပတ္သက္၍ ေက်ာက္မဲခရိုင္ရဲတပ္ဖြဲ႕မွဴးရံုးအား ဆက္သြယ္ေမးျမန္းခဲ့ရာ ေၾကးနန္းသတင္းေရာက္ရွိလာျခင္း မရွိေသးသည့္အတြက္ သိရွိျခင္း မရွိေသးေၾကာင္းသာျပန္လည္ေျဖဆိုခဲ့သည္။

ေက်ာက္မဲၿမိဳ႕နယ္အတြင္း တိုင္းရင္းသားလက္နက္ကို္င္အဖြဲ႕မ်ားျဖစ္သည့္ TNLA ႏွင့္ RCSS/SSAတို႔အၾကား ဧၿပီလကုန္ပိုင္းမွစတင္၍ တိုက္ပြဲမ်ား ဆက္တိုက္ျဖစ္ပြားေနသျဖင့္ စစ္ေဘးသင့္ေက်းရြာမ်ားမွ စစ္ေဘးေရွာင္ (၁၀၀၀)ေက်ာ္လာေရာက္ ခိုလွံဳလွ်က္ရွိေၾကာင္း သိရသည္။

သတင္း။  ။ ကိုဇက္
ဓာတ္ပံု။  ။ ေက်ာက္မဲ သတင္းစံု
.....................
ကျောက်မဲ၊ မေလ(၁၂)
ရှမ်းပြည်နယ် မြောက်ပိုင်း ကျောက်မဲမြို့ရှိ ကြံ့ခိုင်ရေးကားကွင်း အနီးတွင် ယနေ့ မေလ(၁၂)ရက်နေ့ ညနေ(၃)နာရီကျော်က ဒေသခံများမှ ချိန်ကိုက်မိုင်းဟု ယူဆထားကြသည့် မသင်္ကာဖွယ် ခရီးဆောင် အိတ်တစ်လုံးကို တွေ့ရသည့်အတွက် ဒေသခံများမှ ထိတ်လန့်စေခဲ့ကြောင်း သိရသည်။

ချိန်ကိုက်မိုင်းထည့်ထားသည်ဟု ယူဆသည့် ခရီးဆောင်အိတ်အား တွေ့ရှိသည်ဟု သတင်းများ ထွက်ပေါ်လာသဖြင့် ကျောက်မဲမြို့ရဲတပ်ဖွဲ့ဝင်များက အဆိုပါလမ်းအား လူများဝင်ရောက်မှုမရှိရန် ပိတ်ဆိုခဲ့ပြီး မသင်္ကာဖွယ် အထုပ်အား စစ်ဆေးမှုများပြုလုပ်ခဲ့ပြီးနောက် နယ်မြေခံ အင်ဂျင်နီယာတပ်ရင်းမှ လာရောက်ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း ကျောက်မဲမြို့ စစ်ဘေးရှောင်ဒုက္ခသည်များအား ကူညီနေသူ ကိုသားဇော်က ထံမှ သိရသည်။

 "အထဲမှာ ဘာမှမပါ ပါဘူး ရိုးရိုးခရီးဆောင်အိတ်ပဲလို့ တာဝန်ရှိသူတွေကတော့ပြောတယ်။ မြို့ခံတွေကတော့ နည်းနည်းလှုပ်လှုပ်ရှားရှားဖြစ်သွားတာပေါ့"ဟု ကျောက်မဲမြို့ ဒေသခံတစ်ဦးက ပြောသည်။

မင်္သကာဖွယ် ခရီးဆောင်အိတ်အတွင်း ချိန်ကိုက်ဗုံးထည့်သွင်းထားသည်ဟူသော သတင်းနှင့်ပတ်သက်၍ ကျောက်မဲခရိုင်ရဲတပ်ဖွဲ့မှူးရုံးအား ဆက်သွယ်မေးမြန်းခဲ့ရာ ကြေးနန်းသတင်းရောက်ရှိလာခြင်း မရှိသေးသည့်အတွက် သိရှိခြင်း မရှိသေးကြောင်းသာပြန်လည်ဖြေဆိုခဲ့သည်။

ကျောက်မဲမြို့နယ်အတွင်း တိုင်းရင်းသားလက်နက်ကို်င်အဖွဲ့များဖြစ်သည့် TNLA နှင့် RCSS/SSAတို့အကြား ဧပြီလကုန်ပိုင်းမှစတင်၍ တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေသဖြင့် စစ်ဘေးသင့်ကျေးရွာများမှ စစ်ဘေးရှောင် (၁၀၀၀)ကျော်လာရောက် ခိုလှုံလျှက်ရှိကြောင်း သိရသည်။

သတင်း။ ကိုဇက်
ဓာတ်ပုံ။ ကျောက်မဲ သတင်းစုံ
 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  


~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~


Viewing all articles
Browse latest Browse all 18345

Trending Articles


ဂ်ဴးပင္ စိုက္ပ်ိဳးနည္း


သင့္ ကိုယ္လံုးတီး ပံုမ်ား အြန္လိုင္းေပၚ မေရာက္ရေလေအာင္


Bern , Switzerland, ဆြန္ဇာလန္ ႏုိင္ငံ ၊ ဘန္းၿမိဳ႕ ရဲ႕ သာယာ လွပၿပီး ရႈ မညီးတဲ့...


ရဟန္းႏွင့္ ဘြဲ႔ဒီဂရီ


ရွမ္းကုိးျပည္ တြင္ပါ၀င္ေသာ မုိးညွင္းျပည္ ႏွင့္ မုိးမိတ္ျပည္ ကို ဘုရင့္ေနာင္...


ျမန္မာေတြ ၾကည့္႐ႈ အဆင္ေျပမယ့္ ဇာတ္ကား ႐ိုက္ကူးတယ္ ဆုိသူ စံရတီမိုးျမင့္


(၁၅) မိနစ္ တရားထိုင္နည္း


ေဒြး တိမ္ေတြ ငိုတဲ့ခဏ ၊ ေဒြး ၊ နႏၵာလႈိင္ ၊ တင့္တင့္ထြန္း ၊ ေအာင္လြင္ ၊ ဆင္မ


သာကူ⁠ၿပင္ ⁠ျပဳလုပ္နည္း


၆ႏွစ္ျပည့္ေရႊ၀ါေရာင္ေတာ္လွန္ေရးသုိ႕သမုိင္းအား လိမ္ညွာခဲ့ေသာ...